မှုခင်းသတင်း

ရန်အောင်ကားမှတ်တိုင်မှာ ပိုက်ဆံအိတ်လုခံရလို့ အော်ဟစ်အကူအညီတောင်းတဲ့ အမျိုးသမီးငယ် ဓားထိုးခံရ

မဲခေါင် 25 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ရန်အောင် ကားမှတ်တိုင်မှာ အမျိုးသမီးငယ် တစ်ဦး ပိုက်ဆံအိတ် လုယူခံရတဲ့ အတွက် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းခံစဉ် ဓားထိုးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ရန်အောင် ကားမှတ်တိုင်မှာ အမျိုးသမီးငယ် တစ်ဦး ပိုက်ဆံအိတ် လုယူခံရတဲ့ အတွက် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းခံစဉ် ဓားထိုးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၈ နာရီကျော်က မောင်ဖြစ်သူနဲ့ ဓားထိုးခံရသူ အမျိုးသမီးတို့ ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် ပိုက်ဆံအိတ် လုယူခံရတာဖြစ်ပြီး အမျိုးသမီးက ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းတဲ့ အတွက် လုယက်သူ အမျိုးသားက ဓားနဲ့ထိုးကာ ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သွားရောက်ကူညီ ကယ်ဆယ်ရာမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

“ ကလေးမလေး မောင်နှမ ၂ ယောက် ကားမှတ်တိုင်မှာ ဖြစ်သွားတာ။ ဓားနဲ့ထိုးခံရတော့ အနီး ပတ်ဝန်းကျင်က လူတွေလည်း ရောက်လာကြတယ်။ ကူညီ ကယ်ဆယ်ရေး ကားတွေလည်း ရောက်လာပြီး ကလေးမလေးကို ရန်ကုန် ဆေးရုံကြီး ပို့ပေးလိုက်ကြတယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး။ ဓားနဲ့ထိုးခံရတော့ မိန်းကလေးငယ်လည်း ဖြစ်တော့ ကြောက်သွားတာပေါ့။ ဘယ်စစ်သားနဲ့ ရဲတွေ တစ်ကောင်မှ ရောက်မလာပါဘူး။ ဖမ်းမိလည်း သူတို့လက်ထဲ အပ်လိုက်ရင် ပြန်လွတ်လာတာပဲလေ” လို့ သူကပြောပါတယ်။

အလားတူ အင်းစိန်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်၊ ညပိုင်းက ကုန်ထမ်းပြီး ပြန်လာတဲ့ လူငယ်တစ်ဦး လုယက်ခံရပြီး လူငယ်က ပြန်ခုခံရာက တင်ပါး ဓားထိုးခံခဲ့ရကာ စက်ဘီးနင်းပြေး တဲ့အတွက် လွတ်မြောက်ခဲ့ ပေမယ့် ကုန်ထမ်းလို့ရတဲ့ ငွေတွေ ပါသွားတယ်လို့ သွားရောက် ကူညီပေးခဲ့သူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လုယက်မှု၊ ဓားပြမှုနဲ့ လူသတ်မှုတွေကို ဖော်ထုတ် ဖမ်းဆီးမှု မရှိဘဲ နိုင်ငံရေးနဲ့ ပတ်သက်သူများကိုသာ ဖမ်းဆီး စစ်ဆေး အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာပေးသွင်းဖို့ ပျက်ကွက်သူ အလှူရှင် စိုးထွန်းရှိန် ပြန်လွှတ်ပေးဖို့ မ.ဘ.သ တွေ လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ မတ် ၁၉ နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊
မှုခင်းသတင်း

ရန်ကုန်-ပြည် ကားလမ်းမမှာ ဇာတ်အဖွဲ့ကားမှောက်လို့ လူအများအပြား ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းကျေးရွာ အနီး ရန်ကုန်-ပြည် ကားလမ်းမမှာ ဒီကနေ့ မနက်ပိုင်းက ဇာတ်အဖွဲ့
မှုခင်းသတင်း

လှည်းကူးမှာ ဓားပြတိုက်ခံရလို့ ကားနဲ့ငွေသိန်းတစ်ရာကျော်ပါသွား

မဲခေါင်၊ မတ် ၁၁ လှည်းကူးမြို့နယ်က နေအိမ်တစ်လုံးကို မတ်လ၁၀ရက်ညပိုင်းက အမျိုးသား​၇ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ကားတစ်စီးနဲ့ ငွေကျပ်သိန်း၁၀၀ ကျော် လုယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မှုခင်းသတင်း

ဘုရားထီးတော် ပင့်ဆောင်ဖို့သွားတဲ့ကားက ရပ်ထားတဲ့ကားကို ဝင်တိုက်လို့ လူ ၂၀ ကျော်ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၁ ပြည်မြို့သို့ ဘုရားထီးတော် ပင့်ဆောင်ဖို့ သွားတဲ့ ကားတစ်စီး သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ရပ်ထားတဲ့ ကားကို နောက်က ဝင်တိုက်လို့ ကားပေါ် လိုက်ပါလာသူ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ
မှုခင်းသတင်း

သာကေတမှာ အဝတ်ထွက်လှမ်းတဲ့ သက်ကြီးအမျိုးသား ၅ လွှာတိုက်ခန်းပေါ်က ပြုတ်ကျသေဆုံး

မဲခေါင်၊ မတ် ၁၁ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်ရှိ ၅ လွှာတိုက်ခန်း အနောက်ဘက်မှာ အဝတ်ထွက်လှမ်းတဲ့ အမျိုးသား ဒီကနေ့ မနက်ပိုင်းက ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက မဲခေါင်သတင်းကို
မှုခင်းသတင်း

မန္တလေးမှာ ဆိုင်ကယ်၊ ကားတွေအသုံးပြုပြီး ဓားခုတ်လုယက်နေတဲ့ ဂိုဏ်းကိုဖမ်းမိ

မဲခေါင်၊ မတ် ၁၀ မန္တလေးတိုင်းအတွင်း ဆိုင်းကယ်နဲ့ကားတွေ အသုံးပြုပြီး ဓားခုတ် လုယက်နေတဲ့ လူဆိုးဂိုဏ်းဝင် အမျိုးသား ၇ ဦးကို ဓားမျိုးစုံ၊ ဆိုင်ကယ် ၂ စီး၊ ကားတစ်စီးနဲ့အတူ မတ်လ ၄ ရက်နေ့၊
မှုခင်းသတင်း

လမ်းမတော်မှာ ကွက်ကီးမုန့်ထဲ ဆေးခြောက်ထည့်ရောင်းသူ ၂ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ မတ် ၁၀ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ၁၆ လမ်းရှိ ၈ လွှာတိုက်ခန်းမှာ နေထိုင်တဲ့အမျိုးသမီး တစ်ဦးရဲ့ နေအိမ်ကို မတ်လ ၈ ရက်နေ့က ဝင်ရောက်စစ်ဆေးရာ ကွက်ကီး မုန့်ထဲ ဆေးခြောက် ထည့်ပြီး
မှုခင်းသတင်း

Happy Water အပါအဝင် KTVနဲ့ ကလပ်မှာသုံးတဲ့ မူးယစ်ဆေးတချို့ တာချီလိတ်မှာဖမ်း

မဲခေါင်၊ မတ် ၈ တာချီလိတ်မြို့က ကေတီဗီ၊ ဘားနဲ့ ကလပ်တို့လို ဖျော်ဖြေရေးခန်းမတွေမှာ အသုံးပြုတဲ့ Happy Water၊ ကတ်တမင်း(ဒေသအခေါ် ခေး) နဲ့ တခြားမူးယစ်ဆေးတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။