ဒေသတွင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင် 19 Apr - 2023
မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

တာချီလိတ်မြို့ လွယ်တော်ခမ်း-ညောင်လွတ် သက်တော်ရှည်ဘုန်ကြီးကျောင်းနားမှာ နေတဲ့ ကိုဖိုးခွားဆိုသူ မနေ့က မတော်တဆမီးလောင်ခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“ဖြစ်တာကတော့ မနေ့က မွန်းလွဲပေါ့။ ၃ နာရီလောက်ဖြစ်မယ်။ သူက ဆိုင်ကယ်ဆီထည့်ဖို့ ထင်တယ် ဓာတ်ဆီဘူး ကိုင်ထားတဲ့အချိန်ဘေးကလူက ဆေးလိပ်သောက်နေတော့ မီးပွားကျသွားပြီး ထလောင်တာ။ တော်သေးတယ်။ မသေတာပဲ။ ဒဏ်ရာတွေတော့များတယ်။ မီးလောင်ဒဏ်ရာတွေပေါ့” လို့ သူကပြောပါတယ်။

ခန္ဓာကိုယ်အနှံ့ နဲ့ မျက်နှာ မှာ မီးလောင် ဒဏ်ရာတွေရခဲ့ပေမဲ့ စိုးရိမ်စရာတော့မရှိပဲ တာချီလိတ်လူမှုကူညီရေးအသင်းတစ်ခုက တာချီလိတ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီခဲ့သူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဓာတ်ဆီတို့လို လောင်ကျွမ်းလွယ်တဲ့ အရာတွေနား မီးလောင်လွယ်တဲ့ပစ္စည်းတွေယူမလာကြဖို့ နဲ့ မီးလောင်လွယ်တဲ့ပစ္စည်းတွေကို ဂရုစိုက် ကိုင်တွယ်ပေးကြဖို့ လူမှုကူညီရေးအသင်းတစ်ခုက ပြည်သူတွေကို အသိပေးထားပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

မူဆယ်တွင် အိမ်ထောင်စုစာရင်းနှင့် စာအုပ်နီအတုပြုလုပ်ကာ ငွေလိမ်လည်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

လွိုင်လင်နှင့် နမ့်စန်ကြား ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နှင့် နမ့်စန်မြို့ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျပြီး ယာဥ်ပေါ်ပါ ၁၁ ဦးထဲမှ အမျိုးသားတစ်ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ်လောင်းတစ်ဦးက မဲဆွယ် စည်းရုံးလိုက်ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ဟိုပုံးဈေးတွင် ဖုန်းလုသည့် အမျိုးသမီးတစ်ဦးအား ဈေးသည်များ ဝိုင်းဖမ်းသော်လည်း စည်ပင် ပြန်လွှတ်ပေး

မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ဈေးတွင် ဖုန်းလုသော အမျိုးသမီးတစ်ဦးကို ဈေးသည်များက ဝိုင်းဖမ်းပေးခဲ့သော် လည်း စည်ပင်က လာခေါ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၂၃ ရက် တွင် ယင်းအမျိုးသမီးသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ပင်လောင်းတွင် တစ်ပတ်အတွင်း ဆိုင်ကယ် လုယက်မှု ၂ ကြိမ်ဖြစ်

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

မိုင်းဆတ်တွင် ယာဉ်တိမ်းမှောက်မှု ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်၊ မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now