မှုခင်းသတင်း

ရန်အောင်ကားမှတ်တိုင်မှာ ပိုက်ဆံအိတ်လုခံရလို့ အော်ဟစ်အကူအညီတောင်းတဲ့ အမျိုးသမီးငယ် ဓားထိုးခံရ

မဲခေါင် 25 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ရန်အောင် ကားမှတ်တိုင်မှာ အမျိုးသမီးငယ် တစ်ဦး ပိုက်ဆံအိတ် လုယူခံရတဲ့ အတွက် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းခံစဉ် ဓားထိုးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ရန်အောင် ကားမှတ်တိုင်မှာ အမျိုးသမီးငယ် တစ်ဦး ပိုက်ဆံအိတ် လုယူခံရတဲ့ အတွက် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းခံစဉ် ဓားထိုးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၈ နာရီကျော်က မောင်ဖြစ်သူနဲ့ ဓားထိုးခံရသူ အမျိုးသမီးတို့ ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် ပိုက်ဆံအိတ် လုယူခံရတာဖြစ်ပြီး အမျိုးသမီးက ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းတဲ့ အတွက် လုယက်သူ အမျိုးသားက ဓားနဲ့ထိုးကာ ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သွားရောက်ကူညီ ကယ်ဆယ်ရာမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

“ကလေးမလေး မောင်နှမ ၂ ယောက် ကားမှတ်တိုင်မှာ ဖြစ်သွားတာ။ ဓားနဲ့ထိုးခံရတော့ အနီး ပတ်ဝန်းကျင်က လူတွေလည်း ရောက်လာကြတယ်။ ကူညီ ကယ်ဆယ်ရေး ကားတွေလည်း ရောက်လာပြီး ကလေးမလေးကို ရန်ကုန် ဆေးရုံကြီး ပို့ပေးလိုက်ကြတယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး။ ဓားနဲ့ထိုးခံရတော့ မိန်းကလေးငယ်လည်း ဖြစ်တော့ ကြောက်သွားတာပေါ့။ ဘယ်စစ်သားနဲ့ ရဲတွေ တစ်ကောင်မှ ရောက်မလာပါဘူး။ ဖမ်းမိလည်း သူတို့လက်ထဲ အပ်လိုက်ရင် ပြန်လွတ်လာတာပဲလေ” လို့ သူကပြောပါတယ်။

အလားတူ အင်းစိန်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်၊ ညပိုင်းက ကုန်ထမ်းပြီး ပြန်လာတဲ့ လူငယ်တစ်ဦး လုယက်ခံရပြီး လူငယ်က ပြန်ခုခံရာက တင်ပါး ဓားထိုးခံခဲ့ရကာ စက်ဘီးနင်းပြေး တဲ့အတွက် လွတ်မြောက်ခဲ့ ပေမယ့် ကုန်ထမ်းလို့ရတဲ့ ငွေတွေ ပါသွားတယ်လို့ သွားရောက် ကူညီပေးခဲ့သူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လုယက်မှု၊ ဓားပြမှုနဲ့ လူသတ်မှုတွေကို ဖော်ထုတ် ဖမ်းဆီးမှု မရှိဘဲ နိုင်ငံရေးနဲ့ ပတ်သက်သူများကိုသာ ဖမ်းဆီး စစ်ဆေး အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

မူဆယ်တွင် အိမ်ထောင်စုစာရင်းနှင့် စာအုပ်နီအတုပြုလုပ်ကာ ငွေလိမ်လည်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို
နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

လွိုင်လင်နှင့် နမ့်စန်ကြား ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နှင့် နမ့်စန်မြို့ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျပြီး ယာဥ်ပေါ်ပါ ၁၁ ဦးထဲမှ အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ဟိုပုံးဈေးတွင် ဖုန်းလုသည့် အမျိုးသမီးတစ်ဦးအား ဈေးသည်များ ဝိုင်းဖမ်းသော်လည်း စည်ပင် ပြန်လွှတ်ပေး

မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ဈေးတွင် ဖုန်းလုသော အမျိုးသမီးတစ်ဦးကို ဈေးသည်များက ဝိုင်းဖမ်းပေးခဲ့သော် လည်း စည်ပင်က လာခေါ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၂၃ ရက် တွင် ယင်းအမျိုးသမီးသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ပင်လောင်းတွင် တစ်ပတ်အတွင်း ဆိုင်ကယ် လုယက်မှု ၂ ကြိမ်ဖြစ်

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

မိုင်းဆတ်တွင် ယာဉ်တိမ်းမှောက်မှု ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်၊ မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

သိန္နီမြို့ စိန်နဂါး စက်သုံးဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၇ ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ဖွင့်လှစ်ထားသော စိန်နဂါး စက်သုံးဆီဆိုင် ယနေ့ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီလောင်မှု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

အေးသာယာမြို့ တပင်ရွှေထီး ဓာတ်ဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၆ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ တပင်ရွှေထီး ဓာတ်ဆီဆိုင် ဆီဂို ထောင်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ မီးလောင်မှုမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွားများ ဝင်တိုက်မှု ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွား လမ်းလာများအား ဝင်တိုက်မိရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိသည်ဟု ဒေသခံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now