မှုခင်းသတင်း

မူဆယ်က ပြည်သူ့စစ်အိမ် ဗုံးပေါက်ကွဲလို့ တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

မဲခေါင် 26 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီလ ၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်မြန်မာနယ်စပ် မူဆယ်မြို့မှ မြို့မပြည်သူ့စစ် အမှတ် ၂ က နေအိမ်မှာ ဗုံးပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီလ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်မြန်မာနယ်စပ် မူဆယ်မြို့မှ မြို့မပြည်သူ့စစ် အမှတ် ၂ က နေအိမ်မှာ ဗုံးပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်က မူဆယ်မြို့ စွမ်စော်ရပ်ကွက် အမှတ် ၂ မြို့မ ပြည်သူ့စစ် တပ်ဖွဲ့နေအိမ်ဖြစ်တဲ့ ကောင်းဟော်တယ်ရှေ့ နေအိမ်အမှတ် စစ/၃၂ တန်းလျားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေ၊ တစ်ဦးက လက်နှစ်ဖက်ပြတ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာဖြစ်ပါတယ်။

“ဗုံးပေါက်တဲ့အချိန် အဲ့တန်းလျားမှာလည်း သူတို့နှစ်ယောက်တည်း ရှိနေတယ်လို့ ပြောပါတယ်၊ ပြီးတော့ နှစ်ဦး စလုံးကလည်း ဆေးသုံးကြတယ်၊ တစ်ဦးက ပွဲချင်းပြီးသေသွားပြီး နောက်တစ်ဦးကတော့ လက်နှစ်ဖက်လုံးပြတ် သွားတယ်၊ ဆေးကြောင်ပြီး ဖြစ်ကြတာ ထင်တယ်” လို့ ဒေသခံ အမည်မဖော်လိုသူ တစ်ဦးက ဒေသတွင်း မီဒီယာကို ပြောပါတယ်။

အခင်းဖြစ်ပွါးခဲ့တဲ့ မြို့မ ပြည်သူ့စစ် အဖွဲ့ဟာ တရုတ် အများစုပါဝင်တယ်လို့သိရပြီး သူတို့ဟာ မူဆယ်လောင်းကစားဝိုင်း တချို့ကို လုံခြုံရေးယူပေးတဲ့ အဖွဲ့လို့လည်းသိရပါတယ်။

ဗုံးပေါက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို လူမှုကူညီရေးအသင်းတွေက မူဆယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

အခုပေါက်ကွဲမှု ဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ တရုတ်မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ဟာ ရာဇဝတ်မှုတွေမကြာခဏဖြစ်ပွါးသလို လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ ဝင်ထွက်သွားလာတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

MK-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာပေးသွင်းဖို့ ပျက်ကွက်သူ အလှူရှင် စိုးထွန်းရှိန် ပြန်လွှတ်ပေးဖို့ မ.ဘ.သ တွေ လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ မတ် ၁၉ နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊
မှုခင်းသတင်း

ရန်ကုန်-ပြည် ကားလမ်းမမှာ ဇာတ်အဖွဲ့ကားမှောက်လို့ လူအများအပြား ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းကျေးရွာ အနီး ရန်ကုန်-ပြည် ကားလမ်းမမှာ ဒီကနေ့ မနက်ပိုင်းက ဇာတ်အဖွဲ့
မှုခင်းသတင်း

လှည်းကူးမှာ ဓားပြတိုက်ခံရလို့ ကားနဲ့ငွေသိန်းတစ်ရာကျော်ပါသွား

မဲခေါင်၊ မတ် ၁၁ လှည်းကူးမြို့နယ်က နေအိမ်တစ်လုံးကို မတ်လ၁၀ရက်ညပိုင်းက အမျိုးသား​၇ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ကားတစ်စီးနဲ့ ငွေကျပ်သိန်း၁၀၀ ကျော် လုယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မှုခင်းသတင်း

ဘုရားထီးတော် ပင့်ဆောင်ဖို့သွားတဲ့ကားက ရပ်ထားတဲ့ကားကို ဝင်တိုက်လို့ လူ ၂၀ ကျော်ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၁ ပြည်မြို့သို့ ဘုရားထီးတော် ပင့်ဆောင်ဖို့ သွားတဲ့ ကားတစ်စီး သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ရပ်ထားတဲ့ ကားကို နောက်က ဝင်တိုက်လို့ ကားပေါ် လိုက်ပါလာသူ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ
မှုခင်းသတင်း

သာကေတမှာ အဝတ်ထွက်လှမ်းတဲ့ သက်ကြီးအမျိုးသား ၅ လွှာတိုက်ခန်းပေါ်က ပြုတ်ကျသေဆုံး

မဲခေါင်၊ မတ် ၁၁ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်ရှိ ၅ လွှာတိုက်ခန်း အနောက်ဘက်မှာ အဝတ်ထွက်လှမ်းတဲ့ အမျိုးသား ဒီကနေ့ မနက်ပိုင်းက ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက မဲခေါင်သတင်းကို
မှုခင်းသတင်း

မန္တလေးမှာ ဆိုင်ကယ်၊ ကားတွေအသုံးပြုပြီး ဓားခုတ်လုယက်နေတဲ့ ဂိုဏ်းကိုဖမ်းမိ

မဲခေါင်၊ မတ် ၁၀ မန္တလေးတိုင်းအတွင်း ဆိုင်းကယ်နဲ့ကားတွေ အသုံးပြုပြီး ဓားခုတ် လုယက်နေတဲ့ လူဆိုးဂိုဏ်းဝင် အမျိုးသား ၇ ဦးကို ဓားမျိုးစုံ၊ ဆိုင်ကယ် ၂ စီး၊ ကားတစ်စီးနဲ့အတူ မတ်လ ၄ ရက်နေ့၊
မှုခင်းသတင်း

လမ်းမတော်မှာ ကွက်ကီးမုန့်ထဲ ဆေးခြောက်ထည့်ရောင်းသူ ၂ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ မတ် ၁၀ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ၁၆ လမ်းရှိ ၈ လွှာတိုက်ခန်းမှာ နေထိုင်တဲ့အမျိုးသမီး တစ်ဦးရဲ့ နေအိမ်ကို မတ်လ ၈ ရက်နေ့က ဝင်ရောက်စစ်ဆေးရာ ကွက်ကီး မုန့်ထဲ ဆေးခြောက် ထည့်ပြီး
မှုခင်းသတင်း

Happy Water အပါအဝင် KTVနဲ့ ကလပ်မှာသုံးတဲ့ မူးယစ်ဆေးတချို့ တာချီလိတ်မှာဖမ်း

မဲခေါင်၊ မတ် ၈ တာချီလိတ်မြို့က ကေတီဗီ၊ ဘားနဲ့ ကလပ်တို့လို ဖျော်ဖြေရေးခန်းမတွေမှာ အသုံးပြုတဲ့ Happy Water၊ ကတ်တမင်း(ဒေသအခေါ် ခေး) နဲ့ တခြားမူးယစ်ဆေးတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။