မှုခင်းသတင်း

လားရှိုး ရွှေတောင်တန်း ရေသန့်စက်ရုံ မီးလောင်

မဲခေါင် 4 Mar - 2023
မဲခေါင်၊ မတ် ၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လာရှိုးမြို့၊ (၁၀) ရပ်ကွက်၊ ဂေါက်ကွင်းလမ်းရှိ ရွှေတောင်တန်း သောက်ရေသန့် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မဲခေါင်၊ မတ် ၄

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လာရှိုးမြို့၊ (၁၀) ရပ်ကွက်၊ ဂေါက်ကွင်းလမ်းရှိ ရွှေတောင်တန်း သောက်ရေသန့် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မတ်လ ၄ ရက်၊ မနက် ၂ နာရီ ဝန်းကျင်က မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး လျှပ်စစ်ဝါယာကြိုးများကြောင့် လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ လားရှိုး မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားတဲ့ ရေသန့်စက်ရုံကို မီးသတ်ယာဉ် ၁၃ စီးနဲ့ သွားရောက် ငြိမ်းသတ်ခဲ့ရပြီး မနက် ၃ နာရီ ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အတွက် ဆုံးရှုံးမှု တန်ဖိုး ၈၂ သိန်းကျော်ရှိပြီး စက်ရုံ မန်နေဂျာနဲ့ ညစောင့် အမျိုးသား ၂ ဦးကို လားရှိုး အမှတ် (၂) နယ်မြေ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

မြောက်ဥက္ကလာမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တိုက်ကြီးမှာ ပြန်တွေ့

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊
မှုခင်းသတင်း

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ် ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

မဲခေါင်၊ မတ် ၂၃ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို
မှုခင်းသတင်း

မင်္ဂလာဒုံမှာ ကားငှားစီးသူတွေက အငှားယာဉ်မောင်းကိုရိုက်နှက် လမ်းမှာပစ်ချပြီး ကားနဲ့ဖုန်းလုယက်သွား

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်မှာ မတ်လ ၂၁ ရက် ည ၇ နာရီကျော် အမျိုးသား ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ပြီး
မှုခင်းသတင်း

စစ်တပ်နဲ့ရဲထူထပ်တဲ့ တောင်ကြီး မြန်မာ့စီးပွါးရေးဘဏ်မှာ ပင်စင်ထုတ်တဲ့ အငြိမ်းစားဝန်ထမ်း ခါးပိုက်နှိုက်ခံရ

မဲခေါင်၊ မတ် ၂၂ စစ်တပ်နဲ့ရဲ ထူထပ်စွာ ချထားတဲ့ ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ မြန်မာ့စီးပွား‌ရေးဘဏ်မှာ မနေ့က ပင်စင်လာထုတ်တဲ့ ထွေအုပ် အငြိမ်းစားဝန်ထမ်း တစ်ဦး ခါးပိုက်နှိုက် ခံလိုက်ရတယ်လို့ နီးစပ်သူတွေ ထံက သိရပါတယ်။
မှုခင်းသတင်း

ဓားပြတိုက်ခံရပြီး ၁၀ နှစ်အကြာမှာ ဓားပြထပ်တိုက်ခံရတဲ့ မုံရွာက ပေါ်ဦး ရွှေဆိုင် အချီကြီးပါသွား

မဲခေါင်၊ မတ် ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြ တိုက်ခိုက်ခံရလို့ ရွှေနဲ့ ငွေကြေး အများအပြား ပါသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
မှုခင်းသတင်း

နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာပေးသွင်းဖို့ ပျက်ကွက်သူ အလှူရှင် စိုးထွန်းရှိန် ပြန်လွှတ်ပေးဖို့ မ.ဘ.သ တွေ လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ မတ် ၁၉ နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊ ဘုန်းကြီးတွေစုပြီး ရမည်းသင်းထောင်မှာ အကျဉ်းကျနေတဲ့ စိုးထွန်းရှိန် ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ လက်မှတ်ရေးထိုး
မှုခင်းသတင်း

ရန်ကုန်-ပြည် ကားလမ်းမမှာ ဇာတ်အဖွဲ့ကားမှောက်လို့ လူအများအပြား ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းကျေးရွာ အနီး ရန်ကုန်-ပြည် ကားလမ်းမမှာ ဒီကနေ့ မနက်ပိုင်းက ဇာတ်အဖွဲ့ လိုက်ပါလာတဲ့ ကားတိမ်းမှောက်လို့ လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အချို့ စိုးရိမ်ရတယ်လို့ သွားရောက်
မှုခင်းသတင်း

လှည်းကူးမှာ ဓားပြတိုက်ခံရလို့ ကားနဲ့ငွေသိန်းတစ်ရာကျော်ပါသွား

မဲခေါင်၊ မတ် ၁၁ လှည်းကူးမြို့နယ်က နေအိမ်တစ်လုံးကို မတ်လ၁၀ရက်ညပိုင်းက အမျိုးသား​၇ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ကားတစ်စီးနဲ့ ငွေကျပ်သိန်း၁၀၀ ကျော် လုယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။