မှုခင်းသတင်း

အသုတ်မြို့က ဓာတ်ဆီဆိုင် မီးလောင်မှု ဆိုင်ဝန်ထမ်း ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက် ပုသိမ်-မုံရွာ လမ်းမဘေးမှာ ဖွင့်လှစ် ရောင်းချနေတဲ့ ဓာတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ၅ ဦးအနက် ၃ ဦး သေဆုံးကာ ၂ ဦး ဆေးရုံ တင်ထားရတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက် ပုသိမ်-မုံရွာ လမ်းမဘေးမှာ ဖွင့်လှစ် ရောင်းချနေတဲ့ ဓာတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ၅ ဦးအနက် ၃ ဦး သေဆုံးကာ ၂ ဦး ဆေးရုံ တင်ထားရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီကျော်က မီးစတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နေရာမှာ အမျိုးသား တစ်ဦး သေဆုံးကာ ဆေးရုံ တင်ထားတဲ့ လူနာ ၄ ဦးအနက် ၂ ဦးမှာ မီးလောင် ဒဏ်ရာများနဲ့ ထပ်မံ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရေကြည် မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ မီးလောင်မှု ဖြစ်တဲ့ ဆီဆိုင်မှာ တစ်ယောက် သေတယ်။ အားလုံးထိတာ ဝန်ထမ်း ၅ ယောက်ပါ။ ဆေးရုံ တင်ထားတဲ့ ၄ ယောက်မှာ ၂ ယောက် ဒီနေ့ ၂၀ ရက်နေ့ မနက်မှာ ဆုံးသွားတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ဆေးရုံမှာ ဆက်ပြီး ကုသမှုတွေ လုပ်နေပါတယ်” လို့ သူကပြောပါတယ်။

စစ်သုံးဆီဆိုင် အတွင်း ဓာတ်ဆီပေပါ အလွတ်ထဲသို့ ဆီတွေ ပြောင်းထည့်စဉ် အဖုံးကို ဂေါက်တံနဲ့ ရိုက်ဖွင့်ရာမှ မီးပွင့်ထွက်ပြီး မီးလောင်မှု စတင် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဒီမီးလောင်မှုကို နီးစပ်ရာ မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တွေ လာရောက် ငြိမ်းသတ်ခဲ့ရပြီး မနေ့က ည ၁၁ နာရီကျော်မှာ ငြိမ်းသတ်နိုင်ခဲ့ကာ စက်သုံးဆီ အရောင်းဆိုင် အဆောက်အဦ အပြင် ဆီတင်ယာဉ်တွေပါ မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

သိန္နီမြို့နယ်က အိုရီယမ်တယ်တိုးဂိတ် ဓားပြတိုက်ခံရပြီး လမ်းကြေးကောက်ခံရငွေ အကုန်ပါသွား

မဲခေါင်၊ မေ ၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ သေနတ်ပစ်မှုဖြစ်ပြီး တစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

တာချီလိတ်မြို့မှာ စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
မှုခင်းသတင်း

မြောက်ဥက္ကလာမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တိုက်ကြီးမှာ ပြန်တွေ့

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက တိုက်ကြီးမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ကူညီရှာဖွေရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို
မှုခင်းသတင်း

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ် ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

မဲခေါင်၊ မတ် ၂၃ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို လိုက်ထရပ်ကား နောက်က ဝင်တိုက်လို့ အမျိုးသား ၂ ဦး သေဆုံးပြီး အများအပြား
မှုခင်းသတင်း

မင်္ဂလာဒုံမှာ ကားငှားစီးသူတွေက အငှားယာဉ်မောင်းကိုရိုက်နှက် လမ်းမှာပစ်ချပြီး ကားနဲ့ဖုန်းလုယက်သွား

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်မှာ မတ်လ ၂၁ ရက် ည ၇ နာရီကျော် အမျိုးသား ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ပြီး
မှုခင်းသတင်း

စစ်တပ်နဲ့ရဲထူထပ်တဲ့ တောင်ကြီး မြန်မာ့စီးပွါးရေးဘဏ်မှာ ပင်စင်ထုတ်တဲ့ အငြိမ်းစားဝန်ထမ်း ခါးပိုက်နှိုက်ခံရ

မဲခေါင်၊ မတ် ၂၂ စစ်တပ်နဲ့ရဲ ထူထပ်စွာ ချထားတဲ့ ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ မြန်မာ့စီးပွား‌ရေးဘဏ်မှာ မနေ့က ပင်စင်လာထုတ်တဲ့ ထွေအုပ် အငြိမ်းစားဝန်ထမ်း တစ်ဦး ခါးပိုက်နှိုက် ခံလိုက်ရတယ်လို့ နီးစပ်သူတွေ ထံက သိရပါတယ်။
မှုခင်းသတင်း

ဓားပြတိုက်ခံရပြီး ၁၀ နှစ်အကြာမှာ ဓားပြထပ်တိုက်ခံရတဲ့ မုံရွာက ပေါ်ဦး ရွှေဆိုင် အချီကြီးပါသွား

မဲခေါင်၊ မတ် ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြ တိုက်ခိုက်ခံရလို့ ရွှေနဲ့ ငွေကြေး အများအပြား ပါသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။