မှုခင်းသတင်း

စစ်ကိုင်း ပညာရေး တက္ကသိုလ်ဝန်းအတွင်းမှာ ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရတဲ့ အမျိုးသမီးငယ် ကွယ်လွန်

မဲခေါင် 13 Dec - 2022
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပညာရေး တက္ကသိုလ်ဝန်း အတွင်း ချိန်းတွေ့စဉ် ရည်းစားဖြစ်သူက အုတ်ခဲနဲ့ထုကာ ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရသူ အမျိုးသမီးငယ် ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်၊ ည ၈ နာရီ ဝန်းကျင်က သမီးရည်းစား ချိန်းတွေ့စဉ် ရည်းစားဖြစ်သူ အမျိုးသားက လိင်ကိစ္စ တောင်းဆိုရာ အမျိုးသမီး ဖြစ်သူက မလိုက်လျောခဲ့တဲ့ အတွက် အုတ်ခဲနဲ့ခေါင်းကို ထုကာ အရှင်လတ် လတ် ဓာတ်ဆီလောင်း မီးရှို့ခဲ့တဲ့ အမှု ဖြစ်ပါတယ်။ “ ကောင်မလေးက မီးလောင်တော့ အော်ပြီး အကူအညီ တောင်းတယ်။ ပတ်ဝန်းကျင်က လူတွေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပညာရေး တက္ကသိုလ်ဝန်း အတွင်း ချိန်းတွေ့စဉ် ရည်းစားဖြစ်သူက အုတ်ခဲနဲ့ထုကာ ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ရသူ အမျိုးသမီးငယ် ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်၊ ည ၈ နာရီ ဝန်းကျင်က သမီးရည်းစား ချိန်းတွေ့စဉ် ရည်းစားဖြစ်သူ အမျိုးသားက လိင်ကိစ္စ တောင်းဆိုရာ အမျိုးသမီး ဖြစ်သူက မလိုက်လျောခဲ့တဲ့ အတွက် အုတ်ခဲနဲ့ခေါင်းကို ထုကာ အရှင်လတ် လတ် ဓာတ်ဆီလောင်း မီးရှို့ခဲ့တဲ့ အမှု ဖြစ်ပါတယ်။

“ ကောင်မလေးက မီးလောင်တော့ အော်ပြီး အကူအညီ တောင်းတယ်။ ပတ်ဝန်းကျင်က လူတွေ ရောက်လာပြီး မီးဝိုင်းငြိမ်းကြတာ။ အဝတ်တွေက စုပ်ပြဲထားတာတွေ ရှိတယ်။ မီးလောင်တော့ အဝတ်တွေပါ လောင်တယ်။ ခန္ဓာကိုယ်မှာ အဝတ်တောင် သိပ်မကျန်ဘူး။ မနေ့ မနက်ပိုင်းက သေဆုံးသွားတာပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မီးရှို့ခံရသူ အမျိုးသမီးဟာ စစ်ကိုင်း ပညာရေး တက္ကသိုလ်မှ ဝန်ထမ်း ဖြစ်ပြီး ရည်စားဖြစ်သူ အမျိုးသားနဲ့ ချိန်းတွေ့စဉ် အခုလို ဆိုးရွားတဲ့ အကြမ်းဖက်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ကာ မီးလောင်မှုကြောင့် ခန္ဓာကိုယ်က အရေပြား ၇၀ ရာခိုင်နှုန်း နီးပါး ပျက်စီးသွားပြီးနောက် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ စစ်ကိုင်းမြို့၊ ကနားတော်ကျေးရွာမှာ နေတဲ့ အသက် ၂၄ နှစ်အရွယ် ဇာနည်ထွန်း (ခ) ရဲရင့် ဖြစ်ပြီး သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေး နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

ကျောက်မဲ ဗဟိုဈေးမှာ ခါးပိုက်နှိုက် သောင်းကျန်းနေ

မဲခေါင်၊ ဇန်နဝါရီ ၂၈ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဗဟိုဈေးကြီးမှာ အခု ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ခါးပိုက်နှိုက်တွေ
မှုခင်းသတင်း

ပူနားကိုမှာ စိတ်ကြွဆေးပြား ၆ သန်းကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိ

မဲခေါင်၊ ဇန်နဝါရီ ၂၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့
မှုခင်းသတင်း

တောင်ကြီးမှာ အမျိုးသမီးငယ်ကို အမျိုးသား ၂ ဦးက ရိုက်နှက်ပြီး i-Phone လုသွား

မဲခေါင်၊ ဇန်နဝါရီ ၂၅ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဇန်နဝါရီလ ၂၄ ရက်၊ ညပိုင်းက အမျိုးသမီးငယ် တစ်ဦးကို အမျိုးသား ၂ ဦးက ရိုက်နှက်ပြီး i-Phone လုယူမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ
မှုခင်းသတင်း

ကျိုင်းတုံမှာ ဆိုင်ကယ်မှောက်လို့ ရဲတပ်ကြပ် ပွဲချင်းပြီး သေဆုံး

မဲခေါင်၊ ဇန်နဝါရီ ၂၄ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက ဆိုင်ကယ်မှောက်လို့ ရဲတပ်ကြပ် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တိုင်းနေ နာရေးကူညီမှုအသင်းထံက သိရပါတယ်။
မှုခင်းသတင်း

လူမှုကွန်ရက်မှာ “လိပ်ပြာ” လို့ နာမည်ကြီးတဲ့ အလှပြင်ဆိုင်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်

မဲခေါင်၊ ဇန်နဝါရီ ၂၁ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ စက်ရုံလမ်းမှာ ဖွင့်လှစ်ထားတဲ့ Bright Star အလှပြင်ဆိုင် ပိုင်ရှင် ဖြစ်သူကို အလှပြင် ခွဲစိတ်မှုတွေ လုပ်နေတဲ့ အတွက် သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေး
မှုခင်းသတင်း

ရွှေညောင်မြို့က အမျိုးသမီးငယ်တစ်ဦး ၈ ရက်ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

မဲခေါင်၊ ဇန်နဝါရီ ၂၁ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ၈ ရက်ကြာအထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
မှုခင်းသတင်း

အသုတ်မြို့က ဓာတ်ဆီဆိုင် မီးလောင်မှု ဆိုင်ဝန်ထမ်း ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၂၀ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက် ပုသိမ်-မုံရွာ လမ်းမဘေးမှာ ဖွင့်လှစ် ရောင်းချနေတဲ့ ဓာတ်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း ၅ ဦးအနက် ၃
မှုခင်းသတင်း

တောင်ကြီးဒေသခံ ရွှေ့ပြောင်းအလုပ်သမား ၁ ‌ဦး ထိုင်းနိုင်ငံမှာ ဓားထိုးခံရပြီး သေဆုံး

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က ရွှေ့ပြောင်း အလုပ်သမား တစ်‌ဦး ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းက ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။