ရန်ကုန်တိုင်း၊ တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက်၊ ဦးချစ်မောင်လမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၉ ရက်၊ နေ့လည် ၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
“ မီးလောင်တော့ အဆောက်အဦးထဲမှာ ရှိတဲ့ သူတွေ ပိတ်မိနေတာကို သွားကူညီတဲ့ အမျိုးသား တစ်ဦး လက်ထိသွားတယ်။ တံခါးကြား လက်ညပ်ပြီးတော့ လက်ခလယ် တစ်ချောင်း ပြတ်သွားတယ်။ စံပြဆေးရုံကြီးကို မေတ္တာအလင်း လူမှုကူညီရေးကားက ခေါ်သွားပေးတယ်” လို့ ကူညီရာမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
အလားတူ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်၊ ညောင်တစ်ပင်လမ်းမှာ နေ့လည် ၃ ကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နေရာမှာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
မီးလောင်မှု ၂ ခုနဲ့ ပတ်သက်တဲ့ ထိခိုက် ဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။