အာစီယံဒေသတွင်း

ဆန္ဒအလျှောက် လုပ်အားပေးစစ်မှုထမ်းဖို့ စာရင်းပေးသူ ၂၅၁၀၀ ရှိကြောင်း ထိုင်းထုတ်ပြန်

မဲခေါင် 19 Apr - 2023
ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား ၂၅၁၀၀ အထိ စာရင်းပေးသွင်းခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဆရီချန်ငါန်သောင်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

မဲခေါင်၊ ဧပြီ ၁၉

ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား ၂၅၁၀၀ အထိ စာရင်းပေးသွင်းခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဆရီချန်ငါန်သောင်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ထိုင်းတော်ဝင်တပ်မတော် စစ်ဒေသ ၃ မှာတာဝန်ထမ်းမယ့် လုပ်အားပေးစစ်သည်စာရင်းကတော့ ခေါ်ယူပြီးစီးခဲ့ပြီဖြစ်တာကြောင့် စစ်ဒေသ ၁၊ ၂ နဲ့ ၄ မှာတာဝန်ထမ်းမယ့် လိုအပ်လုပ်အားပေးစစ်သည် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြားကို ဆက်ခေါ်ယူဖို့ ဧပြီ ၁ ရက်နေ့ကနေ ၁၂ ရက်အထိ စာရင်းပေးသူတွေကို တွက်ချက်ထုတ်ပြန်ရာမှာ ပါရဂူဘွဲ့ရ၊ ရိုးရိုးဘွဲ့ရ ပညာတတ်တွေရော၊ ဘုန်းကြီးတွေနဲ့ လူတန်းစားပေါင်းစုံ ၂၅၁၀၀ ဦး စာရင်းပေးထားတယ်လို့ ငါန်သောင်က ပြောပါတယ်။ 

ထူးခြားတာက ပညာအရည်အချင်း အလိုက် လုပ်အားပေးစစ်မှုထမ်းသက်မှာ လျှော့ချခံစားခွင့်ရှိပါလျှက် ၂ နှစ်အပြည့်တာဝန်ထမ်းချင်သူတွေ များပြား လာခဲ့တာပဲဖြစ်တယ်လို့ ငါန်သောင်က ဆိုပါတယ်။

တက္ကသိုလ်ဘွဲ့ရတစ်ဦးအနေနဲ့ ၂ နှစ်ကနေ ၆ လသာ တာဝန်ထမ်းပြီး ပြန်ထွက်ခွင့်ပြုထားရာမှာ ၂၂ ယောက်ဟာ ၂ နှစ်အပြည့်တာဝန်ထမ်းလိုတယ်လို့ လျှောက်လွှာမှာဖြည့်သွင်းထားကြောင်း၊ ကတ်ပြားအနီ မဲနှိုက်ရရှိတဲ့ တက္ကသိုလ်ဘွဲ့ရ ၁၉ ယောက်ဟာလည်း ၂ နှစ်စစ်မှုထမ်းသက်မှာ တစ်နှစ်သာထမ်းရွက်ခွင့်ရှိပါလျှက် ၂ နှစ်လုံး စစ်မှုထမ်းလုပ်အားပေးမယ်လို့ ဖြည့်သွင်းထားကြောင်း၊ ပါဂရူဘွဲ့ရထားသူပေါင်း ၂၃ ယောက်အထိ ဝင်လျှောက် ထားကြောင်း၊ ဘုန်းကြီးတွေထဲမှာလည်း စာတတ်ဘွဲ့တော်ရမှုအလိုက် စစ်မှုထမ်းသက်လျှော့ချထမ်းဆောင်ခွင့်ရှိ နေပါလျှက် ၂၇ ပါးက ၂ နှစ်အပြည့် တာဝန်ထမ်းလိုတယ်လို့ လျှောက်ထားကြောင်း ထိုင်းတော်ဝင်တပ်တော်က ပြောပါတယ်။ 

ဒါဟာ ထိုင်းလူငယ်အမျိုးသား တွေအကြား နိုင်ငံ စစ်တပ် အင်အားချဲ့တွင်လိုမှုကို နားလည်သိရှိပြီး မှန်ကန်တဲ့သဘောထားနဲ့ မူဝါဒတွေ ချမှတ် နိုင်ခဲ့လို့ လှုံ့ဆော်ပေးနိုင်ခဲ့တဲ့ အကျိုးဆက်ဖြစ်တယ်လို့ ငါန်သောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသွားခဲ့ပါတယ်။

MKF – 001

Ref: bangkokpost

#MeKongNews 

#ထိုင်းစစ်တပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ
အာစီယံဒေသတွင်း

ထိုင်းဆုန်ကရန်ပွဲတော်ရက်အတွင်း လူ ၂၃၂ ဦးသေဆုံး၊ ဒဏ်ရာရသူ အများစု ခါးပတ်မပတ်သူတွေဖြစ် 

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ရက် ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၂၃၂ ဦးရှိခဲ့ကာ
အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 
ဒေသတွင်းသတင်း အာစီယံဒေသတွင်း

မီးခိုးမြူကပ်ဘေးတကယ့်တရားခံအစစ်က ဘယ်သူလဲ(ဘာသာပြန်)

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။ 
အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အာစီယံဒေသတွင်း

တစ်လအတွင်း ဘတ်သန်း ၁၉၀ ကျော် ချစ်ဟန်ပြလိမ်လည်ကြလို့ ချစ်သူများနေ့မတိုင်ခင် ထိုင်းအစိုးရ သတိပေးချက်ထုတ်ပြန်

၂၀၂၃ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံမှာ ချစ်ဟန်ပြပြီး လိမ်လည်မှုတိုင်ချက်ပေါင်း ၄၀၀ ကျော်ရှိခဲ့သလို ဘတ်သန်း ၁၉၀ အထိ လိမ်လည်မှုတွေဖြစ်ခဲ့လို့ ချစ်သူများနေ့မတိုင်ခင် အယုံမလွယ်ကြဖို့ ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။