ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် ၂၇ လမ်း အောက်လမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။
အသတ်ခံရသူ အမျိုးသားဟာ တိုက်ခန်းမှာ တစ်ဦးတည်းနေထိုင်သူ ဖြစ်ပြီး ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ဘယ်လို စဖြစ်တာလဲတော့ မသိကြသေးဘူး။ လူသတ်မှု ဖြစ်တာလောက်ပဲ သိသေးတယ်။ သေတဲ့ အမျိုးသားက အသက်တော့ ကြီးနေပြီလို့ ပြောတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ နေထိုင်သူ အများစုဟာ သီးသန့်ဆန်တာကြောင့် အသတ်ခံရသူနဲ့ အသတ်ခံရတဲ့ အကြောင်းအရင်းတွေ လတ်တလော မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ ညပိုင်းကလည်း ပန်ဘဲတန်းမြို့နယ် ကုန်သည်လမ်းနဲ့ ၂၆ လမ်းမှာ အမျိုးသား ၃ ဦးက ဆောက်လုပ်ရေးဆိုင် အတွင်း ဝင်ရောက် လုယက်မှု ဖြစ်ပွားခဲ့ပေမယ့် တရားခံတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။