အာစီယံဒေသတွင်း

ခိုလှုံခွင့်အတွက် ဘန်ကောက်က ကနေဒါသံရုံးကို အင်တာဗျူးဖို့သွားတဲ့ ဗီယက်နမ်တက်ကြွလှုပ်ရှားသူကို ထိုင်းရဲ ဖမ်းဆီး

မဲခေါင် 16 Jun - 2024
ဗီယက်နမ် တပါတီအစိုးရက ဖမ်း၀ရမ်းထုတ်ထားပြီး ထိုင်းကိုဖမ်းဆီးဖို့နဲ့ ပြန်လွှဲပေးဖို့ တောင်းဆိုထားတဲ့ ဘာသာရေးတက်ကြွလှုပ်ရှားသူ ဝိုင်ကွိန့်ဘီဒပ်ဘ်ကို ဘန်ကောက် ကနေဒါသံရုံးနားမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး သွားခဲ့လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဗီယက်နမ်ပြန်မပို့ဖို့ တိုက်တွန်းတောင်းဆိုနေကြပါတယ်။

မဲခေါင်၊ ဇွန် ၁၆

ဗီယက်နမ် တပါတီအစိုးရက ဖမ်း၀ရမ်းထုတ်ထားပြီး ထိုင်းကိုဖမ်းဆီးဖို့နဲ့ ပြန်လွှဲပေးဖို့ တောင်းဆိုထားတဲ့ ဘာသာရေးတက်ကြွလှုပ်ရှားသူ ဝိုင်ကွိန့်ဘီဒပ်ဘ်ကို ဘန်ကောက် ကနေဒါသံရုံးနားမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး သွားခဲ့လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဗီယက်နမ်ပြန်မပို့ဖို့ တိုက်တွန်းတောင်းဆိုနေကြပါတယ်။

ဘီဒပ်ဘ်ဟာ ပြီးခဲ့တဲ့ ၆ နှစ်က လူနည်းစု ခရစ်ယာန်တွေနေတဲ့ ဒက်ခ်လက်ခရိုင်မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် အတွက် ဆန္ဒပြလှုပ်ရှားခဲ့သူဖြစ်ပြီး ဗီယက်နမ်အစိုးရက ဖမ်းဆီးဖို့ကြိုးစားတဲ့အတွက် ထိုင်းနိုင်ငံထဲ ထွက်ပြေး ပုန်းအောင်နေထိုင်နေသူဖြစ်ပါတယ်။

မနှစ်က ဒက်ခ်လက်ခရိုင်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာမှာ ရဲအရာရှိ ၄ ယောက်အပါ ၉ ယောက်သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့သူတွေ ဖမ်းခံရ ပြီးနောက် ဗီယက်နမ်အစိုးရဟာ လှုံ့ဆော်သူဟာ ဘီဒပ်ဘ်ဖြစ်တယ်ဆိုပြီး တရားရုံမှာ ထောင်ဒဏ် ၁၀ နှစ်ချလို့ ဖမ်း၀ရမ်းထုတ်ပြီး ထိုင်းရဲတပ်ဖွဲ့ထံ ဖမ်းဆီးပြန်ပို့ဖို့ တောင်းဆိုခဲ့ပါတယ်။

ဘီဒပ်ဘ်က ဒီအဓိကရုဏ်နဲ့သူနဲ့ဘာမှ မဆိုင်ဘဲ ထိုင်းနိုင်ငံကိုထွက်ပြေးလာပြီးကတည်းက UNHCR မှာ ဒုက္ခ သည်အဖြစ် စာရင်းတင်ခဲ့ပြီး ကနေဒါမှာ ခိုလှုံဖို့ လျှောက်ထားခဲ့ရာက ဘန်ကောက် ကနေဒါသံရုံးက အင်တာဗျူး ခေါ်လို့အသွားမှာ သံရုံးအနီး ဖမ်းခံလိုက်ရတာဖြစ်ကြောင်း သူငယ်ချင်းဖြစ်သူဆီ နောက်ဆုံးမက်ဆေ့ချ်ပို့ပြီး ပျောက်ဆုံးသွားပါတယ်။

ဗီယက်နမ်နဲ့ကနေဒါဟာ တရုတ်ရဲ့ ဩဇာစိုးမိုးမှုလျှော့ချနိုင်ရေးနဲ့ အနောက်အင်အားစုနဲ့ပိုပြီးမဟာမိတ်လုပ်နိုင် ရေးအတွက် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်နေလို့ ဗီယက်နမ်က ထွက်ပြေးတဲ့တက်ကြွလှုပ်ရှားသူ ဘီဒပ်ဘ် ကို ခိုလှုံခွင့်ပေးပြီး ခေါ်ယူဖို့ နှောင့်နှေးကျန့်ကြာနေရာက အခု အင်တာဗျူးခေါ်ရာမှာ ထိုင်းရဲ ဖမ်းဆီးခံရခြင်းအတွက် တာဝန်ရှိကြောင်းနဲ့ ထိုင်းဥပဒေရော နိုင်ငံတကာဥပဒေအရ ဒုက္ခသည်ကို အန္တရာယ်ရှိတဲ့ မိခင်နိုင်ငံဆီ ပြန်မပို့ပေး ဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က အသိပေးထုတ်ပြန်သွားပါတယ်။

ဒီသတင်းအတွက် ဘန်ကောက် ကနေဒါသံရုံးနဲ့ ထိုင်းအာဏာပိုင်တွေဆီ မေးမြန်းစုံစမ်းရာမှာ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိဘူးလို့ သိရပါတယ်။

MKF – 001
Ref: theglobeandmail

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

မြန်မာလူငယ်စုံတွဲကို ပတ္တယားလူသတ်မှု သံသယတရားခံ အဖြစ်သတ်မှတ်ပြီး ပြန်လွှဲပေးဖို့ ထိုင်းရဲတပ်ဖွဲ့တောင်းဆို

စားသောက်ဆိုင်ပိုင်ရှင် အီရန်သားနဲ့ ဇနီး ထိုင်း အမျိုးသမီးတို့ အခန်းထဲမှာ အသတ်ခံရကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၆ ရက်နေ့မှာ တွေ့ရှိခဲ့ရပြီးနောက်
အာစီယံဒေသတွင်း

ဘန်ကောက်ဟိုတယ်ခန်းထဲ သေဆုံးသူ နိုင်ငံခြားသား ၆ ယောက်စလုံး ကိုယ်ထဲ ဆိုင်ရာနိုက်အဆိပ်တွေ့

ဘန်ကောက်မြို့လယ် အဆင့်မြင့်ဟိုတယ် ၅ လွှာအခန်းထဲ အမေရိကန်နိုင်ငံသား ခံယူခွင့်ရသူ ၂ ယောက်အပါ စုစုပေါင်း ဗီယက်နမ်နိုင်ငံသူ/သား အမျိုးသား ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းမှာ ဆေးခြောက် တရားမဝင်ပြန်သတ်မှတ်တာ မကျေနပ်လို့ ၆ ရက်ကြာ အစာငတ်ခံဆန္ဒပြအပြီး အုန်းရေနဲ့ရေသာဆက်သောက် ဆန္ဒပြဦးမယ်လို့ဆို

အရင်အစိုးရလက်ထက်က ဆေးခြောက်ကို ရာဇဝတ်ပြစ်မှုမြောက်တဲ့ မူးယစ်ဆေး စာရင်းကနေ ပယ်ဖျက်ပေးထားတာကို ဝန်ကြီးချုပ် ဆရတ်သာရဲ့ အစိုးရသစ်လက်ထက်မှာ မူးယစ်ဆေးဝါးစာရင်းပြန်သွင်းဖို့ စီစဉ်နေတာကြောင့် ဆေးခြောက်ချစ်တဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးဟာ ဆရတ်သာရဲ့ နေအိမ်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေခဲ့တာ ဇူလိုင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

၂၀၂၄ နဲ့ ၂၀၂၅ ဘတ်ဂျက်ကနေ ထိုင်းနိုင်ငံသား သန်း ၅၀ အတွက် ဒစ်ဂျစ်တယ်ပိုက်ဆံ ဘတ် ၅၀၀ ဘီလီယံ ထုတ်ပေးဖို့ အတည်ပြု

ထိုင်းနိုင်ငံဆိုင်ရာအေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို ဇူလိုင် ၁၅ ရက်နေ့က ကျင်းပ ပြုလုပ်အပြီး အစိုးရက ၂၀၂၄ နဲ့ ၂၀၂၅ နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ရနိုင်မယ့် ထိုင်းပြည်သူ သန်း ၅၀ အတွက် တစ်ယောက် ဘတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ တပ်ခ် ခရိုင် မှာ မှောင်ခိုနွား အကောင် ၂၀ သယ်လာတဲ့ အငှားမောင်းသူ ၅ ဦး ဖမ်းမိ

မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ၊ တပ်ခ် ခရိုင်အတွင်းမှာ ဇူလိုင် ၁၅ ရက်က ကရင်ပြည်နယ်ကနေ မှောင်ခိုသယ်ဆောင်လာတဲ့ နွားကောင်ရေ ၂၀ ကို အငှါးသယ်ဆောင်လာသူ ၅ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

၁၆ နှစ်သမီး ထိုင်းမလေးရဲ့ ဟစ်ဟော့ပ် Song Challenge အံ့မခန်း Tiktok မှာ ကြည့်သူ သန်း ၇၀ ကျော်သွား

ထိုင်းဘာသာစကားနဲ့ ၁ ကနေ ၈ အထိကို အတည့်တစ်မျိုး၊ နောက်ပြန်တစ်မျိုး ဟစ်ဟော့ပ် ဂီတသံနဲ့ အော်ဟစ် သီဆိုပြသွားတဲ့ TikTok ဗီဒီယိုအတိုဟာ ကမ္ဘာတစ်ဝန်း အံ့အားသင့်ဖွယ်ရာ ကြည့်ရှုသူ သန်း ၇၀ ကျော်သွားခဲ့ပါ တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းကနေ ဆေးခြောက် ယူရိုတစ်သိန်းဖိုးခန့် လေကြောင်းနဲ့သယ်လာတဲ့ အမျိုးသား ဒဗ္ဗလင်လေဆိပ်မှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ လေကြောင်းခရီးစဉ်မှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ဟာ လက်ဆွဲအိတ်ထဲ herbal cannabis အမျိုးအစားဆေးခြောက် ၄၉.၅ ကီလိုဂရမ်(တန်ကြေး ယူရို ၉၉၀၀၀၀ဖိုးခန့်) သယ်ဆောင်လာလို့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်လေဆိပ် အကောက်ခွန်အရာရှိတွေက စစ်ဆေးတွေ့ရှိပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

အငှားကားသမားကိုသတ်၊ ကားလုပြီး ရွှေဆိုင်ဓားပြတိုက်ခဲ့သူ ချင်းမိုင်သားကို ဖမ်းဆီးရမိ

ဇူလိုင် ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အိမ်စီးကားတစ်စီးကို ငှားစီးဖို့ ခေါ်ယူခဲ့ပြီး ဒီကားသမားကို သတ်ဖြတ်၊ ကားယူပြီး ရွှေဆိုင်ဓားပြတိုက်ခဲ့တဲ့ ချင်းမိုင်သားကို နေ့တွင်းချင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now