အာစီယံဒေသတွင်း

ပါတီပြောင်းပြီး ပရာရွတ် ရွေးကောက်ပွဲဝင်ဖို့ရှိနေ

မဲခေါင် 12 Nov - 2022
အခုလကုန်ပိုင်း အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး(APEC)အပြီးမှာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက မကြာသေးခင်ကမှတည်ထောင်ထားတဲ့ ရမ်ထိုင်းဆန်ချာ့တ်ပါတီ(RTSCP)ဆီ ပြောင်းလဲဖို့ရှိနေတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ ပါတီကူးပြောင်းဖို့ ပရာရွတ်ကို ဖိတ်ကြားထားပြီး “APEC အပြီးမှာ ဝန်ကြီးချုပ် ပါတီနဲ့ချိတ်ဆက်လာမယ်လို့ ယုံကြည်နေပါတယ်”ဆိုပြီး ပါတီသတင်းရင်းမြစ်တွေကပြောပါတယ်။ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ APEC အစည်းအဝေးကျင်းပဖို့ရှိနေတာပါ။ “တကယ်လို့ သူသာပါတီနဲ့လက်တွဲဖြစ်ခဲ့ရင် ဆန်းသစ်တဲ့အပြောင်းအလဲတခုအတွက် သူ့ကို နိုင်ငံရေးသမားတယောက်ကြန်အင်လက္ခဏာတွေအတွက် ပြန်ပုံသွင်းဖို့ အရေးတကြီးလိုအပ်လာပါလိမ့်မယ်။ သူ့ရဲ့စစ်တပ်နောက်ခံပုံရိပ်ဟာလည်း နိုင်ငံရေးသမားတယောက်အနေနဲ့ သူ့ရဲ့သိသာထင်ရှားတဲ့အခန်းကဏ္ဍကို နောက်ခံရှိနေပါလိမ့်မယ်။ သူသာပါတီပြောင်းလိုက်ရင် ပါတီရဲ့လူကြိုက်များမှုကလည်း မြင့်တက်လာမှာပါ ”လို့ ပါတီသတင်းရင်းမြစ်တွေကပြောပါတယ်။ RTSCP ကို ပရာရွတ်ရဲ့အကြံပေး ဒီမိုကရတ်အမတ်ဟောင်း ပီရာပန် ဆာလီရာသာဘီဘာကာက ဦးဆောင်နေပြီး ပြီးခဲ့တဲ့နှစ်အစောပိုင်းမှာတည်ထောင်ခဲ့တဲ့ပါတီကို ပရာရွတ်ရဲ့အကြံပေးဟောင်း

အခုလကုန်ပိုင်း အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး(APEC)အပြီးမှာ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက မကြာသေးခင်ကမှတည်ထောင်ထားတဲ့ ရမ်ထိုင်းဆန်ချာ့တ်ပါတီ(RTSCP)ဆီ ပြောင်းလဲဖို့ရှိနေတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

ပါတီကူးပြောင်းဖို့ ပရာရွတ်ကို ဖိတ်ကြားထားပြီး “APEC အပြီးမှာ ဝန်ကြီးချုပ် ပါတီနဲ့ချိတ်ဆက်လာမယ်လို့ ယုံကြည်နေပါတယ်”ဆိုပြီး ပါတီသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ APEC အစည်းအဝေးကျင်းပဖို့ရှိနေတာပါ။

“တကယ်လို့ သူသာပါတီနဲ့လက်တွဲဖြစ်ခဲ့ရင် ဆန်းသစ်တဲ့အပြောင်းအလဲတခုအတွက် သူ့ကို နိုင်ငံရေးသမားတယောက်ကြန်အင်လက္ခဏာတွေအတွက် ပြန်ပုံသွင်းဖို့ အရေးတကြီးလိုအပ်လာပါလိမ့်မယ်။ သူ့ရဲ့စစ်တပ်နောက်ခံပုံရိပ်ဟာလည်း နိုင်ငံရေးသမားတယောက်အနေနဲ့ သူ့ရဲ့သိသာထင်ရှားတဲ့အခန်းကဏ္ဍကို နောက်ခံရှိနေပါလိမ့်မယ်။ သူသာပါတီပြောင်းလိုက်ရင် ပါတီရဲ့လူကြိုက်များမှုကလည်း မြင့်တက်လာမှာပါ ”လို့ ပါတီသတင်းရင်းမြစ်တွေကပြောပါတယ်။

RTSCP ကို ပရာရွတ်ရဲ့အကြံပေး ဒီမိုကရတ်အမတ်ဟောင်း ပီရာပန် ဆာလီရာသာဘီဘာကာက ဦးဆောင်နေပြီး ပြီးခဲ့တဲ့နှစ်အစောပိုင်းမှာတည်ထောင်ခဲ့တဲ့ပါတီကို ပရာရွတ်ရဲ့အကြံပေးဟောင်း ဆက်ဆာကော အက်သဝေါင်က လာမယ့်အထွေထွေရွေးကောက်ပွဲအပြီးမှာ ဝန်ကြီးချုပ်အဖြစ်ပြန်အာဏာရနိုင်ဖို့ ပရာရွတ်က ဆန္ဒရှိရင် ထောက်ခံဖို့ တည်ထောင်ခဲ့တာပါ။

ပါတီပြောင်းလဲဖို့ ပရာရွတ်က ဆုံးဖြတ်ရင် ပါတီက ကြိုဆိုနေမယ်လို့ ပီရာပန်က အင်္ဂါနေ့မှာပြောပါတယ်။

ပါတီပြောင်းမယ်ဆိုရင် သူနဲ့ ပရာရွတ်ကြား အထူးတလည်ပြောစရာမရှိဘူးလို့ တနင်္လာနေ့မှာ အာဏာရ PPRP ပါတီခေါင်းဆောင်နဲ့ ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝမ်ဆူဝမ်က ပြောပါတယ်။

၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ PPRP က ပရာရွတ်ကို ပါတီပြင်ပကိုယ်စားပြုအနေနဲ့ ဝန်ကြီးချုပ်နေရာကိုပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး ပရာရွတ်ဟာ PPRP ပါတီဝင်တယောက်မဟုတ်ခဲ့ပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ
အာစီယံဒေသတွင်း

ဆန္ဒအလျှောက် လုပ်အားပေးစစ်မှုထမ်းဖို့ စာရင်းပေးသူ ၂၅၁၀၀ ရှိကြောင်း ထိုင်းထုတ်ပြန်

ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား
အာစီယံဒေသတွင်း

ထိုင်းဆုန်ကရန်ပွဲတော်ရက်အတွင်း လူ ၂၃၂ ဦးသေဆုံး၊ ဒဏ်ရာရသူ အများစု ခါးပတ်မပတ်သူတွေဖြစ် 

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ရက် ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၂၃၂ ဦးရှိခဲ့ကာ ဒဏ်ရာ ရရှိသူပေါင်း ၁၇,၇၇၅ ဦး ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန
အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 
ဒေသတွင်းသတင်း အာစီယံဒေသတွင်း

မီးခိုးမြူကပ်ဘေးတကယ့်တရားခံအစစ်က ဘယ်သူလဲ(ဘာသာပြန်)

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။ 
အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။