မှုခင်းသတင်း

လှည်းကူးမှာ ကလေးအပါအဝင် ၅ လောင်းပြိုင်လူသတ်မှုဖြစ်ပွား၊ တရားခံတွေ လွတ်မြောက်သွားမှာ ဒေသခံတွေ စိုးရိမ်

မဲခေါင် 23 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ (၄) လမ်းရှိ နေအိမ်တစ်လုံးမှာ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၈ နာရီကျော်က ၅ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေ လွတ်မြောက်သွားမှာကို စိုးရိမ်တယ်လို့ မိသားစုဝင်တွေနဲ့ ရင်နှီးသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ (၄) လမ်းရှိ နေအိမ်တစ်လုံးမှာ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၈ နာရီကျော်က ၅ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေ လွတ်မြောက်သွားမှာကို စိုးရိမ်တယ်လို့ မိသားစုဝင်တွေနဲ့ ရင်နှီးသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

၃ နှစ်အရွယ် ကလေးငယ် အပါအဝင် အသတ်ခံရတဲ့ မိသားစုဟာ ငါးခြောက်၊ ပုစွန်ခြောက် အွန်လိုင်းမှ ရောင်းဝယ်နေသူတွေ ဖြစ်ပြီး သေနတ်နဲ့ ပစ်သတ်ခံရခြင်း ဖြစ်ကာ သူတို့ဟာ ဒလန်မဟုတ်သလို PDF ကို ထောက်ပံ့ နေသူတွေ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

“ သေတဲ့သူတွေက ရပ်ကွက်ထဲမှာ အေးဆေးနေတဲ့ သူတွေပါ။ ခုလို အသတ်လည်း ခံရတယ်။ ထင်ရာမြင်ရာတွေ ပြောနေတာတော့ မကောင်းပါဘူး။ လူမှုရေး ကိစ္စကြောင့် သတ်တာလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းအရင်း အဖြစ်မှန် ပေါ်ဖို့ လိုတယ်။ ဒီလို အမှုတွေက လှည်းကူးမှာတော့ မဖြစ်ဖူးပါဘူး။ အသက် ၃ နှစ်အရွယ် ကလေးကိုပါ သတ်တာကိုတော့ တစ်ရပ်ကွက်လုံး ဒေါသထွက်ကြတယ်။ ခေါတ်အခြေအနေအရတော့ အမှုမှန်ပေါ်ဖို့ ဝေးတယ်လို့ ထင်တယ်” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

အခု ဖြစ်ပွားခဲ့တဲ့ ၅ လောင်းပြိုင် လူသတ်မှုမှာတော့ အသက် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေါ်စန်းနွဲ့၊ သားဖြစ်သူ မောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်နဲ့ အသက် ၈၅ နှစ်အရွယ် ဦးလေးဖြစ်သူတို့ သေနတ် ဒဏ်ရာတွေနဲ့ နေအိမ်ဧည့်ခန်းမှာ သေဆုံးနေတာဖြစ်ပြီး နေအိမ်အတွင်းက ပစ္စည်းတွေ ရှာဖွေယူဆောင်သွားတာ မရှိဘူးလို့ လူသတ်မှု ဖြစ်ပွားခဲ့တဲ့ နေအိမ် ရောက်ရှိခဲ့သူ တစ်ဦးက ပြောပါတယ်။

၂၀၁၆ ခုနှစ်က မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်မှာ ကိုစိုးနောင်နဲ့ ဇနီးဖြစ်သူ အပါအဝင် ကလေးငယ် ၂ ဦးကို ဓားနဲ့ အချက်များစွာ ထိုးသတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ အနေနဲ့ ယနေ့ချိန်ထိ တရားခံ အစစ်အမှန် ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

အလားတူ ကမာရွတ်မြို့နယ်၊ စိမ်းလဲ့ကန်သာလမ်းမှာ ၂၀၀၈ ခုနှစ်၊ မတ်လက ဖြစ်ပွားခဲ့တဲ့ ၅ လောင်းပြိုင် လူသတ်မှုမှာလည်း ယနေ့အချိန်ထိ တရားခံတွေ ဖမ်းဆီရမိခဲ့ခြင်း မရှိသေးပါဘူး။

MK-005

MeKongNew

လှည်းကူး

၅လောင်းပြိုင်လူသတ်မှု

စိမ်းလဲ့ကန်သာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာပေးသွင်းဖို့ ပျက်ကွက်သူ အလှူရှင် စိုးထွန်းရှိန် ပြန်လွှတ်ပေးဖို့ မ.ဘ.သ တွေ လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ မတ် ၁၉ နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊
မှုခင်းသတင်း

ရန်ကုန်-ပြည် ကားလမ်းမမှာ ဇာတ်အဖွဲ့ကားမှောက်လို့ လူအများအပြား ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းကျေးရွာ အနီး ရန်ကုန်-ပြည် ကားလမ်းမမှာ ဒီကနေ့ မနက်ပိုင်းက ဇာတ်အဖွဲ့
မှုခင်းသတင်း

လှည်းကူးမှာ ဓားပြတိုက်ခံရလို့ ကားနဲ့ငွေသိန်းတစ်ရာကျော်ပါသွား

မဲခေါင်၊ မတ် ၁၁ လှည်းကူးမြို့နယ်က နေအိမ်တစ်လုံးကို မတ်လ၁၀ရက်ညပိုင်းက အမျိုးသား​၇ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ကားတစ်စီးနဲ့ ငွေကျပ်သိန်း၁၀၀ ကျော် လုယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မှုခင်းသတင်း

ဘုရားထီးတော် ပင့်ဆောင်ဖို့သွားတဲ့ကားက ရပ်ထားတဲ့ကားကို ဝင်တိုက်လို့ လူ ၂၀ ကျော်ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၁ ပြည်မြို့သို့ ဘုရားထီးတော် ပင့်ဆောင်ဖို့ သွားတဲ့ ကားတစ်စီး သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ရပ်ထားတဲ့ ကားကို နောက်က ဝင်တိုက်လို့ ကားပေါ် လိုက်ပါလာသူ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ
မှုခင်းသတင်း

သာကေတမှာ အဝတ်ထွက်လှမ်းတဲ့ သက်ကြီးအမျိုးသား ၅ လွှာတိုက်ခန်းပေါ်က ပြုတ်ကျသေဆုံး

မဲခေါင်၊ မတ် ၁၁ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်ရှိ ၅ လွှာတိုက်ခန်း အနောက်ဘက်မှာ အဝတ်ထွက်လှမ်းတဲ့ အမျိုးသား ဒီကနေ့ မနက်ပိုင်းက ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက မဲခေါင်သတင်းကို
မှုခင်းသတင်း

မန္တလေးမှာ ဆိုင်ကယ်၊ ကားတွေအသုံးပြုပြီး ဓားခုတ်လုယက်နေတဲ့ ဂိုဏ်းကိုဖမ်းမိ

မဲခေါင်၊ မတ် ၁၀ မန္တလေးတိုင်းအတွင်း ဆိုင်းကယ်နဲ့ကားတွေ အသုံးပြုပြီး ဓားခုတ် လုယက်နေတဲ့ လူဆိုးဂိုဏ်းဝင် အမျိုးသား ၇ ဦးကို ဓားမျိုးစုံ၊ ဆိုင်ကယ် ၂ စီး၊ ကားတစ်စီးနဲ့အတူ မတ်လ ၄ ရက်နေ့၊
မှုခင်းသတင်း

လမ်းမတော်မှာ ကွက်ကီးမုန့်ထဲ ဆေးခြောက်ထည့်ရောင်းသူ ၂ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ မတ် ၁၀ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ၁၆ လမ်းရှိ ၈ လွှာတိုက်ခန်းမှာ နေထိုင်တဲ့အမျိုးသမီး တစ်ဦးရဲ့ နေအိမ်ကို မတ်လ ၈ ရက်နေ့က ဝင်ရောက်စစ်ဆေးရာ ကွက်ကီး မုန့်ထဲ ဆေးခြောက် ထည့်ပြီး
မှုခင်းသတင်း

Happy Water အပါအဝင် KTVနဲ့ ကလပ်မှာသုံးတဲ့ မူးယစ်ဆေးတချို့ တာချီလိတ်မှာဖမ်း

မဲခေါင်၊ မတ် ၈ တာချီလိတ်မြို့က ကေတီဗီ၊ ဘားနဲ့ ကလပ်တို့လို ဖျော်ဖြေရေးခန်းမတွေမှာ အသုံးပြုတဲ့ Happy Water၊ ကတ်တမင်း(ဒေသအခေါ် ခေး) နဲ့ တခြားမူးယစ်ဆေးတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။