အာစီယံဒေသတွင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်သည့် ထိုင်းနိုင်ငံသားလုပ်သားများကို တယောက်လျှင်ဘတ် ၄၀၀၀ ပေးရန်ရှိနေ

မဲခေါင် 29 Jan - 2021
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်သည့်လုပ်သားများကို လူမှုလုံခြုံရေးစနစ်အရ ထောက်ပံ့ငွေဘတ် ၄၀၀၀ ပေးမည့်အစီအစဉ်ကို မကြာမီတွင် ထိုင်းအစိုးရက ခွင့်ပြုနိုင်ချေရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ဆူချာ့ချွမ်ကလင်က ပြောသည်။ တလအတွင်း ထောက်ပံ့ငွေပေးနိုင်သည့် အစီအစဉ်ကို အစိုးရအဖွဲ့ထံတင်ပြနိုင်ပြီး မကြာမီခွင့်ပြုနိုင်မည်ဟုမျှော်မှန်းကြောင်းလည်း ဝန်ကြီးကပြောသည်။ ထိုင်းလူမှုဖူလုံရေးအက်ဥပဒေအရ အကြုံးဝင်သော ပုဂ္ဂလိကလုပ်ငန်းများမှလုပ်သား ၁၁ သန်း ထောက်ပံ့ငွေရမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရှိခဲ့ချိန်မှစပြီး ထိုလူများသည် ထိုင်းအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကယ်ဆယ်ရေးအစီအစဉ်များမှ ချန်လှပ်ခံထားရသူများဖြစ်သည်။ ထောက်ပံ့ငွေရရှိရန် ဝန်ထမ်းတယောက်သည် ထိုင်းနိုင်ငံသား၊ ဘဏ်အပ်ငွေဘတ် ၅၀၀၀၀၀ မကျော်သူဖြစ်ရမည်။ ထိုငွေကို တလအတွင်းပေးမည်ဖြစ်ပြီး ထိုင်းအစိုးရ၏ဘတ်သန်း ၁၀၀၀၀၀၀ အရေးပေါ်ချေးငွေထဲမှ ဘတ်သန်း ၄၀၀၀၀ ဖြင့်ပေးသွားမည်ဖြစ်သည်။ ထိုင်းလူမှုဖူလုံရေးအက်ဥပဒေအရ

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်သည့်လုပ်သားများကို လူမှုလုံခြုံရေးစနစ်အရ ထောက်ပံ့ငွေဘတ် ၄၀၀၀ ပေးမည့်အစီအစဉ်ကို မကြာမီတွင် ထိုင်းအစိုးရက ခွင့်ပြုနိုင်ချေရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ဆူချာ့ချွမ်ကလင်က ပြောသည်။

တလအတွင်း ထောက်ပံ့ငွေပေးနိုင်သည့် အစီအစဉ်ကို အစိုးရအဖွဲ့ထံတင်ပြနိုင်ပြီး မကြာမီခွင့်ပြုနိုင်မည်ဟုမျှော်မှန်းကြောင်းလည်း ဝန်ကြီးကပြောသည်။

ထိုင်းလူမှုဖူလုံရေးအက်ဥပဒေအရ အကြုံးဝင်သော ပုဂ္ဂလိကလုပ်ငန်းများမှလုပ်သား ၁၁ သန်း ထောက်ပံ့ငွေရမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ထိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ရှိခဲ့ချိန်မှစပြီး ထိုလူများသည် ထိုင်းအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကယ်ဆယ်ရေးအစီအစဉ်များမှ ချန်လှပ်ခံထားရသူများဖြစ်သည်။

ထောက်ပံ့ငွေရရှိရန် ဝန်ထမ်းတယောက်သည် ထိုင်းနိုင်ငံသား၊ ဘဏ်အပ်ငွေဘတ် ၅၀၀၀၀၀ မကျော်သူဖြစ်ရမည်။

ထိုငွေကို တလအတွင်းပေးမည်ဖြစ်ပြီး ထိုင်းအစိုးရ၏ဘတ်သန်း ၁၀၀၀၀၀၀ အရေးပေါ်ချေးငွေထဲမှ ဘတ်သန်း ၄၀၀၀၀ ဖြင့်ပေးသွားမည်ဖြစ်သည်။

ထိုင်းလူမှုဖူလုံရေးအက်ဥပဒေအရ အကြုံးဝင်သောလုပ်သားများထဲတွင် အစိုးရ၏လူမှုဖူလုံရေးကတ်ကိုင်ဆောင်သူ ၁.၁ သန်းခန့်သာမက ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ
အာစီယံဒေသတွင်း

ဆန္ဒအလျှောက် လုပ်အားပေးစစ်မှုထမ်းဖို့ စာရင်းပေးသူ ၂၅၁၀၀ ရှိကြောင်း ထိုင်းထုတ်ပြန်

ဆုန်ကရန်(သင်္ကြန်) ပွဲတော်ကြောင့် ရပ်ဆိုင်းထားတဲ့ တစ်နှစ်တာ ဆန္ဒအလျှောက်စစ်မှုထမ်းလျှောက်လွှာ အစီအစဉ်ကို ဧပြီ ၁၆ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်ခဲ့ရာ အလွှာမျိုးစုံက လူငယ်အမျိုးသား
အာစီယံဒေသတွင်း

ထိုင်းဆုန်ကရန်ပွဲတော်ရက်အတွင်း လူ ၂၃၂ ဦးသေဆုံး၊ ဒဏ်ရာရသူ အများစု ခါးပတ်မပတ်သူတွေဖြစ် 

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ရက် ဧပြီ ၁၁ ရက်ကနေ ၁၆ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ ၂၃၂ ဦးရှိခဲ့ကာ ဒဏ်ရာ ရရှိသူပေါင်း ၁၇,၇၇၅ ဦး ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန
အာစီယံဒေသတွင်း

ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ စွန့်စားမဲဆွယ်လိုက်တဲ့ ဖွေထိုင်းပါတီ (သို့မဟုတ်) သက်ဆင်ရဲ့ ပိုင်ဆိုင်မှုအကုန်ရင်းလိုက်တဲ့ ထိုင်းရွေးကောက်ပွဲ (ဘာသာပြန်)

လာမယ့်မေလလယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ အိမ်နီးချင်းထိုင်းရဲ့ ရွေးကောက်ပွဲ နဲ့ အာဏာအခင်းအကျင်းပြောင်းလဲမှုဟာ မြန်မာနိုင်ငံအတွက် အများကြီးသက်ရောက်မှုတွေရှိစေမှာဖြစ်သလို ထိုင်းမှာ အခြေချနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားသန်းချီရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေလို့ မဖြစ်မနေ စိတ်ဝင်စားရမယ့်အနေအထားပါ။ 
ဒေသတွင်းသတင်း အာစီယံဒေသတွင်း

မီးခိုးမြူကပ်ဘေးတကယ့်တရားခံအစစ်က ဘယ်သူလဲ(ဘာသာပြန်)

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။ 
အာစီယံဒေသတွင်း

ဇနီးက ပစ်သတ်လို့ ထိုင်းဒုရဲမှူးချုပ် သေဆုံး

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုတိယရဲမှုးချုပ် ပန်ညာပင်ဆက်ကို နေအိမ်မှာပဲ ဇနီးသည် ဖြစ်သူက ၉ မမ ပစ္စတိုနဲ့ ဖေဖော်ဝါရီလ ၁၉ရက်က နေအိမ်မှာပဲ ပစ်ခဲ့လို့ သေဆုံးသွားပါတယ်။
အာစီယံဒေသတွင်း

လောင်းကစားစွဲပြီး အစိုးရငွေဘတ် ၄၄ သန်း အလွဲသုံးစားလုပ်တဲ့ ထိုင်းစာရင်းကိုင်အမျိုးသမီးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖစ်စနူလော့ခရိုင် အုပ်ချုပ်ရေးမှူးရုံးက လောင်းကစားစွဲနေတဲ့ အစိုးရစာရင်းကိုင်အမျိုးသမီးဟာ ဘတ် ၄၄ သန်းအလွဲသုံးစားလုပ်ခဲ့တာ‌ကြောင့် ဖမ်းဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။