အာစီယံဒေသတွင်း

စစ်ကောင်စီလုပ်တဲ့ အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး ၅ နိုင်ငံသာ တက်ရောက်

မဲခေါင် 14 Sep - 2023
စစ်ကောင်စီက အိမ်ရှင်အဖြစ် မနေ့ စက်တင်ဘာ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံလေတပ် ဦးစီးချုပ်များအစည်းအဝေးကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှ လေတပ်ဦးစီးချုပ်တွေသာ တက်ရောက်ခဲ့ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၄

စစ်ကောင်စီက အိမ်ရှင်အဖြစ် မနေ့ စက်တင်ဘာ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံလေတပ် ဦးစီးချုပ်များအစည်းအဝေးကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံမှ လေတပ်ဦးစီးချုပ်တွေသာ တက်ရောက်ခဲ့ပါတယ်။

အကြိမ် ၂၀ မြောက် ပြုလုပ်တဲ့ အဲ့ဒီအစည်းအဝည်းကို ဖိလစ်ပိုင်နဲ့ စင်ကာပူ လေတပ်ဦးစီးချုပ်တို့က ဗီဒီယိုမက်ဆေ့ဖြစ် ပေးပို့ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် လေတပ်အစည်းအဝေးကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က လုံးဝတက်ရောက်မှာ မဟုတ်ဘူးလို့ အစည်းအဝေးမလုပ်ခင်တည်းက အသီးသီးထုတ်ပြန်ထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာတာ၊ ပြည်သူတွေကို လေကြောင်းက အကြမ်းဖက်သတ်ဖြတ်နေတာကြောင့် စစ်ကောင်စီလုပ်မယ့် အစည်းအဝေးကို မတက်ရောက်ဘူးလို့ အဆိုပါနိုင်ငံတွေက အတိအလင်း ထုတ်ပြန်ထားပါတယ်။

ပြည်သူကို လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီလုပ်မယ့် အစည်းအဝေးကို မတက်ရောက်ဖို့ Justic for Myanmar အဖွဲ့ကလည်း အာဆီယံနိုင်ငံတွေကို တောင်းဆိုထားပါတယ်။

နှစ်စဉ်ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့၊ အစွန်းရောက်တွေ တိုက်ထုတ်ဖို့နဲ့ သဘာဝကပ်ဘေး ကူညီကယ်ဆယ်ရေးတွေ ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။

အလှည့်ကျဥက္ကဋ္ဌအဖြစ် ကျင်းပတဲ့ အဲ့ဒီအစည်းအဝေးကို နောင်နှစ်မှာတော့ အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားမှာ ပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ်ကျင်းပပြီးခဲ့တာကြောင့် အခု တစ်ကြိမ် အိမ်ရှင်အဖြစ် ကျင်ပးပပြလုပ်တာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

#MeKongNews

#လေချုပ်

#အာဆီယံ

#စစ်ကောင်စီ

#ငါးနိုင်ငံ

#တက်ရောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

ဒါရဝတီရုပ်ပွားတော်ရှိရာ ထိုင်းနိုင်ငံ Si Thep မြို့ဟောင်းကို ကမ္ဘာအမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကို သတ်မှတ်

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ ယူနက်စ်ကိုဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ပက်ချာဘန်းခရိုင် ရှေးဟောင်းမြို့တော်
အာစီယံဒေသတွင်း

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မလေးရှားလွှတ်တော်အမတ် ၁၃၅ ယောက် လက်မှတ်ထိုးတောင်းဆို

မလေးရှား လွှတ်တော်အမတ် ၁၃၅ ယောက်ဟာ စက်တင်ဘာ ၁၉ ရက်နေ့မှာ စုပေါင်းလက်မှတ်ထိုးပြီး မြန်မာစစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပူးပေါင်းကြေညာတိုက်တွန်းချက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာ MFTB နဲ့ MICB ဘဏ်အပ်နှံငွေ ဒေါ်လာ ၁ ဒသမ ၂ သန်းကို ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ် သိမ်းဆည်း

မဲခေါင်၊ သြဂုတ် ၁၇ ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် ကုန်သွယ်ရေးဘဏ် ဆိုနာလီဟာ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် မြန်မာ စစ်ကောင်စီ ထောက်တိုင် နိုင်ငံခြား ကုန်သွယ်မှုဘဏ်-MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်-MICB က အပ်ထားတဲ့ ဘဏ်စာရင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကို စွန့်လွှတ်မယ်လို့ စစ်ကောင်စီ ဆုံးဖြတ်

မဲခေါင်၊ သြဂုတ် ၁၇ အာဆီယံ အလှည်ကျ ဥက္ကဌ အဖြစ် မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်မှာ အလှည့်ကျမှာ ဖြစ်ပေမယ့် အာဏာသိမ်း စစ်ကောင်စီဟာ ဥက္ကဌ နေရာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားကြောင်း ထိုင်း BPS

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာလုပ်သားတွေကို နစ်နာကြေး အနည်းငယ်ပေးပြီး အလုပ်ထုတ်တဲ့ ထိုင်း ရော်ဘာလက်အိတ်စက်ရုံ Ansell ၀ိုင်း၀န်းဝေဖန်ခံရ

မဲခေါင်၊ သြဂုတ် ၁၄ ကမ္ဘာတစ်ဝန်း တစ်ကိုယ်ရေသုံး ရော်ဘာ လက်အိတ်တွေ အဓိက ဖြန့်ဖြူး ထုတ်လုပ်ရာ ဘန်ကောက် အခြေစိုက် Ansell စက်ရုံကြီးဟာ ကိုဗစ်ကာလ အလွန် အမှာနည်းပါးလွန်းလာချိန် စက်ရုံဝန်ထမ်း မြန်မာလုပ်သား ရာချီကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ချင်းမိုင်မှာ လမ်းဘေးစွန့်ပစ်ထားတဲ့ Pickup ကား အခင်းအောက်က Ice နဲ့ K မူးယစ်ဆေး ၇၂ ကီလိုဂရမ် ရှာတွေ့

မဲခေါင်၊ သြဂုတ် ၁၁ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်နဲ့ မယ်ဆိုင်ခရိုင်အနီး၊ ဒွိုင်နန်နွန် တောင်ကြောအနီး ကားလမ်းမပေါ်မှာ Pickup ကား အနက်ရောင် တစ်စီး စွန့်ပစ်ထားလို့ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ချိုတက်ခ်စစ်တပ်နဲ့ သက်ဆိုင်ရာ ထိုင်း အာဏာပိုင်တွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာ့အရေး အာဆီယံ မကိုင်တွယ်နိုင်ရင် အာဆီယံ၀င်ဖို့ ‌လျှောက်ထားတာ ပြန်စဥ်းစားမယ်လို့ တီမောနိုင်ငံဆို

မဲခေါင်၊ သြဂုတ် ၈ မြန်မာနိုင်ငံ ပဋိပက္ခကို အာဆီယံအဖွဲ့က ကိုင်တွယ် ‌ဖြေရှင်းနိုင်ခြင်း မရှိပါက အာဆီယံအဖွဲ့ထံ အဖွဲ့၀င်ခွင့် လျှောက်ထားတာကို ပြန်လည် သုံးသပ်သွားမယ်လို့ တီမောလက်စတေးနိုင်ငံ ၀န်ကြီးချုပ် ဆာနာနာဂုစ်ေမာ်က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်မယ်လို့ ဟွမ်ဆန် ကြေညာ၊ သားကြီးဖြစ်သူ ဟန်မာနက် ထံ ရာထူးလွှဲပေးမယ်လို့ အတည်ပြု

မဲခေါင်၊ ဇူလိုင် ၂၆ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွမ်ဆန်က ဝန်ကြီးချုပ် ရာထူးကို စွန့်လွှတ်တော့မှာ ဖြစ်ပြီး သားအကြီး ဟွမ်မာနတ် ကို လွှဲအပ်တော့မယ်လို့ ဇူလိုင် ၂၆ ရက်နေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now