မှုခင်းသတင်း

သာကေတမြို့နယ်မှာ ဒလန်လို့နာမည်ထွက်နေတဲ့ စိန်ကုလား ဆိုသူ ပစ်သတ်ခံရ

မဲခေါင် 16 Dec - 2022
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၁၀) ရပ်ကွက်၊ မြောက်ကွေ့ အိမ်ရာ အနီး ဘုရားလေးကွေ့ ကားရေဆေးခုံမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ စိန်ကုလား (ခ) ဘာဘူ ဆိုသူ သေနတ်နဲ့ ပစ်သတ် ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ် ဝန်းကျင်မှာ အမည်မသိ လူတစ်စုက သေနတ်နဲ့ ၆ ချက် ပစ်ခဲ့တဲ့ အတွက် စိန်ကုလား ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။ “ သူကြောင့် အဖမ်းခံရတဲ့ လူငယ်တွေ အတော်များတယ်။ ရပ်ကွက်ထဲမှာတော့

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၁၀) ရပ်ကွက်၊ မြောက်ကွေ့ အိမ်ရာ အနီး ဘုရားလေးကွေ့ ကားရေဆေးခုံမှာ ဒလန်လို့ နာမည်ထွက်နေတဲ့ စိန်ကုလား (ခ) ဘာဘူ ဆိုသူ သေနတ်နဲ့ ပစ်သတ် ခံလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ် ဝန်းကျင်မှာ အမည်မသိ လူတစ်စုက သေနတ်နဲ့ ၆ ချက် ပစ်ခဲ့တဲ့ အတွက် စိန်ကုလား ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

“ သူကြောင့် အဖမ်းခံရတဲ့ လူငယ်တွေ အတော်များတယ်။ ရပ်ကွက်ထဲမှာတော့ နာမည်ကြီးနေတာ။ သူနဲ့ မတည့်ရင် ရပ်ကွက်ထဲက သူတွေကိုလည်း လိုက်တိုင်နေတဲ့ ကောင်ပေါ့ဗျာ။ ခုတော့ သေချင်းဆိုးနဲ့ သေပြီ။ ဆန္ဒပြတဲ့ ကလေးတွေလည်း သူတိုင်လို့ အဖမ်းခံရတာတွေ အများကြီးရှိတယ်” လို့ သူကပြောပါတယ်။

လူသတ်မှု ဖြစ်ပွားပြီးနောက် သာကေတ (၁၀) မြောက်ရပ်ကွက် အတွင်း စစ်ကောင်စီတပ်တွေ လာရောက် စစ်ဆေးခဲ့ပြီး ဒီကနေ့ည အဆိုပါ ရပ်ကွက် အတွင်း ဧည့်စာရင်း စစ်ဆေးမှုတွေ ပြုလုပ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

အခု ပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ သတင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သာကေတမြို့နယ်နဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်း အပါအဝင် ရန်ကုန်မှာ မကြာခဏဆို သလို စစ်ကောင်စီ သတင်းပေး ဆိုသူတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရမှုတွေ ဖြစ်ပွားနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

ကျောက်မဲ ဗဟိုဈေးမှာ ခါးပိုက်နှိုက် သောင်းကျန်းနေ

မဲခေါင်၊ ဇန်နဝါရီ ၂၈ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဗဟိုဈေးကြီးမှာ အခု ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ခါးပိုက်နှိုက်တွေ
မှုခင်းသတင်း

ပူနားကိုမှာ စိတ်ကြွဆေးပြား ၆ သန်းကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိ

မဲခေါင်၊ ဇန်နဝါရီ ၂၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့
မှုခင်းသတင်း

တောင်ကြီးမှာ အမျိုးသမီးငယ်ကို အမျိုးသား ၂ ဦးက ရိုက်နှက်ပြီး i-Phone လုသွား

မဲခေါင်၊ ဇန်နဝါရီ ၂၅ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဇန်နဝါရီလ ၂၄ ရက်၊ ညပိုင်းက အမျိုးသမီးငယ် တစ်ဦးကို အမျိုးသား ၂ ဦးက ရိုက်နှက်ပြီး i-Phone လုယူမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ
မှုခင်းသတင်း

ကျိုင်းတုံမှာ ဆိုင်ကယ်မှောက်လို့ ရဲတပ်ကြပ် ပွဲချင်းပြီး သေဆုံး

မဲခေါင်၊ ဇန်နဝါရီ ၂၄ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက ဆိုင်ကယ်မှောက်လို့ ရဲတပ်ကြပ် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တိုင်းနေ နာရေးကူညီမှုအသင်းထံက သိရပါတယ်။
မှုခင်းသတင်း

လူမှုကွန်ရက်မှာ “လိပ်ပြာ” လို့ နာမည်ကြီးတဲ့ အလှပြင်ဆိုင်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်

မဲခေါင်၊ ဇန်နဝါရီ ၂၁ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ စက်ရုံလမ်းမှာ ဖွင့်လှစ်ထားတဲ့ Bright Star အလှပြင်ဆိုင် ပိုင်ရှင် ဖြစ်သူကို အလှပြင် ခွဲစိတ်မှုတွေ လုပ်နေတဲ့ အတွက် သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေး
မှုခင်းသတင်း

ရွှေညောင်မြို့က အမျိုးသမီးငယ်တစ်ဦး ၈ ရက်ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

မဲခေါင်၊ ဇန်နဝါရီ ၂၁ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ၈ ရက်ကြာအထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
မှုခင်းသတင်း

အသုတ်မြို့က ဓာတ်ဆီဆိုင် မီးလောင်မှု ဆိုင်ဝန်ထမ်း ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၂၀ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက် ပုသိမ်-မုံရွာ လမ်းမဘေးမှာ ဖွင့်လှစ် ရောင်းချနေတဲ့ ဓာတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ၅ ဦးအနက် ၃
မှုခင်းသတင်း

တောင်ကြီးဒေသခံ ရွှေ့ပြောင်းအလုပ်သမား ၁ ‌ဦး ထိုင်းနိုင်ငံမှာ ဓားထိုးခံရပြီး သေဆုံး

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က ရွှေ့ပြောင်း အလုပ်သမား တစ်‌ဦး ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းက ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။