ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ ဒီဇင်ဘာလ ၉ ရက်၊ ညနေပိုင်းက ဓားထောက် လုယက်ခံရမှု ဖြစ်ပွားရာ ဆိုင်ကယ် တစ်စီးနဲ့ ဖုန်းတစ်လုံး ပါသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံက သိရပါတယ်။
လားရှိုးမြို့၊ ရပ်ကွက် (၁၂) ရှိ ကန်မိန်းဘုန်းကြီးကျောင်း အနောက်ဘက်မှာ ဒီဇင်ဘာလ ၉ ရက်၊ ည ၇ နာရီ ဝန်းကျင်ခန့်က အမျိုးသမီးငယ် တစ်စီး ဆိုင်ကယ် မောင်းနှင်လာစဉ် လူငယ် ၂ ဦးက ဓားထောက် လုယက်သွားတယ်လို့ သိရပါတယ်။
လုယက်ခံရမှုကြောင့် ထိုင်းနိုင်ငံထုတ် MDY 61 W/15569 ဟွန်ဒါကလစ် 125 အမျိုးအစား အဖြူ-အနက် လိုင်စင်ပါ ဆိုင်ကယ် တစ်စီးနဲ့ Oppo F17 အမျိုးအစား ဖုန်းတစ်လုံး ပါသွားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လားရှိုးနယ်မြေ ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းထားပေမယ့် လက်ရှိ အချိန်ထိ ဓားထောက် လုယက် သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။