မှုခင်းသတင်း

လှည်းကူးမှာ ဓားပြတိုက်ခံရလို့ ကားနဲ့ငွေသိန်းတစ်ရာကျော်ပါသွား

မဲခေါင် 11 Mar - 2023
မဲခေါင်၊ မတ် ၁၁ လှည်းကူးမြို့နယ်က နေအိမ်တစ်လုံးကို မတ်လ၁၀ရက်ညပိုင်းက အမျိုးသား​၇ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ကားတစ်စီးနဲ့ ငွေကျပ်သိန်း၁၀၀ ကျော် လုယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၁၁

လှည်းကူးမြို့နယ်က နေအိမ်တစ်လုံးကို မတ်လ၁၀ရက်ညပိုင်းက အမျိုးသား​၇ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ကားတစ်စီးနဲ့ ငွေကျပ်သိန်း၁၀၀ ကျော် လုယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ်လ ၁၀ရက်နေ့၊ ည ၇နာရီဝန်းကျင်က လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ရွာရှိ အိမ်​ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးကိုကိုနေအိမ်သို့ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၇ယောက် လက်နက်တွေနဲ့ရောက်ရှိလာပြီး ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ လှည်းကူးဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ ကားကတော့ မာစီဒီးကားကိုယူသွားတာ။ ဒီရွာမှာတော့ သူတို့ကလည်းဆရာကြီးတွေပါ။ ပိုက်ဆံကတော့ သိန်းတစ်ရာကျော်လောက် ပါသွားတယ်ကြားတယ်။ လူတွေကိုတော့ ဘာမှလုပ်မသွားဘူး။ သူတို့မိသားစုဝင်တွေအားလုံး ဧည့်ခန်းမှာချုပ်ပြီး ထားခဲ့တာ။ အိမ်ထဲဝင်မွှေပြီးမှ ပိုက်ဆံနဲ့ကားကိုယူပြီး ထွက်သွားတာလို့ပြောတယ်” လို့ သူက ပြောပါတယ်။

အဲဒီရွာမှာ ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ လှည်းကူးမြို့နယ်အတွင်း စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဓားပြတိုက်ခဲ့သူတွေကိုတော့ ဖမ်းဆီးရမိခဲ့တာမရှိဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ရက်နေ့၊ ည၈နာရီဝန်းကျင်ကလည်း လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ၄လမ်းမှာရှိတဲ့ နေအိမ်တစ်လုံးမှာ ကလေးငယ်တစ်ဦးအပါအဝင် မိသားစုအားလုံး သတ်ဖြတ်ခဲ့တဲ့ ၅လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပေမယ် စစ်ကောင်စီက ဒီနေ့အထိတရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

မြောက်ဥက္ကလာမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တိုက်ကြီးမှာ ပြန်တွေ့

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊
မှုခင်းသတင်း

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ် ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

မဲခေါင်၊ မတ် ၂၃ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို
မှုခင်းသတင်း

မင်္ဂလာဒုံမှာ ကားငှားစီးသူတွေက အငှားယာဉ်မောင်းကိုရိုက်နှက် လမ်းမှာပစ်ချပြီး ကားနဲ့ဖုန်းလုယက်သွား

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်မှာ မတ်လ ၂၁ ရက် ည ၇ နာရီကျော် အမျိုးသား ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ပြီး
မှုခင်းသတင်း

စစ်တပ်နဲ့ရဲထူထပ်တဲ့ တောင်ကြီး မြန်မာ့စီးပွါးရေးဘဏ်မှာ ပင်စင်ထုတ်တဲ့ အငြိမ်းစားဝန်ထမ်း ခါးပိုက်နှိုက်ခံရ

မဲခေါင်၊ မတ် ၂၂ စစ်တပ်နဲ့ရဲ ထူထပ်စွာ ချထားတဲ့ ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ မြန်မာ့စီးပွား‌ရေးဘဏ်မှာ မနေ့က ပင်စင်လာထုတ်တဲ့ ထွေအုပ် အငြိမ်းစားဝန်ထမ်း တစ်ဦး ခါးပိုက်နှိုက် ခံလိုက်ရတယ်လို့ နီးစပ်သူတွေ ထံက သိရပါတယ်။
မှုခင်းသတင်း

ဓားပြတိုက်ခံရပြီး ၁၀ နှစ်အကြာမှာ ဓားပြထပ်တိုက်ခံရတဲ့ မုံရွာက ပေါ်ဦး ရွှေဆိုင် အချီကြီးပါသွား

မဲခေါင်၊ မတ် ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြ တိုက်ခိုက်ခံရလို့ ရွှေနဲ့ ငွေကြေး အများအပြား ပါသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
မှုခင်းသတင်း

နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာပေးသွင်းဖို့ ပျက်ကွက်သူ အလှူရှင် စိုးထွန်းရှိန် ပြန်လွှတ်ပေးဖို့ မ.ဘ.သ တွေ လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ မတ် ၁၉ နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊ ဘုန်းကြီးတွေစုပြီး ရမည်းသင်းထောင်မှာ အကျဉ်းကျနေတဲ့ စိုးထွန်းရှိန် ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ လက်မှတ်ရေးထိုး
မှုခင်းသတင်း

ရန်ကုန်-ပြည် ကားလမ်းမမှာ ဇာတ်အဖွဲ့ကားမှောက်လို့ လူအများအပြား ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းကျေးရွာ အနီး ရန်ကုန်-ပြည် ကားလမ်းမမှာ ဒီကနေ့ မနက်ပိုင်းက ဇာတ်အဖွဲ့ လိုက်ပါလာတဲ့ ကားတိမ်းမှောက်လို့ လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အချို့ စိုးရိမ်ရတယ်လို့ သွားရောက်
မှုခင်းသတင်း

ဘုရားထီးတော် ပင့်ဆောင်ဖို့သွားတဲ့ကားက ရပ်ထားတဲ့ကားကို ဝင်တိုက်လို့ လူ ၂၀ ကျော်ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၁ ပြည်မြို့သို့ ဘုရားထီးတော် ပင့်ဆောင်ဖို့ သွားတဲ့ ကားတစ်စီး သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ရပ်ထားတဲ့ ကားကို နောက်က ဝင်တိုက်လို့ ကားပေါ် လိုက်ပါလာသူ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ