အာစီယံဒေသတွင်း

ထိုင်းရောက်မြန်မာအမျိးသမီးတဦး အဓမ္မအကျင့်ခံရပြီး မီးရှိ့အလောင်းဖျောက်ခံရ

မဲခေါင် 20 Nov - 2021
မြန်မာလုပ်ဖော်ကိုင်ဖက်တယောက်ကို အဓမ္မပြုကျင့်ပြီး ထိုအမျိုးသမီးအလောင်းကို မီးရှို့ခဲ့သည်ဟု ထိုင်းအမျိုးသားတယောက်က ဝန်ခံသည်။ ကာဘင်ဘူရီမြို့ရှိ ကုမ္ပဏီတခုတွင် လျှပ်စစ်ဝန်ထမ်းဖြစ်သော အသက် ၂၇ နှစ်ရှိ ဘွန်လိုင် ဘွာမန်ကို ကြာသပတေးနေ့ညပိုင်းက ဝတ်သာနာနာခွန်မြို့ရှိ ဆွေမျိုးတယောက်အိမ်တွင် ဖမ်းမိခဲ့သည်။ ကြာသပတေးနေ့က ရုပ်အလောင်းကို စိုက်ခင်းထဲတွင်တွေ့ပြီးနောက် ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။ ရဲစုံထောက်များ၊ မှုခင်းဆေးပညာအရာရှိများနှင့် ဆရာဝန်တယောက်က အခင်းဖြစ်ရာနေရာကိုစစ်ဆေးခဲ့ပြီး အလောင်းမီးရှိ့ရာတွင် သုံးသောကားတာယာ ၂ လုံးတွေ့ခဲ့ပြီးနောက်ပိုင်း ကျူးလွန်ခံရသူမှာအသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ကာဘင်ဘူရီရှိ အမျိးသမီး၏ အခန်းအနီးတွင်နေထိုင်ပြီး ကုမ္ပဏီတခုထဲတွင် အလုပ်လုပ်သော ဘွန်လိုင်းကို စုံစမ်းထောက်လှမ်းမှုများက ညွှန်ပြနေပြီး နိုဝင်ဘာ ၁၄ ရက်တွင် အမျိုးသမီးကို အဓမ္မခေါ်ဆောင်ခဲ့ကြောင်းယူဆခဲ့သည်။ စစ်ဆေးမေးမြန်းစဉ် ထိုအမျိုးသမီးကိုချစ်သောကြောင့်

မြန်မာလုပ်ဖော်ကိုင်ဖက်တယောက်ကို အဓမ္မပြုကျင့်ပြီး ထိုအမျိုးသမီးအလောင်းကို မီးရှို့ခဲ့သည်ဟု ထိုင်းအမျိုးသားတယောက်က ဝန်ခံသည်။

ကာဘင်ဘူရီမြို့ရှိ ကုမ္ပဏီတခုတွင် လျှပ်စစ်ဝန်ထမ်းဖြစ်သော အသက် ၂၇ နှစ်ရှိ ဘွန်လိုင် ဘွာမန်ကို ကြာသပတေးနေ့ညပိုင်းက ဝတ်သာနာနာခွန်မြို့ရှိ ဆွေမျိုးတယောက်အိမ်တွင် ဖမ်းမိခဲ့သည်။

ကြာသပတေးနေ့က ရုပ်အလောင်းကို စိုက်ခင်းထဲတွင်တွေ့ပြီးနောက် ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

ရဲစုံထောက်များ၊ မှုခင်းဆေးပညာအရာရှိများနှင့် ဆရာဝန်တယောက်က အခင်းဖြစ်ရာနေရာကိုစစ်ဆေးခဲ့ပြီး အလောင်းမီးရှိ့ရာတွင် သုံးသောကားတာယာ ၂ လုံးတွေ့ခဲ့ပြီးနောက်ပိုင်း ကျူးလွန်ခံရသူမှာအသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ကာဘင်ဘူရီရှိ အမျိးသမီး၏ အခန်းအနီးတွင်နေထိုင်ပြီး ကုမ္ပဏီတခုထဲတွင် အလုပ်လုပ်သော ဘွန်လိုင်းကို စုံစမ်းထောက်လှမ်းမှုများက ညွှန်ပြနေပြီး နိုဝင်ဘာ ၁၄ ရက်တွင် အမျိုးသမီးကို အဓမ္မခေါ်ဆောင်ခဲ့ကြောင်းယူဆခဲ့သည်။

စစ်ဆေးမေးမြန်းစဉ် ထိုအမျိုးသမီးကိုချစ်သောကြောင့် အဓမ္မခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဘွန်လိုင်ကဝန်ခံသည်။

အမျိုးသမီး၏အခန်းတွင် အတူနေရန်ကြိုးစားသော်လည်း ငြင်းဆိုသောကြောင့် ရိုက်နှက်ပြီး အနီးရှိ ဆီအုန်းစိုက်ခင်းအတွင်းဆွဲခေါ်ခဲ့ကြောင်း၊ ထိုစဉ် ရုတ်တရက်ခွေးဟောင်သံကြားပြီးနောက် အမျိုးသမီးနှင့်အတူထွက်ပြေးခဲ့ကြောင်း၊ အနီးရှိ ရေကန်တကန်အတွင်းခုန်ချခဲ့ပြီးမှ အမျိုးသမီး ရေမကူးတတ်ကြောင်းသိရကာ ရေနစ်သေဆုံးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကိုပြောသည်။

နောက်တနေ့တွင် ပုံမှန်အတိုင်းအလုပ်သွားခဲ့ပြီးနောက် အလောင်းကိုတွေ့ခဲ့သဖြင့် စိုက်ခင်းတခုထံကားမောင်းသွားပြီး ကားတာယာပေါ်အလောင်းတင်ကာမီးရှို့ခဲ့ကြောင်းနှင့် ထွက်ပြေးခဲ့ကြောင်းလည်း ဘွန်လိုင်ကပြောသည်။

ပြီးခဲ့သည့်ရက်များအတွင်း အမျိုးအိမ်တွင်ပုန်းနေစဉ် သေဆုံးသူ၏ဝိဉာဉ်က သူ့ကိုခြောက်လှန်နေကြောင်း၊ ထို့ကြောင့် မနက်အစောပိုင်းများတွင် ဘုန်းတော်ကြီးများထံ လှူဒါန်းမှုများလုပ်ခဲ့သော်လည်း ဆက်လက်ခြောက်လှန်နေသဖြင့် နောက်ဆုံးတွင် သေဆုံးသူ၏အမဖြစ်သူထံ ဖုန်းဆက်ပြီး ဝန်ခံခဲ့သည်ဟုလည်း စုံထောက်များကိုဝန်ခံသည်။

ဥပဒေအရ အမှုကို ဆက်လက်ကိုင်တွယ်နေကြောင်း ထိုင်းရဲများကပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ
အာစီယံဒေသတွင်း

ဆန္ဒအလျှောက် လုပ်အားပေးစစ်မှုထမ်းဖို့ စာရင်းပေးသူ ၂၅၁၀၀ ရှိကြောင်း ထိုင်းထုတ်ပြန်

ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား
အာစီယံဒေသတွင်း

ထိုင်းဆုန်ကရန်ပွဲတော်ရက်အတွင်း လူ ၂၃၂ ဦးသေဆုံး၊ ဒဏ်ရာရသူ အများစု ခါးပတ်မပတ်သူတွေဖြစ် 

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ရက် ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၂၃၂ ဦးရှိခဲ့ကာ ဒဏ်ရာ ရရှိသူပေါင်း ၁၇,၇၇၅ ဦး ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန
အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 
ဒေသတွင်းသတင်း အာစီယံဒေသတွင်း

မီးခိုးမြူကပ်ဘေးတကယ့်တရားခံအစစ်က ဘယ်သူလဲ(ဘာသာပြန်)

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။ 
အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။