မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
ဘန်ကောက်၊ သာဝီဝက်သနာခရိုင်၊ ဆာလာသမ်မာဆော့ဖ်ခရိုင်ခွဲ၊ ဘိုရွမ်ရက်ချ်အွန်နာနီးလမ်း အိမ်နံပါတ် ၇၀ မှာ ဒုရဲမှူးချုပ်ဟာ ယာဘက်ရင်ဘတ်မှာ တစ်ချက်၊ ဝဲဘက် ချိုင်း အောက်မှာ တစ်ချက် ပစ်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးလျက်သား တွေ့ရှိရတာဖြစ်ပြီး ဇနီးဖြစ်သူ ရဲမှူး ပွန်ပရာပါပင် ဆက် (၆၇နှစ်) ကိုယ်တိုင်က ရဲစခန်းကို ဖုန်းဆက်ပြီး ခင်ပွန်းဖြစ်သူ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ အကြောင်း ကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မကြာခင်ပဲ တရာခံဟာ သူမကိုယ်တိုင်ဖြစ်ကြောင်း ဖြစ်ကြောင်း ဝန်ထံလို့ လူသတ်မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။
ဘာအကြောင်းကြောင့်လည်းဆိုတာကို ဝန်ခံဖို့ စိတ်ပိုင်းဆိုင်ရာအဆင်သင့်မဖြစ်သေးဘူးလို့ တရားခံက ထွက်ဆို ထားတဲ့အတွက် အကြောင်းအရင်းကိုမသိရသေးပေမယ့် သူ့ဆွေမျိုးတွေက ဘတ် ၅ သိန်းပေးပြီး အာမခံပေးတဲ့ အတွက် ချုပ်ထားရာကနေ အာမခံနဲ့ အိမ်ပြန်လာနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
သေဆုံးသူ ဒုတိယရဲမှူးချုပ် ပန်ညာဟာ သဘာ၀ပတ်ဝန်းကျင်လုံခြုံရေး၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုစျေးကွက် နှိမ်နင်းရေးလုပ်ငန်းတွေမှာ အမှုပေါင်းများစွာကို ဖော်ထုတ်နိုင်ခဲ့တဲ့ နာမည်ကြီးထိပ်တန်းရဲအရာရှိကြီးဖြစ်ပြီး အီတလီ-ထိုင်း ဖွံ့ဖြိုးရေး PLC ဥက္ကဌ ဟောင်းလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်း တရားမဝင်အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက် Macau 888 အမှုကို ထောက်လှမ်းဖော်ထုတ်ခဲ့တဲ့ အသင်းမှာလည်း ဦးဆောင်ပါဝင် ခဲ့သူဖြစ်ပြီး ထိုင်ဝမ်ကိုသွားလို့ သက်သေတွေ စုံစမ်းမေးမြန်းမှုမှာလည်း လိုက်ပါသွားခဲ့သူဖြစ်ပါတယ်။
ဒီအမှုဟာ အနည်းငယ်ထူးခြားတဲ့ ခင်ပွန်းဖြစ်သူကို ဇနီးသည်က ပြန်သတ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ပြီး ထိုင်းနိုင်ငံဟာ ၂၀၂၂ ကုလသမဂ္ဂ အစီရင်ခံစာအရ အိမ်တွင်းအကြမ်းဖက်မှု အဆိုးရွားဆုံး ၁၀ နိုင်ငံထဲ ပါဝင်တဲ့ နိုင်ငံဖြစ်ကြောင်းလည်း သိရပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုအများဆုံးက ကလေးငယ်တွေနဲ့ အမျိုးသမီး တွေအပေါ်အကြမ်းဖက်တာဖြစ်ပြီး ၃ မှုမှာ တစ်မှုနှုန်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမကောင်းတဲ့ အမှုတွေ ဖြစ်တယ်လို့ ဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။
MKF – 001
Ref: khaosodenglish
#MeKongNews