မှုခင်းသတင်း

မြောက်ဥက္ကလာမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တိုက်ကြီးမှာ ပြန်တွေ့

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက တိုက်ကြီးမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ကူညီရှာဖွေရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၃

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက တိုက်ကြီးမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ကူညီရှာဖွေရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့၊ ညနေပိုင်းက ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တွေ့ရှိလို့ တိုက်ကြီးမြို့နယ် ရွာသစ်ကုန်းရှိ ကောင်းကြီး ကလေးလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာမှာ ခေတ္တ စောင့်ရှောက်ပေးခဲ့တာ ဖြစ်တယ်လို့ ဖခင်ဖြစ်သူ ကိုကျော်သူရ ကပြောပါတယ်။

“မနေ့က မနက်ပိုင်းမှာ ၈ မိုင်ဘက်က ဆိုင်တွေ အချို့ မုန့်ကျွေးပြီး သူ့ကို လမ်းပေါ်မှာ တွေ့တယ်လို့ အကြောင်းကြားတဲ့ သူတွေ ရှိပါတယ်။ သူငယ်ချင်း အသိမိတ်ဆွေတွေ ကလည်း ကူရှာပေးကြတယ်။ ဒီမနက်ကြတော့ တိုက်ကြီး KBZ ဘဏ်က အစ်မ တစ်ယောက် တွေ့တယ်ဆိုလို့ လိုက်သွားတာ။ သမီးက ညပိုင်း တိုက်ကြီး ရောက်နေလို့ ရဲတပ်ကြပ်ကြီးဇော်ထွန်းက ပရဟိတ ဂေဟာမှာ ညသိပ်ပြီး ထားပေးထားတာပါ။ ခုတော့ သမီးလေး ပြန်တွေ့လို့ ဝမ်းသာရပါတယ်။ ကူညီပေးတဲ့ သူတွေ အားလုံးလည်း ကျေးဇူး တင်ပါတယ်” လို့ သူကပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ အသက် ၁၇ နှစ်အရွယ် မဝင့်ကြည်ခိုင် (ခေါ်) မမ ဟာ စကားမပြောတတ်သူဖြစ်ပြီး ဖခင်ဖြစ်သူ ကိုကျော်သူရ မန္တလေးသို့ ခရီးသွားစဉ် ဖခင် ဖြစ်သူကို လိုက်လံရှာဖွေရာက မြောက်ဥက္ကလာ နေအိမ်က ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ အခုလ အတွင်း အသက် ၃၀ အောက် လူငယ်တွေ ပျောက်ဆုံးမှု ရှိနေပြီး တချို့ကို ပြန်တွေ့ပေမယ့် မတွေ့သေးတဲ့ သူတွေလည်း ရှိနေတယ်လို့ ကူညီရေးအသင်း အချို့က ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

မူဆယ်တွင် အိမ်ထောင်စုစာရင်းနှင့် စာအုပ်နီအတုပြုလုပ်ကာ ငွေလိမ်လည်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို
နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

လွိုင်လင်နှင့် နမ့်စန်ကြား ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နှင့် နမ့်စန်မြို့ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျပြီး ယာဥ်ပေါ်ပါ ၁၁ ဦးထဲမှ အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ဟိုပုံးဈေးတွင် ဖုန်းလုသည့် အမျိုးသမီးတစ်ဦးအား ဈေးသည်များ ဝိုင်းဖမ်းသော်လည်း စည်ပင် ပြန်လွှတ်ပေး

မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ဈေးတွင် ဖုန်းလုသော အမျိုးသမီးတစ်ဦးကို ဈေးသည်များက ဝိုင်းဖမ်းပေးခဲ့သော် လည်း စည်ပင်က လာခေါ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၂၃ ရက် တွင် ယင်းအမျိုးသမီးသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ပင်လောင်းတွင် တစ်ပတ်အတွင်း ဆိုင်ကယ် လုယက်မှု ၂ ကြိမ်ဖြစ်

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

မိုင်းဆတ်တွင် ယာဉ်တိမ်းမှောက်မှု ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်၊ မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

သိန္နီမြို့ စိန်နဂါး စက်သုံးဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၇ ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ဖွင့်လှစ်ထားသော စိန်နဂါး စက်သုံးဆီဆိုင် ယနေ့ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီလောင်မှု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

အေးသာယာမြို့ တပင်ရွှေထီး ဓာတ်ဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၆ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ တပင်ရွှေထီး ဓာတ်ဆီဆိုင် ဆီဂို ထောင်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ မီးလောင်မှုမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွားများ ဝင်တိုက်မှု ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွား လမ်းလာများအား ဝင်တိုက်မိရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိသည်ဟု ဒေသခံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now