မှုခင်းသတင်း

လူမှုကွန်ရက်မှာ “လိပ်ပြာ” လို့ နာမည်ကြီးတဲ့ အလှပြင်ဆိုင်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ စက်ရုံလမ်းမှာ ဖွင့်လှစ်ထားတဲ့ Bright Star အလှပြင်ဆိုင် ပိုင်ရှင် ဖြစ်သူကို အလှပြင် ခွဲစိတ်မှုတွေ လုပ်နေတဲ့ အတွက် သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေး ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ စက်ရုံလမ်းမှာ ဖွင့်လှစ်ထားတဲ့ Bright Star အလှပြင်ဆိုင် ပိုင်ရှင် ဖြစ်သူကို အလှပြင် ခွဲစိတ်မှုတွေ လုပ်နေတဲ့ အတွက် သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေး ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

အမျိုးသမီး လိင်အင်္ဂါ ခွဲစိပ် ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ “လိပ်ပြာ” အဖြစ် နာမည်ကြီးနေတဲ့ အဲဒီ ဆိုင်မှာ ရင်သားတွဲနေတာ၊ နှာခေါင်း ဆီလီကွန် ထည့်ပေးတာနဲ့ အခြား ခွဲစိတ်မှုတွေကို တရားဝင် လိုင်စင် မရှိဘဲ အလှပြင်ဆိုင် အတွင်းမှာ ခွဲစိတ်နေတဲ့ အတွက် ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက တာဝန်ရှိသူတွေ ဝင်ရောက် စစ်ဆေးပြီးနောက် ဆိုင်ရှင် အမျိုးသမီးကို ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် အလှပြင်ဆိုင် လူမှုကွန်ရက် စာမျက်နှာမှာတော့ သက်ဆိုင်ရာက စစ်ဆေးမှုတွေကို လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က လုပ်ခဲ့တာ ဖြစ်ပြီး အဖမ်းခံရတာမျိုး မရှိဘူးလို့ လွန်ခဲ့တဲ့ နာရီပိုင်းက ရေးသား ဖြေရှင်းထားပါတယ်။

“ညီမလည်း သူ့ဆီမှာ ခွဲဖူးတယ်။ မိန်းမ ခန္ဓာကိုယ်တွေကို လက်ရဲဇက်ရဲ လုပ်တာ။ ပြီးတော့ သူ့ဆီမှာ ဆေးလက်မှတ်လည်း ရှိတာ မဟုတ်ဘူး။ ညီမလည်း ပိုးဝင်ဖူးတယ်။ အသိ သူနာပြုက အဲ့လိုတွေ မလုပ်နဲ့ပြောလို့ ဆရာဝန်နဲ့ ပြန်ပြရတာ။ အဲ့တုန်းက ၁၅ သိန်းလောက် ကုန်သွားတယ်။ ပိုးဝင်လို့ သူကို ပြောတော့ ဘာမှ မလုပ်ပေးဘူး။ ပိုက်ဆံ တောင်းချက်ကတော့ လက်လန်တယ်” လို့ သွားရောက်ခွဲစိတ်ဖူးသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အဆိုပါဆိုင်မှာ အမျိုးသမီး အင်္ဂါနဲ့ ပတ်သက်လို့ လာရောက် ပြုပြင်မှုတွေ ရှိကြပြီး အချို့မှာ အဆင်မပြေတဲ့ အတွက် ရောဂါပိုးဝင်ကာ တရားဝင် ဆရာဝန်များနဲ့ ပြန်လည် ပြသနေရတာတွေ ရှိတယ်လို့ သူကပြောပါတယ်။

အဆိုပါ ဆိုင်ပိုင်ရှင် ဖြစ်သူ အမျိုးသမီးကို ဒေါပုံ ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးခဲ့ပြီး ဘာမှ ပြောပိုင်ခွင့် မရှိသေးဘူးလို့ ရဲအရာရှိ တစ်ဦးကပြောပါတယ်။

အဆိုပါ ဆိုင်ပိုင်ရှင် အမျိုးသမီးဟာ ဆုကြေးငွေ သိန်းပေါင်းများစွာ လိမ်လည်မှုနဲ့ ဆက်စပ်နေတယ်လို့ အဆိုပါ ရဲအရာရှိက ပြောဆိုပေမယ့် အသေးစိတ်ကို ဖြေကြားတာတော့ မရှိသေးပါဘူး။

MK-005
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

မူဆယ်တွင် အိမ်ထောင်စုစာရင်းနှင့် စာအုပ်နီအတုပြုလုပ်ကာ ငွေလိမ်လည်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို
နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

လွိုင်လင်နှင့် နမ့်စန်ကြား ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နှင့် နမ့်စန်မြို့ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျပြီး ယာဥ်ပေါ်ပါ ၁၁ ဦးထဲမှ အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ဟိုပုံးဈေးတွင် ဖုန်းလုသည့် အမျိုးသမီးတစ်ဦးအား ဈေးသည်များ ဝိုင်းဖမ်းသော်လည်း စည်ပင် ပြန်လွှတ်ပေး

မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ဈေးတွင် ဖုန်းလုသော အမျိုးသမီးတစ်ဦးကို ဈေးသည်များက ဝိုင်းဖမ်းပေးခဲ့သော် လည်း စည်ပင်က လာခေါ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၂၃ ရက် တွင် ယင်းအမျိုးသမီးသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ပင်လောင်းတွင် တစ်ပတ်အတွင်း ဆိုင်ကယ် လုယက်မှု ၂ ကြိမ်ဖြစ်

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

မိုင်းဆတ်တွင် ယာဉ်တိမ်းမှောက်မှု ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်၊ မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

သိန္နီမြို့ စိန်နဂါး စက်သုံးဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၇ ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ဖွင့်လှစ်ထားသော စိန်နဂါး စက်သုံးဆီဆိုင် ယနေ့ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီလောင်မှု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

အေးသာယာမြို့ တပင်ရွှေထီး ဓာတ်ဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၆ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ တပင်ရွှေထီး ဓာတ်ဆီဆိုင် ဆီဂို ထောင်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ မီးလောင်မှုမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွားများ ဝင်တိုက်မှု ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွား လမ်းလာများအား ဝင်တိုက်မိရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိသည်ဟု ဒေသခံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now