မှုခင်းသတင်း

မြောက်ဥက္ကလာမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တိုက်ကြီးမှာ ပြန်တွေ့

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက တိုက်ကြီးမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ကူညီရှာဖွေရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၃

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက တိုက်ကြီးမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ကူညီရှာဖွေရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့၊ ညနေပိုင်းက ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တွေ့ရှိလို့ တိုက်ကြီးမြို့နယ် ရွာသစ်ကုန်းရှိ ကောင်းကြီး ကလေးလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာမှာ ခေတ္တ စောင့်ရှောက်ပေးခဲ့တာ ဖြစ်တယ်လို့ ဖခင်ဖြစ်သူ ကိုကျော်သူရ ကပြောပါတယ်။

“ မနေ့က မနက်ပိုင်းမှာ ၈ မိုင်ဘက်က ဆိုင်တွေ အချို့ မုန့်ကျွေးပြီး သူ့ကို လမ်းပေါ်မှာ တွေ့တယ်လို့ အကြောင်းကြားတဲ့ သူတွေ ရှိပါတယ်။ သူငယ်ချင်း အသိမိတ်ဆွေတွေ ကလည်း ကူရှာပေးကြတယ်။ ဒီမနက်ကြတော့ တိုက်ကြီး KBZ ဘဏ်က အစ်မ တစ်ယောက် တွေ့တယ်ဆိုလို့ လိုက်သွားတာ။ သမီးက ညပိုင်း တိုက်ကြီး ရောက်နေလို့ ရဲတပ်ကြပ်ကြီးဇော်ထွန်းက ပရဟိတ ဂေဟာမှာ ညသိပ်ပြီး ထားပေးထားတာပါ။ ခုတော့ သမီးလေး ပြန်တွေ့လို့ ဝမ်းသာရပါတယ်။ ကူညီပေးတဲ့ သူတွေ အားလုံးလည်း ကျေးဇူး တင်ပါတယ်” လို့ သူကပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ အသက် ၁၇ နှစ်အရွယ် မဝင့်ကြည်ခိုင် (ခေါ်) မမ ဟာ စကားမပြောတတ်သူဖြစ်ပြီး ဖခင်ဖြစ်သူ ကိုကျော်သူရ မန္တလေးသို့ ခရီးသွားစဉ် ဖခင် ဖြစ်သူကို လိုက်လံရှာဖွေရာက မြောက်ဥက္ကလာ နေအိမ်က ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ အခုလ အတွင်း အသက် ၃၀ အောက် လူငယ်တွေ ပျောက်ဆုံးမှု ရှိနေပြီး တချို့ကို ပြန်တွေ့ပေမယ့် မတွေ့သေးတဲ့ သူတွေလည်း ရှိနေတယ်လို့ ကူညီရေးအသင်း အချို့က ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

သိန္နီမြို့နယ်က အိုရီယမ်တယ်တိုးဂိတ် ဓားပြတိုက်ခံရပြီး လမ်းကြေးကောက်ခံရငွေ အကုန်ပါသွား

မဲခေါင်၊ မေ ၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ သေနတ်ပစ်မှုဖြစ်ပြီး တစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

တာချီလိတ်မြို့မှာ စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
မှုခင်းသတင်း

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ် ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

မဲခေါင်၊ မတ် ၂၃ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို လိုက်ထရပ်ကား နောက်က ဝင်တိုက်လို့ အမျိုးသား ၂ ဦး သေဆုံးပြီး အများအပြား
မှုခင်းသတင်း

မင်္ဂလာဒုံမှာ ကားငှားစီးသူတွေက အငှားယာဉ်မောင်းကိုရိုက်နှက် လမ်းမှာပစ်ချပြီး ကားနဲ့ဖုန်းလုယက်သွား

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်မှာ မတ်လ ၂၁ ရက် ည ၇ နာရီကျော် အမျိုးသား ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ပြီး
မှုခင်းသတင်း

စစ်တပ်နဲ့ရဲထူထပ်တဲ့ တောင်ကြီး မြန်မာ့စီးပွါးရေးဘဏ်မှာ ပင်စင်ထုတ်တဲ့ အငြိမ်းစားဝန်ထမ်း ခါးပိုက်နှိုက်ခံရ

မဲခေါင်၊ မတ် ၂၂ စစ်တပ်နဲ့ရဲ ထူထပ်စွာ ချထားတဲ့ ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ မြန်မာ့စီးပွား‌ရေးဘဏ်မှာ မနေ့က ပင်စင်လာထုတ်တဲ့ ထွေအုပ် အငြိမ်းစားဝန်ထမ်း တစ်ဦး ခါးပိုက်နှိုက် ခံလိုက်ရတယ်လို့ နီးစပ်သူတွေ ထံက သိရပါတယ်။
မှုခင်းသတင်း

ဓားပြတိုက်ခံရပြီး ၁၀ နှစ်အကြာမှာ ဓားပြထပ်တိုက်ခံရတဲ့ မုံရွာက ပေါ်ဦး ရွှေဆိုင် အချီကြီးပါသွား

မဲခေါင်၊ မတ် ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြ တိုက်ခိုက်ခံရလို့ ရွှေနဲ့ ငွေကြေး အများအပြား ပါသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
မှုခင်းသတင်း

နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာပေးသွင်းဖို့ ပျက်ကွက်သူ အလှူရှင် စိုးထွန်းရှိန် ပြန်လွှတ်ပေးဖို့ မ.ဘ.သ တွေ လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ မတ် ၁၉ နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊ ဘုန်းကြီးတွေစုပြီး ရမည်းသင်းထောင်မှာ အကျဉ်းကျနေတဲ့ စိုးထွန်းရှိန် ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ လက်မှတ်ရေးထိုး