မှုခင်းသတင်း

ရေးမြို့မှာ သူငယ်ချင်း လင်မယားကို လမ်းထိပ်လိုက်ပို့ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို ဓားဒဏ်ရာများနဲ့ ပြန်တွေ့

မဲခေါင် 7 Nov - 2022
မွန်ပြည်နယ်၊ ရေးမြို့၊ နှစ်ကရင်ကျေးရွာမှာ ပျောက်ဆုံးသွားတဲ့ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နိုဝင်ဘာ ၆ ရက်၊ နေ့လည်ပိုင်းက ပြန်ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က အိမ်ကို လာလည်တဲ့ သူငယ်ချင်းဖြစ်သူ မင်းချမ်းမွန်(ခ)အာရုံဦးနဲ့ ဇနီးပြည့်ဖြိုးဝေ တို့ နှစ်ဦးက လမ်းထိပ်လိုက်ပို့ခိုင်းလို့ နေ့လည် ၂ နာရီဝန်းကျင်မှာ သုံးယောက်အတူ ဆိုင်ကယ်နဲ့ ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “ ညပိုင်းအထိ အိမ်ပြန်မလာတော့ စိတ်ပူပြီး လိုက်ရှာကြတယ်။ ဖုန်းဆက်တော့လည်း သုံးယောက်လုံး ဆက်သွယ်လို့ မရဘူး။ ရွာထိပ်ကနေ ဆိုင်ကယ်နဲ့ သုံးယောက်သား ထွက်သွားတာ

မွန်ပြည်နယ်၊ ရေးမြို့၊ နှစ်ကရင်ကျေးရွာမှာ ပျောက်ဆုံးသွားတဲ့ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နိုဝင်ဘာ ၆ ရက်၊ နေ့လည်ပိုင်းက ပြန်ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က အိမ်ကို လာလည်တဲ့ သူငယ်ချင်းဖြစ်သူ မင်းချမ်းမွန်(ခ)အာရုံဦးနဲ့ ဇနီးပြည့်ဖြိုးဝေ တို့ နှစ်ဦးက လမ်းထိပ်လိုက်ပို့ခိုင်းလို့ နေ့လည် ၂ နာရီဝန်းကျင်မှာ သုံးယောက်အတူ ဆိုင်ကယ်နဲ့ ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ညပိုင်းအထိ အိမ်ပြန်မလာတော့ စိတ်ပူပြီး လိုက်ရှာကြတယ်။ ဖုန်းဆက်တော့လည်း သုံးယောက်လုံး ဆက်သွယ်လို့ မရဘူး။ ရွာထိပ်ကနေ ဆိုင်ကယ်နဲ့ သုံးယောက်သား ထွက်သွားတာ မြင်လိုက်တယ်ပဲ သိရတာ။ မနေ့က နေ့လည် ရွာအထွက်လမ်းမှာ ခြံသမားက အရင်တွေ့တယ်။ ပြီးမှ သွားကယ်ရတာ”  လို့ သူကပြောပါတယ်။

ဓားဒဏ်ရာငါးချက် ရရှိထားတဲ့ မဖူးပွင့်ကဗျာကို ဆင်နှစ်ကောင်ကွေ့ ရော်ဘာခြံလမ်း၊ သုဿန်အနီးမှာ တွေ့ရှိခဲ့ပြီးနောက် ရွှေဟင်္သာ ပရဟိတ လူမှုကူညီအသင်းမှ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ အဆိုပါ အသင်း တာဝန်ရှိသူက ပြောပါတယ်။

“ ဒဏ်ရာ ငါးချက်မှာ နှစ်ချက်ကတော့ နက်တယ်။ ဆရာဝန်ပြောတာတော့ အသက်အန္တရယ် စိုးရိမ်ရမယ့် အခြေအနေကနေတော့ လွတ်သွားပြီလို့ ပြောတယ်။ ကျန်တာတော့ ရဲတွေဆက်လုပ်နေတယ်”  လို့ သူကပြောပါတယ်။

မဖူးပွင့်ကဗျာကို ပြန်လည်တွေ့ရှိချိန်တွင် သူမ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းများနဲ့ ဆိုင်ကယ်ပါ ပျောက်ဆုံးနေပြီး ရဲစခန်းကို အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

သိန္နီမြို့နယ်က အိုရီယမ်တယ်တိုးဂိတ် ဓားပြတိုက်ခံရပြီး လမ်းကြေးကောက်ခံရငွေ အကုန်ပါသွား

မဲခေါင်၊ မေ ၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ သေနတ်ပစ်မှုဖြစ်ပြီး တစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

တာချီလိတ်မြို့မှာ စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
မှုခင်းသတင်း

မြောက်ဥက္ကလာမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တိုက်ကြီးမှာ ပြန်တွေ့

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက တိုက်ကြီးမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ကူညီရှာဖွေရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို
မှုခင်းသတင်း

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ် ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

မဲခေါင်၊ မတ် ၂၃ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို လိုက်ထရပ်ကား နောက်က ဝင်တိုက်လို့ အမျိုးသား ၂ ဦး သေဆုံးပြီး အများအပြား
မှုခင်းသတင်း

မင်္ဂလာဒုံမှာ ကားငှားစီးသူတွေက အငှားယာဉ်မောင်းကိုရိုက်နှက် လမ်းမှာပစ်ချပြီး ကားနဲ့ဖုန်းလုယက်သွား

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်မှာ မတ်လ ၂၁ ရက် ည ၇ နာရီကျော် အမျိုးသား ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ပြီး
မှုခင်းသတင်း

စစ်တပ်နဲ့ရဲထူထပ်တဲ့ တောင်ကြီး မြန်မာ့စီးပွါးရေးဘဏ်မှာ ပင်စင်ထုတ်တဲ့ အငြိမ်းစားဝန်ထမ်း ခါးပိုက်နှိုက်ခံရ

မဲခေါင်၊ မတ် ၂၂ စစ်တပ်နဲ့ရဲ ထူထပ်စွာ ချထားတဲ့ ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ မြန်မာ့စီးပွား‌ရေးဘဏ်မှာ မနေ့က ပင်စင်လာထုတ်တဲ့ ထွေအုပ် အငြိမ်းစားဝန်ထမ်း တစ်ဦး ခါးပိုက်နှိုက် ခံလိုက်ရတယ်လို့ နီးစပ်သူတွေ ထံက သိရပါတယ်။
မှုခင်းသတင်း

ဓားပြတိုက်ခံရပြီး ၁၀ နှစ်အကြာမှာ ဓားပြထပ်တိုက်ခံရတဲ့ မုံရွာက ပေါ်ဦး ရွှေဆိုင် အချီကြီးပါသွား

မဲခေါင်၊ မတ် ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြ တိုက်ခိုက်ခံရလို့ ရွှေနဲ့ ငွေကြေး အများအပြား ပါသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။