အာစီယံဒေသတွင်း

တီမောလက်စတေနိုင်ငံကို ၁၁ နိုင်ငံမြောက်အာဆီယံအဖွဲ့ဝင်အဖြစ် အာဆီယံက မူအားဖြင့်သဘောတူ

မဲခေါင် 12 Nov - 2022
တီမောလက်စတေနိုင်ငံကို အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် မူအားဖြင့်သဘောတူလိုက်တယ်လို့ ဖနွမ်းပင်မြို့မှာ ထိပ်သီးအစည်းအဝေးကြောင့်စုဝေးနေတဲ့အာဆီယံခေါင်းဆောင်တွေရဲ့ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဆက်စပ်အစည်းအဝေးတွေအပါအဝင် အာဆီယံအစည်းအဝေးတွေမှာ တီမောနိုင်ငံကို လေ့လာစောင့်ကြည့်သူအဖြစ် တက်ရောက်ခွင့်ပြုတော့မှာပါ။ တီမောလက်စတေ အပြည့်အဝအဖွဲ့ဝင်ဖြစ်ဖို့ မျှတတဲ့မှတ်ကျောက်တွေကိုအခြေခံတဲ့လမ်းပြမြေပုံတခုရှိနေလိမ့်မယ်လို့ ထုတ်ပြန်ချက်တွေမှာပါဝင်ပါတယ်။ စွမ်းရည်မြှင့်တင်ရေးအကူအညီတွေနဲ့ အာဆီယံမှာ အဖွဲ့ဝင်အပြည့်အဝဖြစ်ရေး လိုအပ်တဲ့အထောက်အပံ့တိုင်းကို ဖြည့်ဆည်းပေးပြီး တီမောလက်စတေကို အဖွဲ့ဝင်ဖြစ်ရေး သမိုင်းမှတ်တိုင်ကို အောင်မြင်မှုရဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပြင်ပနိုင်ငံတွေက ထောက်ပံ့လိမ့်မယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောပါတယ်။ အချိန်အတော်ကြာအောင် တီမောလက်စတေရဲ့အဖွဲ့ဝင်ဖြစ်ခွင့်ကို အာဆီယံက ဆွေးနွေးခဲ့တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကပြောပါတယ်။ လူဦးရေ ၁.၃၇ သန်းရှိတဲ့တီမောနိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဆီကနေ လွတ်လပ်ရေးရခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်အတွက်

တီမောလက်စတေနိုင်ငံကို အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် မူအားဖြင့်သဘောတူလိုက်တယ်လို့ ဖနွမ်းပင်မြို့မှာ ထိပ်သီးအစည်းအဝေးကြောင့်စုဝေးနေတဲ့အာဆီယံခေါင်းဆောင်တွေရဲ့ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဆက်စပ်အစည်းအဝေးတွေအပါအဝင် အာဆီယံအစည်းအဝေးတွေမှာ တီမောနိုင်ငံကို လေ့လာစောင့်ကြည့်သူအဖြစ် တက်ရောက်ခွင့်ပြုတော့မှာပါ။

တီမောလက်စတေ အပြည့်အဝအဖွဲ့ဝင်ဖြစ်ဖို့ မျှတတဲ့မှတ်ကျောက်တွေကိုအခြေခံတဲ့လမ်းပြမြေပုံတခုရှိနေလိမ့်မယ်လို့ ထုတ်ပြန်ချက်တွေမှာပါဝင်ပါတယ်။

စွမ်းရည်မြှင့်တင်ရေးအကူအညီတွေနဲ့ အာဆီယံမှာ အဖွဲ့ဝင်အပြည့်အဝဖြစ်ရေး လိုအပ်တဲ့အထောက်အပံ့တိုင်းကို ဖြည့်ဆည်းပေးပြီး တီမောလက်စတေကို အဖွဲ့ဝင်ဖြစ်ရေး သမိုင်းမှတ်တိုင်ကို အောင်မြင်မှုရဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ပြင်ပနိုင်ငံတွေက ထောက်ပံ့လိမ့်မယ်လို့ အာဆီယံခေါင်းဆောင်တွေက ပြောပါတယ်။

အချိန်အတော်ကြာအောင် တီမောလက်စတေရဲ့အဖွဲ့ဝင်ဖြစ်ခွင့်ကို အာဆီယံက ဆွေးနွေးခဲ့တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကပြောပါတယ်။

လူဦးရေ ၁.၃၇ သန်းရှိတဲ့တီမောနိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဆီကနေ လွတ်လပ်ရေးရခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်အတွက် တရားဝင်လျှောက်ထားခဲ့ပါတယ်။

အခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံကို နောက်ဆုံးအဖြစ် ၁၉၉၉ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင် ၅ နိုင်ငံတို့နဲ့စတင်တည်ထောင်ခဲ့တဲ့ အာဆီယံအဖွဲ့ကို ၁၉၈၄ ခုနှစ်မှာ ဘရူနိုင်း၊ ၁၉၉၅ ခုနှစ်မှာ ဗီယက်နမ်နဲ့ ၁၉၉၇ ခုနှစ်မှာ မြန်မာနဲ့ လာအိုတို့က ထပ်မံပူးပေါင်းခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ
အာစီယံဒေသတွင်း

ဆန္ဒအလျှောက် လုပ်အားပေးစစ်မှုထမ်းဖို့ စာရင်းပေးသူ ၂၅၁၀၀ ရှိကြောင်း ထိုင်းထုတ်ပြန်

ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား
အာစီယံဒေသတွင်း

ထိုင်းဆုန်ကရန်ပွဲတော်ရက်အတွင်း လူ ၂၃၂ ဦးသေဆုံး၊ ဒဏ်ရာရသူ အများစု ခါးပတ်မပတ်သူတွေဖြစ် 

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ရက် ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၂၃၂ ဦးရှိခဲ့ကာ ဒဏ်ရာ ရရှိသူပေါင်း ၁၇,၇၇၅ ဦး ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန
အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 
ဒေသတွင်းသတင်း အာစီယံဒေသတွင်း

မီးခိုးမြူကပ်ဘေးတကယ့်တရားခံအစစ်က ဘယ်သူလဲ(ဘာသာပြန်)

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။ 
အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။