မှုခင်းသတင်း

ကမာရွတ်မှာ အိမ်ရာမဲ့အမျိုးသမီးကြီးတစ်ဦးကားတိုက်ခံရပြီး သေဆုံး၊ ကားမောင်းသူထွက်ပြေ

မဲခေါင် 18 Dec - 2022
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ် ၄ လမ်းထိပ်မှာ ဒီဇင်ဘာ ၁၇ရက် ည၈နာရီ၂၀မိနစ်ဝန်းကျင်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး အတိုက်ခံရသူအမျိုးသမီးကြီးမှာနေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အရှိန်လွန်မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးက လှည်းတန်းမီးပွိုင့်ဘက်ကို မောင်းနှင်လာစဥ်လမ်း ကူးနေတဲ့အမျိုးသမီးကြီးကို ဝင်တိုက်ပြီးနောက် ကားမောင်းပြီးထွက်ပြေးသွားတာဖြစ််တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။ “ ကျွန်တော်က စက်ဘီးစီးပြီးလာတာ။ အမေကြီးကိုတိုက်လိုက်တော့ လေပေါ်မြောက်တက်သွားပြီး ဟိုက်ဘက်လမ်းကိုရောက်သွားတာ။ ကိုယ်လည်းဖြစ်ဖြစ်ချင်းကြောင်နေတာ။ သွားကြည့်တော့အသက်မရှူတော့ဘူး။ ဘယ်သူမှလည်းအလောင်းကိုမထိကြပါဘူး။ ဆေးရုံကားရောက်ပြီး လာသယ်တော့အသက်မရှိတော့ဘူး” လို့ သူကပြောပါတယ်။ သေဆုံးသူအမျိုးသမီးကြီးဟာ စံရိပ်ငြိမ်မှတ်တိုင်မှာ ညဘက်အိပ်တဲ့အိမ်ရာမဲ့ အမျိုးသမီးကြီးတစ်ဦးဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ “ အသက်ကတော့ ၆၀ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ စံရိပ်ငြိမ်မှတ်တိုင်မှာ ညဘက်အိပ်တာတွေ့တယ်။ သနပ်ခါးလိမ်းပြီး အိပ်နေတာတောင်တွေ့ရသေးတယ်။ ကားတိုက်တော့ ကိုယ်ကဘေးက ဖြတ်သွားတာနဲ့တိုက်ဆိုင်နေတာ။ ခွေခွေလေးဖြစ်နေလို့အဖွားလို့တောင်မထင်မိဘူး။ ရပ်တောင်ကြည့်နေမိသေးတယ်”

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ် ၄ လမ်းထိပ်မှာ ဒီဇင်ဘာ ၁၇ရက် ည၈နာရီ၂၀မိနစ်ဝန်းကျင်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး အတိုက်ခံရသူအမျိုးသမီးကြီးမှာနေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

အရှိန်လွန်မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးက လှည်းတန်းမီးပွိုင့်ဘက်ကို မောင်းနှင်လာစဥ်လမ်း ကူးနေတဲ့အမျိုးသမီးကြီးကို ဝင်တိုက်ပြီးနောက် ကားမောင်းပြီးထွက်ပြေးသွားတာဖြစ််တယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

“ ကျွန်တော်က စက်ဘီးစီးပြီးလာတာ။ အမေကြီးကိုတိုက်လိုက်တော့ လေပေါ်မြောက်တက်သွားပြီး ဟိုက်ဘက်လမ်းကိုရောက်သွားတာ။ ကိုယ်လည်းဖြစ်ဖြစ်ချင်းကြောင်နေတာ။ သွားကြည့်တော့အသက်မရှူတော့ဘူး။ ဘယ်သူမှလည်းအလောင်းကိုမထိကြပါဘူး။ ဆေးရုံကားရောက်ပြီး လာသယ်တော့အသက်မရှိတော့ဘူး” လို့ သူကပြောပါတယ်။

သေဆုံးသူအမျိုးသမီးကြီးဟာ စံရိပ်ငြိမ်မှတ်တိုင်မှာ ညဘက်အိပ်တဲ့အိမ်ရာမဲ့ အမျိုးသမီးကြီးတစ်ဦးဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

“ အသက်ကတော့ ၆၀ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ စံရိပ်ငြိမ်မှတ်တိုင်မှာ ညဘက်အိပ်တာတွေ့တယ်။ သနပ်ခါးလိမ်းပြီး အိပ်နေတာတောင်တွေ့ရသေးတယ်။ ကားတိုက်တော့ ကိုယ်ကဘေးက ဖြတ်သွားတာနဲ့တိုက်ဆိုင်နေတာ။ ခွေခွေလေးဖြစ်နေလို့အဖွားလို့တောင်မထင်မိဘူး။ ရပ်တောင်ကြည့်နေမိသေးတယ်” လို့ သူကပြောပါတယ်။

ယာဥ်တိုက်မှုကျူးလွန်ခဲ့သော ကားနံပါတ်ကို မျက်မြင်အချို့က မှတ်မိကြပြီး ယာဥ်တိုက်မှုကျူးလွန်ပြီး ထွက်ပြေးသွားသောကားသမားကို အမြန်ဆုံးဖမ်းမိစေချင်တယ်လို့ ရပ်ကွက်နေပြည်တွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မှုခင်းသတင်း

သိန္နီမြို့နယ်က အိုရီယမ်တယ်တိုးဂိတ် ဓားပြတိုက်ခံရပြီး လမ်းကြေးကောက်ခံရငွေ အကုန်ပါသွား

မဲခေါင်၊ မေ ၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ သေနတ်ပစ်မှုဖြစ်ပြီး တစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

တာချီလိတ်မြို့မှာ စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်လို့ တစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
မှုခင်းသတင်း

မြောက်ဥက္ကလာမှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို တိုက်ကြီးမှာ ပြန်တွေ့

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ စကားမပြောတတ်သူ အမျိုးသမီးငယ်ကို ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက တိုက်ကြီးမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ ကူညီရှာဖွေရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို
မှုခင်းသတင်း

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ် ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ

မဲခေါင်၊ မတ် ၂၃ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၈၄ မိုင် ၂ ဖာလုံမှာ ရပ်ထားတဲ့ ကုန်တင်ကားကို လိုက်ထရပ်ကား နောက်က ဝင်တိုက်လို့ အမျိုးသား ၂ ဦး သေဆုံးပြီး အများအပြား
မှုခင်းသတင်း

မင်္ဂလာဒုံမှာ ကားငှားစီးသူတွေက အငှားယာဉ်မောင်းကိုရိုက်နှက် လမ်းမှာပစ်ချပြီး ကားနဲ့ဖုန်းလုယက်သွား

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်မှာ မတ်လ ၂၁ ရက် ည ၇ နာရီကျော် အမျိုးသား ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ပြီး
မှုခင်းသတင်း

စစ်တပ်နဲ့ရဲထူထပ်တဲ့ တောင်ကြီး မြန်မာ့စီးပွါးရေးဘဏ်မှာ ပင်စင်ထုတ်တဲ့ အငြိမ်းစားဝန်ထမ်း ခါးပိုက်နှိုက်ခံရ

မဲခေါင်၊ မတ် ၂၂ စစ်တပ်နဲ့ရဲ ထူထပ်စွာ ချထားတဲ့ ရှမ်းပြည်နယ် မြို့တော်၊ တောင်ကြီးမြို့ရှိ မြန်မာ့စီးပွား‌ရေးဘဏ်မှာ မနေ့က ပင်စင်လာထုတ်တဲ့ ထွေအုပ် အငြိမ်းစားဝန်ထမ်း တစ်ဦး ခါးပိုက်နှိုက် ခံလိုက်ရတယ်လို့ နီးစပ်သူတွေ ထံက သိရပါတယ်။
မှုခင်းသတင်း

ဓားပြတိုက်ခံရပြီး ၁၀ နှစ်အကြာမှာ ဓားပြထပ်တိုက်ခံရတဲ့ မုံရွာက ပေါ်ဦး ရွှေဆိုင် အချီကြီးပါသွား

မဲခေါင်၊ မတ် ၂၂ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြ တိုက်ခိုက်ခံရလို့ ရွှေနဲ့ ငွေကြေး အများအပြား ပါသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။