ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ဆွမ်လုံကျေးရွာ ရဲ့ ဆွမ်လုံတံတား နားမှာ ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိလို့ ယာဥ်မောင်း အမျိုးသား တစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။
ဒီနေ့က ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်း မှာ ဆွမ်လုံ တံတား နားမှာ အဖြူရောင်အိမ်စီးကား တစ်စီး နဲ့ မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ ကုန်တင်ယာဥ် ၁၂ ဘီး ကားတစ်စီးတို့ တိုက်မိပြီး အိမ်စီးကား ယာဥ်မောင်း ဖြစ်သူ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတာပါ။
“ကားသေးက မူဆယ်ဘက်က ထွက်လာပုံရတယ်၊ ၁၂ ဘီး ကားကြီးကတော့ မန္တလေးကနေ တက်လာတဲ့ ကုန်တင် ယာဥ် ဖြစ်တယ်လို့ သိရတယ်။ ကားသေးရဲ့ ယာဥ်မောင်းကတော့ သေသွားပြီ၊ အလောင်းကို နမ့်ဖတ်ကာ မေတ္တာ ရှင် လူမှုကူညီရေးအသင်း က သွားသယ်ခဲ့တယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ မိုင်းယုလေးရွာက အသက် ၂၆ နှစ်အရွယ် မိုင်းဘကြည် ဖြစ်တယ်လို့သိရပါတယ်။
မူဆယ်မြို့နယ်မှာ အခုလို ယာဥ်မတော်တဆ မှုတွေ မကြာခဏ ဖြစ်ပွားတတ်ပြီး လူသေဆုံးမှုတွေလည်း ရှိနေတာပါ။