အာစီယံဒေသတွင်း

ထိုင်းမှာ ကွန်ဒိုဝယ်ယူမှု စစ်ကောင်စီပိတ်ပင်လိုက်တာကြောင့် ဘတ် ဘီလီယံနဲ့ချီ နစ်နာကြောင်း ထိုင်း ကွန်ဒိုမီနီယံအစည်းအရုံး ထုတ်ပြန်

မဲခေါင် 10 Jun - 2024
မြန်မာစစ်ကောင်စီက ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်သူတွေကို ပိတ်ပင်ပြီးခြေမှုန်းအရေးယူမှုတွေ လုပ်ခဲ့လို့ ဘတ်ငွေဘီလီယံချီထိခိုက်ခဲ့ရကြောင်း ထိုင်းကွန်ဒိုမီနီယံအစည်းအရုံး က အတည်ပြုထုတ်ပြန်သွားပါတယ်။

မဲခေါင်၊ ဇွန် ၁၀

မြန်မာစစ်ကောင်စီက ထိုင်းမှာ ကွန်ဒိုတိုက်ခန်းဝယ်သူတွေကို ပိတ်ပင်ပြီးခြေမှုန်းအရေးယူမှုတွေ လုပ်ခဲ့လို့ ဘတ်ငွေဘီလီယံချီထိခိုက်ခဲ့ရကြောင်း ထိုင်းကွန်ဒိုမီနီယံအစည်းအရုံး က အတည်ပြုထုတ်ပြန်သွားပါတယ်။

မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးနောက် ထိုင်းမှာကွန်ဒိုဝယ်ယူမှုအများဆုံး မြင့်တက်လာတဲ့နိုင်ငံဖြစ်ပေမယ့် စစ်ကောင်စီဟာ ၂၀၂၄ ဧပြီနဲ့ မေလတွေအတွင်း ကွန်ဒိုဝယ်ယူတွေကို ခြေမှုန်းအရေးယူမှုတွေလုပ်ခဲ့လို့ ဘတ် ၁ ဘီလီယံကျော်အထိ ဆုံးရှုံးနစ်နာခဲ့ရကြောင်း ကွန်ဒိုမီနီယံအစည်းအရုံးဥက္ကဌ ပရာဆတ် တီဒူလာယာဆာတစ်က ဘန်ကောက်ပို့စ်မှာ ရှင်းလင်းပြောကြားသွားပါတယ်။

ထိုင်းကွန်ဒိုတိုက်ခန်းစျေးကွက်မှာ နိုင်ငံခြားသားတွေဆီ လွှဲပြောင်းရောင်းချမှုတွေထဲ ပုံမှန်အတိုင်း တရုတ်က ဝယ်ယူမှုအများဆုံးဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်ကစလို့ တရုတ်ဝယ်လက်ဟာ အနည်းငယ်လျော့ကျသွားပြီး မြန်မာနိုင်ငံက ကွန်ဒိုဝယ်ယူမှုရာခိုင်နှုန်းဟာ အမြင့်မားဆုံးဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ ကွန်ဒိုဝယ်ယူမှု ဟာ ၂၀၂၂ မတိုင်ခင်က ဝယ်ယူမှုအများဆုံး ၁၀ နိုင်ငံ အပြင်ဘက်မှာပဲရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ကွန်ဒိုခန်းပေါင်း ၃၄၉ ခန်းကို ငွေကြေးပမာဏ ဘတ် ၂ . ၅၅ ဘီလီယံသုံးပြီး ဝယ်ယူခဲ့လို့ အဆင့် (၅) အတွင်းဝင်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ကွန်ဒိုခန်းပေါင်း ၅၆၄ ခန်းကို ဘတ် ၃ . ၇ ဘီလီယံ နဲ့ ဝယ်ခဲ့လို့ အဆင့် (၄) နေရာရောက်လာပြီး ၂၀၂၄ ပထမ ၃ လပတ်စာရင်းအရ ကွန်ဒိုခန်းပေါင်း ၃၉၂ ခန်းကို ဘတ် ၂ . ၂ ဘီလီယံဖိုးအထိ ဝယ်ခဲ့လို့ အခန်းအရေ အတွက်ရော၊ ဝယ်ယူမှုတန်ကြေးမှာပါ တစ်နှစ်အတွင်း ရာနှုန်းအမြင့်တက်ဆုံးဖြစ်လာလို့ တရုတ်ပြီးရင် ရုရှားကိုကျော်ပြီး ဒုတိယ ကွန်ဒိုခန်းအများဆုံးဝယ်တဲ့ နိုင်ငံဖြစ်လာပါတယ်။

ဒါကြောင့် တရုတ်ဝယ်ယူနှုန်းဟာ အရင်က ၅၀ ရာခိုင်နှုန်းအောက်မကျခဲ့ဖူးပေမယ့် ၂၀၂၄ ခုနှစ်အတွင်း ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ပရာဆတ်က အတိအလင်း ထုတ်ပြန်ကြေညာသွားပါတယ်။

မြန်မာအများစုနေထိုင်ရာ ဂရိတ်တားဘန်ကောက်မှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှုအများဆုံးဖြစ်လာပြီး မနှစ်က ထက် ၁၀ ရာခိုင်နှုန်းမြင့်တက်လာသလို တန်ကြေးအားဖြင့် ဘတ် ၁၁. ၃ သန်းဖို့ ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ စရန်ချခြင်းနဲ့ ငွေပေးချေမှုမပြတ်ခင် မြန်မာစစ်ကောင်စီရဲ့ ကွန်ဒိုဝယ်ယူသူနိုင်ငံသားတွေကို ဖမ်းဆီး အရေးယူနေမှုကြောင့် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အရောင်းစာရင်းမှာတင် ဘတ် ၁ ဘီလီယံကျော် ထိခိုက်နစ် နာရပြီး အရောင်းအဝယ်မပြတ်ခြင်း၊ ငွေပေးချေမှု တစ်ဝက်တစ်ပျက်ဖြစ်ခြင်းတွေမှာ ပြန်လည်ဖြေရှင်းဖို့ ပြဿနာတွေလည်း ရှိနေကြောင်း အိမ်ခြံမြေကုမ္ပဏီ DNA Co, ညွှန်ကြားရေးမှူးချုပ် ဆူရာချက်ကောင်းချိ ကလည်း ရှင်းလင်းပြောကြားသွားပါတယ်။

Ref:Bangkokpost
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ ပိုင်ရှင်ရှိခွေးကိုပစ်သတ်ပြီး ငါးစာကျွေးတဲ့ မြန်မာနိုင်ငံသားကို ရဲဖမ်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲ့တင်ကစ်ချန့်နယ်က မယ်တမန်းရွာမှာ ဇွန် ၁၈ ရက်က ပိုင်ရှင်ရှိခွေး တစ်ကောင်ကို သေနတ်နဲ့ပစ်သတ်ပြီး ငါးစာကျွေးတဲ့ မြန်မာနိုင်ငံသား
အာစီယံဒေသတွင်း

တာ့ခ်ခရိုင်၊ ဖုပ်ဖမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင်၊ ဖုပ်ဖခရိုင်ခွဲမှာ ဇွန် ၁၇ ရက် ညပိုင်းက မြန်မာနိုင်ငံဘက်ကနေ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာ ၁၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

LGBTQIA သန်း ၂၀၀ ကျော်ကို လက်ထပ်ပေးပြီး အငြိမ်းစားဘ၀နဲ့ပါနေထိုင်နိုင်ရေး Pink Plus စီးပွားရေးစနစ်ကို ထိုင်းစတင်

ထိုင်းနိုင်ငံမှာ မကြာသေးခင်က လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက် ကမ္ဘာတစ်ဝန်းက မတူကွဲပြား LGBTQIA + အသိုင်းအဝိုင်းဝင် သန်း ၂၀၀ ကျော်ကို နိုင်ငံအတွင်း လာရောက်လက်ထပ်၊ သေတဖန် သက်တစ်ဆုံး နေထိုင်ခွင့်ပေးမယ့်အစီအစဉ်ကို ကနဦးအစပျိုးလိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ခိုလှုံခွင့်အတွက် ဘန်ကောက်က ကနေဒါသံရုံးကို အင်တာဗျူးဖို့သွားတဲ့ ဗီယက်နမ်တက်ကြွလှုပ်ရှားသူကို ထိုင်းရဲ ဖမ်းဆီး

ဗီယက်နမ် တပါတီအစိုးရက ဖမ်း၀ရမ်းထုတ်ထားပြီး ထိုင်းကိုဖမ်းဆီးဖို့နဲ့ ပြန်လွှဲပေးဖို့ တောင်းဆိုထားတဲ့ ဘာသာရေးတက်ကြွလှုပ်ရှားသူ ဝိုင်ကွိန့်ဘီဒပ်ဘ်ကို ဘန်ကောက် ကနေဒါသံရုံးနားမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး သွားခဲ့လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဗီယက်နမ်ပြန်မပို့ဖို့ တိုက်တွန်းတောင်းဆိုနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဖန်ဇူပြည်နယ်က တရုတ်တိရစ္ဆာန်ရုံမှာ ဝက်ဝံလေးကို အသားမကျွေးနိုင်လို့ ဆယ်စုနှစ်ချီပြီး ပေါင်မုန့်နဲ့အသီးအရွက်ပဲ ကျွေးထား

တရုတ်နိုင်ငံ ဖန်ဇူးပြည်နယ်က ဂျူးလောင်တန်ဆန်းနစ်ဧရိယာ တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲက ဝက်ဝံအမဲလေးဟာ တိရစ္ဆာန်ရုံပိုင်ရှင်က အသားမကျွေးနိုင်လို့ ဆယ်စုနှစ်ချီပြီး ပေါင်မုန့်နဲ့အသီးအရွက်တွေသာကျွေးထား ကြောင်း သွားရောက်လည်ပတ်သူတွေက သိရှိပြီးသနားခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

တရုတ်မှာ အိမ်သာအချိန်ဖြုန်း မတက်စေဖို့ အိမ်သာအပြင်မှာ အချိန်ပြ Timer စနစ်တွေ တပ်ဆင်

အစိုးရက လူ့အခွင့်အရေးနဲ့ ကိုယ်ရေးကိုယ်တာမှန်သမျှ ထောက်လှမ်းစောင့်ကြည့်မှုနဲ့ အုပ်ချုပ်တဲ့ တရုတ်နိုင်ငံမှာ နောက်ဆုံး အများသုံး အိမ်သာတွေမှာတောင် အိမ်သာတက်ချိန် ဘယ်လောက်ကြာသလဲ ဆိုတာကို ဖော်ပြတဲ့ ဒစ်ဂျစ်တယ် အချိန်ဖော်ပြမှုစနစ် တပ်ဆင်ထားကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နာမည်ကြီးဘန်ကောက်စျေး မီးလောင်လို့ လှောင်အိမ်ထဲက အိမ်မွေးတိရစ္ဆာန်ထောင်ချီသေဆုံး

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး စျေးတွေထဲက တစ်ခုဖြစ်တဲ့ ဘန်ကောက် ချာတူချက် လဟာပြင်စျေးကြီးမှာ ဇွန် ၁၁ ရက်၊ မနက် ၄နာရီဝန်းကျင်က မီးလောင်ခဲ့လို့ တိရစ္ဆာန်အရောင်းဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ခဲ့ ရာက လှောင်အိမ်ထဲက တိရစ္ဆာန်ပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

တရုတ်နိုင်ငံရဲ့အကျော်ကြားဆုံး ရေတံခွန်ကြီး ရေပိုက်သွယ်ပြီးအတုလုပ်ထားကြောင်း တွေ့ရှိလို့ အရှက်ကွဲ

နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားသန်းပေါင်းများစွာ လာရောက်ရာ တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့ အမြင့်ဆုံး စဉ်ဆက်မပြတ်ရေတံခွန်ကြီးဟာ သဘာ၀ရေတံခွန်အစစ်မဟုတ်ဘဲ ရေပိုက်သွယ်တန်းပြီး အတုလုပ်ထားကြောင်း လည်ပတ်ခဲ့သူတစ်ယောက် သိရှိသွားရာက အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now