ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုန်းကျေးရွာမှာ အမျိုး သားနှစ်ဦး ပွဲမှာ သီချင်းဆိုဖို့ မိုက်လုရာက စကားများပြီး လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၈ ရက်၊ နေ့လယ် ၁ နာရီ ဝန်းကျင်ခန့်က လှေတုန်းကျေးရွာမှာ စပါးရိတ်သိမ်း အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ပြီး ပျော်ပွဲစား လုပ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ ပွဲလုပ်တယ်ဆိုတော့ အသောက် အစားလည်း ပါတယ်။ ပျော်ဖို့အတွက် သီချင်းဆိုဖို့ အစီအစဉ်လည်း ပါတယ်။ သူတို့နှစ်ယောက် သီချင်းဆိုဖို့ မိုက်လုရင်းကနေ ဖြစ်တာ။ ဓားနဲ့ထိုးတာ တစ်ချက် အဲ့နေရာမှာ သေတာပဲ။ ဓားနဲ့ထိုးပြီး ပြေးတဲ့လူလည်း မနက်ကျတော့ မိပါတယ်” လို့ သူကပြောပါတယ်။
လူသတ်မှု ကျူးလွန်ခဲ့သူ ဦးမျိုးလွင်နဲ့ သေဆုံးသူ ကိုကျော်ခိုင် တို့ဟာ တစ်ရွာထဲ နေထိုင်သူများ ဖြစ်ကြပြီး သီချင်းဆိုနေစဉ် မိုက်လုရာမှ ဦးမျိုးလွင်က အသင့်ပါလာတဲ့ ဓားနဲ့ထိုးခဲ့လို့ ကိုကျော်ခိုင် သေဆုံးသွားတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လူသတ်မှု ဖြစ်ပြီးနောက် ဦးမျိုးလွင် ထွက်ပြေးခဲ့ပေမယ့် ဒီမနက်ပိုင်းမှာတော့ ရဲတွေ ဖမ်းမိခဲ့ပြီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။