မှုခင်းသတင်း

ကျောက်မဲ ဗဟိုဈေးမှာ ခါးပိုက်နှိုက် သောင်းကျန်းနေ

မဲခေါင် 28 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၈ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဗဟိုဈေးကြီးမှာ အခု ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ခါးပိုက်နှိုက်တွေ သောင်းကျန်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဗဟိုဈေးကြီးမှာ အခု ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ခါးပိုက်နှိုက်တွေ သောင်းကျန်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျောက်မဲမြို့၊ ဗဟိုဈေးမှာ ဇန်နဝါရီလက စတင်ပြီး ခါးပိုက်နှိုက်ခံရမှုတွေ မကြာခဏ ဖြစ်ပွားလာသလို အခုလ၊ နောက်ဆုံးပတ်မှာတော့ ဆက်တိုက် ဖြစ်ပွားလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်၊ နေ့လယ်ပိုင်းမှာ အမျိုးသမီး တစ်ဦး ကျောက်မဲ ဗဟိုဈေးမှာ ရှမ်းလွယ်အိတ်နဲ့ ဈေးဝယ်နေစဉ် သူရဲ့ လွယ်အိတ်ကို တစ်စုံတစ်ယောက်မှ ပြတ်ရှတဲ့အရာနဲ့ခွဲပြီး အိတ်ထဲပါလာတဲ့ ပိုက်ဆံ ၂ သိန်းကျော်နဲ့ မှတ်ပုံတင်ကို နှိုက်ယူသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မနက် ၁၀ နာရီ ဝန်းကျင်မှာလည်း ရွာဖက်က ဈေးလာဝယ်တဲ့ အမျိုးသမီး တစ်ဦးရဲ့ လွယ်အိတ်ကို ဗဟိုဈေးကြီး၊ ဝက်သားတန်းအနီးမှာ အလားတူ ပုံစံမျိုး ထပ်မံ ခါးပိုက်နှိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကျန်တစ်သိန်းကျော် ပါသွားတယ်လို့ သိရပါတယ်။

ခါးပိုက်နှိုက်တွေဟာ ကျောက်မဲမြို့နယ် ကျေးလက်တောရွာတွေက လာရောက်ဈေးဝယ်၊ ဈေးရောင်းကြတဲ့ တောသူ တောင်သားတွေကို ပစ်မှတ်ထားနေတာကြောင့် အိတ်တွေကို သေချာ ဂရုစိုက်ကြဖို့နဲ့ ပိုက်ဆံတွေကို သေချာ သိမ်းဆည်း ထုတ်ပိုးကြဖို့ ဒေသခံတွေက သတိပေးထားပါတယ်။

MK-008
#MeKongNews
#ကျောက်မဲ
#ခါးပိုက်နှိုက်
#ဗဟိုဈေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာပေးသွင်းဖို့ ပျက်ကွက်သူ အလှူရှင် စိုးထွန်းရှိန် ပြန်လွှတ်ပေးဖို့ မ.ဘ.သ တွေ လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ မတ် ၁၉ နေပြည်တော်၊ လယ်‌‌ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊
မှုခင်းသတင်း

ရန်ကုန်-ပြည် ကားလမ်းမမှာ ဇာတ်အဖွဲ့ကားမှောက်လို့ လူအများအပြား ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂင်ဒိတ်ကုန်းကျေးရွာ အနီး ရန်ကုန်-ပြည် ကားလမ်းမမှာ ဒီကနေ့ မနက်ပိုင်းက ဇာတ်အဖွဲ့
မှုခင်းသတင်း

လှည်းကူးမှာ ဓားပြတိုက်ခံရလို့ ကားနဲ့ငွေသိန်းတစ်ရာကျော်ပါသွား

မဲခေါင်၊ မတ် ၁၁ လှည်းကူးမြို့နယ်က နေအိမ်တစ်လုံးကို မတ်လ၁၀ရက်ညပိုင်းက အမျိုးသား​၇ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ကားတစ်စီးနဲ့ ငွေကျပ်သိန်း၁၀၀ ကျော် လုယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မှုခင်းသတင်း

ဘုရားထီးတော် ပင့်ဆောင်ဖို့သွားတဲ့ကားက ရပ်ထားတဲ့ကားကို ဝင်တိုက်လို့ လူ ၂၀ ကျော်ဒဏ်ရာရ

မဲခေါင်၊ မတ် ၁၁ ပြည်မြို့သို့ ဘုရားထီးတော် ပင့်ဆောင်ဖို့ သွားတဲ့ ကားတစ်စီး သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ရပ်ထားတဲ့ ကားကို နောက်က ဝင်တိုက်လို့ ကားပေါ် လိုက်ပါလာသူ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ
မှုခင်းသတင်း

သာကေတမှာ အဝတ်ထွက်လှမ်းတဲ့ သက်ကြီးအမျိုးသား ၅ လွှာတိုက်ခန်းပေါ်က ပြုတ်ကျသေဆုံး

မဲခေါင်၊ မတ် ၁၁ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃/ရန်ပြေ ရပ်ကွက်ရှိ ၅ လွှာတိုက်ခန်း အနောက်ဘက်မှာ အဝတ်ထွက်လှမ်းတဲ့ အမျိုးသား ဒီကနေ့ မနက်ပိုင်းက ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက မဲခေါင်သတင်းကို
မှုခင်းသတင်း

မန္တလေးမှာ ဆိုင်ကယ်၊ ကားတွေအသုံးပြုပြီး ဓားခုတ်လုယက်နေတဲ့ ဂိုဏ်းကိုဖမ်းမိ

မဲခေါင်၊ မတ် ၁၀ မန္တလေးတိုင်းအတွင်း ဆိုင်းကယ်နဲ့ကားတွေ အသုံးပြုပြီး ဓားခုတ် လုယက်နေတဲ့ လူဆိုးဂိုဏ်းဝင် အမျိုးသား ၇ ဦးကို ဓားမျိုးစုံ၊ ဆိုင်ကယ် ၂ စီး၊ ကားတစ်စီးနဲ့အတူ မတ်လ ၄ ရက်နေ့၊
မှုခင်းသတင်း

လမ်းမတော်မှာ ကွက်ကီးမုန့်ထဲ ဆေးခြောက်ထည့်ရောင်းသူ ၂ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ မတ် ၁၀ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ၁၆ လမ်းရှိ ၈ လွှာတိုက်ခန်းမှာ နေထိုင်တဲ့အမျိုးသမီး တစ်ဦးရဲ့ နေအိမ်ကို မတ်လ ၈ ရက်နေ့က ဝင်ရောက်စစ်ဆေးရာ ကွက်ကီး မုန့်ထဲ ဆေးခြောက် ထည့်ပြီး
မှုခင်းသတင်း

Happy Water အပါအဝင် KTVနဲ့ ကလပ်မှာသုံးတဲ့ မူးယစ်ဆေးတချို့ တာချီလိတ်မှာဖမ်း

မဲခေါင်၊ မတ် ၈ တာချီလိတ်မြို့က ကေတီဗီ၊ ဘားနဲ့ ကလပ်တို့လို ဖျော်ဖြေရေးခန်းမတွေမှာ အသုံးပြုတဲ့ Happy Water၊ ကတ်တမင်း(ဒေသအခေါ် ခေး) နဲ့ တခြားမူးယစ်ဆေးတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။