အာစီယံဒေသတွင်း

တစ်လအတွင်း ဘတ်သန်း ၁၉၀ ကျော် ချစ်ဟန်ပြလိမ်လည်ကြလို့ ချစ်သူများနေ့မတိုင်ခင် ထိုင်းအစိုးရ သတိပေးချက်ထုတ်ပြန်

မဲခေါင် 14 Feb - 2023
၂၀၂၃ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ချစ်ဟန်ပြပြီး လိမ်လည်မှုတိုင်ချက်ပေါင်း ၄၀၀ ကျော်ရှိခဲ့သလို ဘတ်သန်း ၁၉၀ အထိ လိမ်လည်မှုတွေဖြစ်ခဲ့လို့ ချစ်သူများနေ့မတိုင်ခင် အယုံမလွယ်ကြဖို့ ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 

မဲခေါင်၊ ဖေဖော်ဝါရီ ၁၄

၂၀၂၃ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ချစ်ဟန်ပြပြီး လိမ်လည်မှုတိုင်ချက်ပေါင်း ၄၀၀ ကျော်ရှိခဲ့သလို ဘတ်သန်း ၁၉၀ အထိ လိမ်လည်မှုတွေဖြစ်ခဲ့လို့ ချစ်သူများနေ့မတိုင်ခင် အယုံမလွယ်ကြဖို့ ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဇန်နဝါရီ ၁ လအတွင်း ဒီလိုတိုင်ချက်ပေါင်း ၄၀၃ ခုရှိခဲ့ပြီး ၁၉၈ မှုက လိမ်လည်လှည့်ဖြားပြီး ငွေကြေးလွှဲပြောင်း ပေးခိုင်းမှုတွေဖြစ်ကာ ၂၃၅ မှုက စီးပွားရေးရင်းနှီးမြှုပ်နှံမှုအကြောင်းပြပြီး ချစ်ဟန်ပြလိမ်လည်ခဲ့မှုတွေဖြစ် ကြောင်း၊ အထူးသဖြင့် အသက် ၄၀ ဝန်းကျင် အမျိုးသမီးအများစုအပေါ် ချစ်ဟန်ပြလိမ်လည်ကြတာဖြစ်တယ် လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ပါဝန်ပန်ညာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ချစ်ဟန်ပြလိမ်လည်မှု (romance scams) အမျိုးအစားတွေကတော့ မျှော်လင့်ချက်အတုအယောင်တွေပေးခြင်း ဒါမှမဟုတ် စာနာသနားအောင် လိမ်ခြင်း၊ အတုအယောင် ရင်းနှီးမြှုပ်နှံမှုတွေ ဟန်ပြလိမ်ခြင်း၊ အက်ပလီကေးရှင်း လင့်ခ်တစ်ခုခုကို ကလစ်နှိပ်စေပြီး စမတ်ဖုန်းထဲက ပိုင်ဆိုင်မှုတွေကို ဖော်ထုတ်ရယူခြင်း၊ အကျပ်ကိုင်ခြင်းဒါမှ မဟုတ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင်ခြင်း (sextortion) နည်းတွေကနေ လိမ်လည်ကြတာဖြစ်တယ်လို့ ဆိုတယ်။ 

ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သူစိမ်းတွေဆီကပို့တဲ့ လင့်ခ်တွေကို ဘယ်တော့မှ ကလစ်မနှိပ်ဖို့၊ သူစိမ်းတွေဆီကို ကိုယ့်ပုံတွေမပို့မိစေဖို့၊ ပို့ခဲ့ရင် ဒီပုံတွေကနေ ပရိုဖိုင်ပုံနဲ့အကောင့်တုတွေလုပ်ပြီး ရင်းနှီးသူတွေဆီက လိမ်လည် ငွေတောင်းတာတွေ၊ ခရီးသွားကုန်ကျစားရိတ်၊ လက်ဆောင်ပို့ခ စတာတွေကို တောင်းခံတာတွေအပြင် ကိုယ့် ပုံနဲ့ အကောင့်တုကနေ မဖွယ်မရာ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေတင်ပြီး အကျပ်ကိုင်ငွေညှစ်တာတွေ လုပ်ကြကြောင်း၊ ဒီလို မသင်္ကာဖွယ်ရာ အွန်လိုင်း Scam တွေလုပ်တာ သိတာနဲ့ ၁၄၄၁ ဒါမှမဟုတ် ဟော့လိုင်း ၀၈-၁၈၆၆-၃၀၀ ကို ခေါ်ဆိုတိုင်ကြားဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ချစ်သူများနေ့မတိုင်ခင် တစ်ရက်အလိုမှာ သတိပေးချက် ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကပဲ ထိုင်းရှေ့နေဟောင်းတစ်ယောက်ဟာ ချိန်းဆိုတွေ့ဆုံခြင်း အက်ပလီကေးရှင်း Bamble မှာ ချောမောခန့်ညားတဲ့ ပရိုဖိုင်ပုံတုတစ်ခုတင်ပြီး အမျိုးသမီးတစ်ယောက်ကို ချစ်ဟန်ပြလို့ ဘတ် ၁ .၅၁ သန်း လိမ် လည်သွားကြောင်း၊ ချစ်သူများနေ့မှာ ဟိုတယ်သွားတဲ့အခါ မိန်းကလေးတွေဟာ လိင်မှုဆက်ဆံခြင်းကို ဗီဒီယို ရိုက်ကူးမှုတွေ အထူးရှောင်ကြဉ်ရမှာဖြစ်ပြီး ဒီဗီဒီယိုတွေကို အသုံးချလို့ အကျပ်ကိုင်ငွေညှစ်မှုများစွာလည်း ရာဇဝတ်မှုခင်းတွေမှာ အများအပြားရှိခဲ့တယ်လို့ ထိုင်းရဲချုပ် ကစ်တီပရာပက်စ်ကိုယ်တိုင်က သတိပေးပြောကြား ခဲ့ပါတယ်။

MKF – 001

Ref: thethaiger

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာပဋိပက္ခ ဖြေရှင်းရေး ထိုင်းပိုကူညီသင့်ကြောင်း ပရာယွတ်ကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟမ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဆွေးနွေးမှုမှာ အိမ်ချင်းကပ်နိုင်ငံ ဖြစ်တဲ့အလျှောက် ထိုင်းနိုင်ငံဟာ မြန်မာ ပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ပါဝင်ကူညီပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ 
အာစီယံဒေသတွင်း

နိုင်ငံရေးကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်သာ အာဆီယံအစည်းအဝေးတက်ရောက်ဖို့ ကမ်းလှမ်း

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌနေရာ ရထားတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ဥက္ကဌ သက်တမ်းအတွင်း ပြုလုပ်တဲ့ ပထမဆုံး အစည်းအဝေးကို ဖော်ဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဂျာကာတာမှာကျင်းပသွားမှာဖြစ်ပါတယ်။
အာစီယံဒေသတွင်း

ဖိအားပေး၊ ကြေညာချက်ထုတ် ဒီပလိုမေစီနဲ့ မြန်မာ့အရေး မဖြေရှင်းနိုင်ဘူးလို့ အင်ဒိုနီးရှားဆို

မဲခေါင်၊ ဇန်နဝါရီ ၃၁ မြန်မာ့ အကျပ်အတည်းပြဿနာကို အာဆီယံဥက္ကဋ္ဌ လုပ်ရတဲ့ တစ်နှစ်အတွင်း ဖြေရှင်းပေးသွားနိုင်ဖို့ မဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီ က လွှတ်တော်မှာ ပြောကြားသွားခဲ့ပါတယ်။
အာစီယံဒေသတွင်း

စစ်တပ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိတ်ကြားမှု အာဆီယံဆုံးဖြတ်ချက်လို့ ပင်တဂွန် ရှင်းလင်း

မဲခေါင်၊ ဇန်နဝါရီ ၃၁ အမေရိကန် - ထိုင်း ဦးဆောင်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM-Plus) တက်ရောက်ဖို့ မြန်မာစစ်တပ်ကို ဖိတ်ကြားမှုက အာဆီယံနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အာစီယံဒေသတွင်း

အခန်းခမပေးဘဲ တည်းမယ်ဆိုတာကို ငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို လာတည်းသူက သေနတ်နဲ့ပစ်

အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။