အာစီယံဒေသတွင်း

နိုင်ငံရေးကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်သာ အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ကမ်းလှမ်း

မဲခေါင် 2 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌနေရာ ရထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ဥက္ကဌ သက်တမ်းအတွင်း ပြုလုပ်တဲ့ ပထမဆုံး အစည်းအဝေးကို ဖော်ဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဂျာကာတာမှာကျင်းပသွားမှာဖြစ်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂

၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌနေရာ ရထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ဥက္ကဌ သက်တမ်းအတွင်း ပြုလုပ်တဲ့ ပထမဆုံး အစည်းအဝေးကို ဖော်ဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဂျာကာတာမှာကျင်းပသွားမှာဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့အတွက် မြန်မာဘက်က စစ်ကောင်စီကို နိုင်ငံရေးကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်သာ တက်ရောက်ဖို့ ဒီတကြိမ်မှာလည်း သတ်မှတ်ခဲ့ပါတယ်။

အာဆီယံဟာ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို အာဏာသိမ်းပြီးနောက် အစည်းအဝေးတက် ရောက်ခွင့်ပိတ်ခဲ့ပြီး နိုင်ငံရေးကိုယ်စားမပြုသူ တက်ရောက်ခွင့်ရှိတယ်ဆိုတဲ့ ဖိတ်ကြားမှုတွေကိုလည်း စစ်ကောင်စီဘက်က တစ်ကြိမ်မှ လက်မခံခဲ့ဘဲ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

၃၂ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပမယ့်အခြေအနေကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က ဂျာကာတာ National Resilience Institute မှာ ဖေဖော်ဝါရီ ၁ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံထဲမှာ ရှိနေသေးပြီး အစည်းအဝေးစားပွဲမှာ နေရာတစ်နေရာ စီစဥ်ပေးထားပါတယ်၊ ဖိတ်ကြားမှုမှာ နိုင်ငံရေးကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားခဲ့တာဖြစ်ပြီး ကျန်ခဲ့တဲ့ ၂ နှစ် လုံးမှာ မြန်မာဘက်က ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုက ပြောကြားခဲ့ပါတယ်။

MKF-001

#အာဆီယံအစည်းအဝေး

#အင်ဒိုနီးရှား

#စစ်ကောင်စီ

#Mekongnews

Ref: jakartaglobe

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အာစီယံဒေသတွင်း

တစ်လအတွင်း ဘတ်သန်း ၁၉၀ ကျော် ချစ်ဟန်ပြလိမ်လည်ကြလို့ ချစ်သူများနေ့မတိုင်ခင် ထိုင်းအစိုးရ သတိပေးချက်ထုတ်ပြန်

၂၀၂၃ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ချစ်ဟန်ပြပြီး လိမ်လည်မှုတိုင်ချက်ပေါင်း ၄၀၀ ကျော်ရှိခဲ့သလို ဘတ်သန်း ၁၉၀ အထိ လိမ်လည်မှုတွေဖြစ်ခဲ့လို့ ချစ်သူများနေ့မတိုင်ခင် အယုံမလွယ်ကြဖို့ ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာပဋိပက္ခ ဖြေရှင်းရေး ထိုင်းပိုကူညီသင့်ကြောင်း ပရာယွတ်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဆွေးနွေးမှုမှာ အိမ်ချင်းကပ်နိုင်ငံ ဖြစ်တဲ့အလျှောက် ထိုင်းနိုင်ငံဟာ မြန်မာ ပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ပါဝင်ကူညီပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ 
အာစီယံဒေသတွင်း

ဖိအားပေး၊ ကြေညာချက်ထုတ် ဒီပလိုမေစီနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ဘူးလို့ အင်ဒိုနီးရှားဆို

မဲခေါင်၊ ဇန်နဝါရီ ၃၁ မြန်မာ့ အကျပ်အတည်းပြဿနာကို အာဆီယံဥက္ကဋ္ဌ လုပ်ရတဲ့ တစ်နှစ်အတွင်း ဖြေရှင်းပေးသွားနိုင်ဖို့ မဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။
အာစီယံဒေသတွင်း

စစ်တပ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်လို့ ပင်တဂွန် ရှင်းလင်း

မဲခေါင်၊ ဇန်နဝါရီ ၃၁ အမေရိကန် - ထိုင်း ဦးဆောင်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှုက အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အာစီယံဒေသတွင်း

အခန်းခမပေးဘဲ တည်းမယ်ဆိုတာကို ငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို လာတည်းသူက သေနတ်နဲ့ပစ်

အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။