မှုခင်းသတင်း

ဖမ်းမိတဲ့ ဇေကမ္ဘာဝန်းအတွင်း လုယက်သူတွေထဲမှာ ရဲပြုတ်တွေပါနေ

မဲခေါင် 25 Dec - 2022
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်း လုယက်မှုကျူးလွန် နေတဲ့အဖွဲ့ကို စစ်တပ်က သွားရောက်ဖမ်းဆီးခဲ့ပြီးနောက်စစ်ဆေးရာမှာ ရဲဝန်ထမ်းဟောင်းတွေ ပါဝင်နေတယ်လို့သတင်း ရရှိပါတယ်။

စစ်သားတစ်ဦးအရပ်ဝတ်နဲ့ ပြန်လာစဥ်လက်ကိုင်ဖုန်းနဲ့ ငွေကြေတချို့လုယက်ခံရပြီးနောက် စစ်ကောင်စီတပ်ကကင်းပုန်းဝတ်ကာ ဒီဇင်ဘာ၂၃ရက်ည၁၀နာရီကျော်အချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ််လို့ဒေသခံတစ်ဦးက ပြောပါတယ်။

သူတို့ခြောက်ယောက်ထဲမှာ ဦးဆောင်နေတဲ့ တစ်ယောက်က ရဲတပ်ကြပ်ကြီး အောင်ကျော်ဦးကခေါင်းဆောင်လုပ်တာ။ ဖမ်းမိတာကလည်း သူတို့စစ်သားကိုအရပ်ဝတ်နဲ့ဆိုတော့ ပြည်သူဆိုပြီးလုတာ။ စစ်သားကကင်းစခန်းရောက်တော့ ပြန်တိုင်လို့ ကင်းပုန်းဝတ်ပြီးဖမ်းတာ။ လုယက်မှုတွေဖြစ်နေတာကြာပြီ။ သူတို့စစ်ခွေးခံရတော့မှဖမ်းတာ။ လုပ်တဲ့ကောင်တွေကလည်း ရဲပြုတ်တွေ 

လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီ က လာရောက်ဖမ်းဆီး စဥ်” ငါတို့ကရဲတွေကွ” လို့ ပြန်လည်​ဖြေကြားခဲ့ပြီး စစ်ဆေးမေးမြန်းရာမှာ တာဝန်ထမ်းဆောင်မှု မရှိတော့တဲ့ ရဲတွေ ဖြစ်နေတဲ့အတွက် လုယက်မှုကျူးလွန်သူအမျိုးသား ၆ ဦးကို မင်္ဂလာဒုံမြို့မရဲစခန်း ကိုဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မင်္ဂလာဒုံ ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ လုယက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပေမယ့် ရဲတပ်ဖွဲ့ဝင်ဟောင်းတွေ ဟုတ်မဟုတ် ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ တာဝန်ကျရဲအရာရှိတစ်ဦးက ဖြေကြားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

သိန္နီမြို့နယ်က အိုရီယမ်တယ်တိုးဂိတ် ဓားပြတိုက်ခံရပြီး လမ်းကြေးကောက်ခံရငွေ အကုန်ပါသွား

မဲခေါင်၊ မေ ၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ သေနတ်ပစ်မှုဖြစ်ပြီး တစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

တာချီလိတ်မြို့မှာ စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
မှုခင်းသတင်း

မြောက်ဥက္ကလာမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တိုက်ကြီးမှာ ပြန်တွေ့

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက တိုက်ကြီးမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ကူညီရှာဖွေရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို
မှုခင်းသတင်း

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ် ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

မဲခေါင်၊ မတ် ၂၃ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို လိုက်ထရပ်ကား နောက်က ဝင်တိုက်လို့ အမျိုးသား ၂ ဦး သေဆုံးပြီး အများအပြား
မှုခင်းသတင်း

မင်္ဂလာဒုံမှာ ကားငှားစီးသူတွေက အငှားယာဉ်မောင်းကိုရိုက်နှက် လမ်းမှာပစ်ချပြီး ကားနဲ့ဖုန်းလုယက်သွား

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်မှာ မတ်လ ၂၁ ရက် ည ၇ နာရီကျော် အမျိုးသား ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ပြီး
မှုခင်းသတင်း

စစ်တပ်နဲ့ရဲထူထပ်တဲ့ တောင်ကြီး မြန်မာ့စီးပွါးရေးဘဏ်မှာ ပင်စင်ထုတ်တဲ့ အငြိမ်းစားဝန်ထမ်း ခါးပိုက်နှိုက်ခံရ

မဲခေါင်၊ မတ် ၂၂ စစ်တပ်နဲ့ရဲ ထူထပ်စွာ ချထားတဲ့ ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ မြန်မာ့စီးပွား‌ရေးဘဏ်မှာ မနေ့က ပင်စင်လာထုတ်တဲ့ ထွေအုပ် အငြိမ်းစားဝန်ထမ်း တစ်ဦး ခါးပိုက်နှိုက် ခံလိုက်ရတယ်လို့ နီးစပ်သူတွေ ထံက သိရပါတယ်။
မှုခင်းသတင်း

ဓားပြတိုက်ခံရပြီး ၁၀ နှစ်အကြာမှာ ဓားပြထပ်တိုက်ခံရတဲ့ မုံရွာက ပေါ်ဦး ရွှေဆိုင် အချီကြီးပါသွား

မဲခေါင်၊ မတ် ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြ တိုက်ခိုက်ခံရလို့ ရွှေနဲ့ ငွေကြေး အများအပြား ပါသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။