မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင် 6 Dec - 2022
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာလ ၃ ရက်၊ ညပိုင်းက ရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်၊ KBZ ဘဏ်အနီး၊ တောင်ကြီး-ကလော လမ်းမကြီးပေါ်မှာ အမျိုးသား တစ်ဦး ဆိုင်ကယ် မောင်းနှင်လာစဉ် အမျိုးသား ၂ ဦးက ရိုက်နှက်ကာ ဖုန်းနဲ့ဆိုင်ကယ် လုယက်သွားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်၊ ညပိုင်းက ရွှေညောင်မြို့၊ အေးရိပ်သာရပ်ကွက်၊ တောင်ကြီး-ရပ်စောက်သွားလမ်းဘေး၊ ကုန်းလှိုင်ကန်ဘောင်မှာ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်၊ ညပိုင်းက ရွှေညောင်မြို့၊ ဓနသိဒ္ဓိရပ်ကွက်၊ KBZ ဘဏ်အနီး၊ တောင်ကြီး-ကလော လမ်းမကြီးပေါ်မှာ အမျိုးသား တစ်ဦး ဆိုင်ကယ် မောင်းနှင်လာစဉ် အမျိုးသား ၂ ဦးက ရိုက်နှက်ကာ ဖုန်းနဲ့ဆိုင်ကယ် လုယက်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်၊ ညပိုင်းက ရွှေညောင်မြို့၊ အေးရိပ်သာရပ်ကွက်၊ တောင်ကြီး-ရပ်စောက်သွားလမ်းဘေး၊ ကုန်းလှိုင်ကန်ဘောင်မှာ သမီးရည်းစား ချိန်းတွေ့နေစဉ် အမျိုးသား ၃ ဦးရောက်လာပြီး ဖုန်း၂ လုံးနဲ့ ဆိုင်ကယ် တစ်စီး ဓားပြတိုက်သွားတယ်လို့ ဆိုပါတယ်။

“ ကမ္ဘောဇဘဏ်နားမှာ ဖြစ်တာက ကွက်သစ်ရပ်ကွက်ထဲက ဦးလေး တစ်ယောက် ရိုက်ပြီး လုခံရတာ။ ဆိုင်ကယ်ပါသွားတယ်။ လူလည်း ‌ဆေးရုံ ရောက်သွားတယ်။ ကုန်းလှိုင်ကန်ဘောင်မှာက စုံတွဲတစ်တွဲ ဓားပြတိုက်ခံရတာ။ လူတွေကိုတော့ ဘာမှမလုပ်သွားဘူး” လို့ ဒေသခံက ပြောပါတယ်။

အေးသာယာမြို့၊ နောင်အင်သွားလမ်းမကြီးမှာလည်း ဒီဇင်ဘာလ ၄ ရက်၊ ညပိုင်းက အမျိုးသား တစ်ဦး ဆိုင်ကယ် မောင်းနှင်လာစဉ် ဆိုင်ကယ် ၂ စီးက ရှေ့ဘက်က ပိတ်ရပ်ပြီး ဖုန်းနဲ့ ဆိုင်ကယ်ကို ဓားထောက် လုယက်သွားတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့နယ် အပါအဝင် နိုင်ငံတဝန်းလုံးမှာ ခိုးဆိုးလုနှိုက်တွေ သောင်းကျန်းနေပေမယ့် စစ်ကောင်စီနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က အရေးတယူ ဖမ်းဆီးတာမရှိဘဲ အကျိုးတူအဖြစ် ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ပြည်သူတွေက ဝေဖန်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

ကျောက်မဲ ဗဟိုဈေးမှာ ခါးပိုက်နှိုက် သောင်းကျန်းနေ

မဲခေါင်၊ ဇန်နဝါရီ ၂၈ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဗဟိုဈေးကြီးမှာ အခု ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ခါးပိုက်နှိုက်တွေ
မှုခင်းသတင်း

ပူနားကိုမှာ စိတ်ကြွဆေးပြား ၆ သန်းကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိ

မဲခေါင်၊ ဇန်နဝါရီ ၂၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့
မှုခင်းသတင်း

တောင်ကြီးမှာ အမျိုးသမီးငယ်ကို အမျိုးသား ၂ ဦးက ရိုက်နှက်ပြီး i-Phone လုသွား

မဲခေါင်၊ ဇန်နဝါရီ ၂၅ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဇန်နဝါရီလ ၂၄ ရက်၊ ညပိုင်းက အမျိုးသမီးငယ် တစ်ဦးကို အမျိုးသား ၂ ဦးက ရိုက်နှက်ပြီး i-Phone လုယူမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ
မှုခင်းသတင်း

ကျိုင်းတုံမှာ ဆိုင်ကယ်မှောက်လို့ ရဲတပ်ကြပ် ပွဲချင်းပြီး သေဆုံး

မဲခေါင်၊ ဇန်နဝါရီ ၂၄ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက ဆိုင်ကယ်မှောက်လို့ ရဲတပ်ကြပ် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တိုင်းနေ နာရေးကူညီမှုအသင်းထံက သိရပါတယ်။
မှုခင်းသတင်း

လူမှုကွန်ရက်မှာ “လိပ်ပြာ” လို့ နာမည်ကြီးတဲ့ အလှပြင်ဆိုင်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်

မဲခေါင်၊ ဇန်နဝါရီ ၂၁ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ စက်ရုံလမ်းမှာ ဖွင့်လှစ်ထားတဲ့ Bright Star အလှပြင်ဆိုင် ပိုင်ရှင် ဖြစ်သူကို အလှပြင် ခွဲစိတ်မှုတွေ လုပ်နေတဲ့ အတွက် သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေး
မှုခင်းသတင်း

ရွှေညောင်မြို့က အမျိုးသမီးငယ်တစ်ဦး ၈ ရက်ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

မဲခေါင်၊ ဇန်နဝါရီ ၂၁ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ၈ ရက်ကြာအထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
မှုခင်းသတင်း

အသုတ်မြို့က ဓာတ်ဆီဆိုင် မီးလောင်မှု ဆိုင်ဝန်ထမ်း ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၂၀ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက် ပုသိမ်-မုံရွာ လမ်းမဘေးမှာ ဖွင့်လှစ် ရောင်းချနေတဲ့ ဓာတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ၅ ဦးအနက် ၃
မှုခင်းသတင်း

တောင်ကြီးဒေသခံ ရွှေ့ပြောင်းအလုပ်သမား ၁ ‌ဦး ထိုင်းနိုင်ငံမှာ ဓားထိုးခံရပြီး သေဆုံး

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က ရွှေ့ပြောင်း အလုပ်သမား တစ်‌ဦး ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းက ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။