မြန်မာ့နွေဦး

YBS ယာဉ်တွေပေါ်မှာ CCTV တပ်ဆင် စောင့်ကြည့်နေပေမယ့် ခိုးဆိုးလုနှိုက်တွေ သောင်းကျန်းနေဆဲ

မဲခေါင် 27 Dec - 2022
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း ၁၅ လိုင်းမှာ CCTV ကင်မရာတွေ တပ်ဆင်ပြီး မှုခင်းဖြစ်စဉ်တွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က ပြောပေမယ့် ခါးပိုက်နှိုက် လုယက်မှုတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

လက်ရှိ YBS ယာဉ်လိုင်း ၁၅ လိုင်းမှာ CCTV တွေ တပ်ဆင်ထားပြီး နောက်ထပ် ယာဉ်လိုင်း ၅ လိုင်းမှာလည်း CCTV ကင်မရာတွေ ထပ်မံ တပ်ဆင်နေတယ် ဆိုပေမယ့် ဘယ်ယာဉ်လိုင်း နံပါတ်တွေမှာ တပ်ဆင်ထားတယ် ဆိုတာကိုတော့ YRTC က တရားဝင် ထုတ်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

၆၀ ကား စီးဖူးတဲ့သူတိုင်း သိတယ်။ ဘယ်လောက် သောင်းကျန်းနေလဲ ဆိုတာ။ ၆၁ လိုင်းပေါ်မှာလည်း အဖွဲ့လိုက် နှိုက်တယ်။ ပြဿနာတက်ရင် ဆင်းချင်တဲ့နေရာ ဆင်းတာ။ ကားသမားက သူ့ပထွေးတွေ ဆင်းတော့ ရပ်ပေးတယ်။ ခရီးသည်တွေ ဆင်းချင်ရင် သူတို့ရပ်ချင်တဲ့ နေရာ ရပ်ကြတာ။ ၆ ကားနဲ့ ၃၅ ကားတွေမှာလည်း အဖွဲ့လိုက် သူခိုးတွေ အများကြီးပဲ။ ဘယ်သူမှ ဖမ်းတာ စစ်တာ တခါမှ မကြုံဘူးပါဘူး 

လို့ နေ့စဉ် YBS စီးကာ ပစ္စည်းပို့နေတဲ့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

အခုလို CCTV ကင်မရာတွေ တပ်ဆင်တာဟာ မှုခင်းကျဆင်းရေး အတွက်လို့ ဆိုပေမယ့် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ လူငယ်တွေကို ဖမ်းဆီးဖို့ အတွက် ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက သုံးသပ်ပါတယ်။

အဲ့ဒီ သူခိုး ခါးပိုက်နှိုက်နဲ့ လုတဲ့ကောင်တွေကို ဘယ်သူလွှတ်ပေးလိုက်တာလဲ။ ပြည်သူတွေ ဒုက္ခရောက်အောင် သူတို့လုပ်နေတာ။ ခုလည်း CCTV တပ်ထားတဲ့ လိုင်းနံပါတ်တော့ မကြေညာဘူး။ ဆန္ဒပြတဲ့ ကလေးတွေ လိုင်းကားပေါ်တွေမှာ စာကပ်ပြီးလုပ်လို့ ဖမ်းရလွယ်အောင် တပ်နေတာ။ ယာဉ်လိုင်း တစ်ရာကျော်ရှိရင် အကုန်လုံးမှာ တပ်လေ။ ခုလည်း လမ်းမတွေ တံတားတွေပေါ်မှာလည်း CCTV တပ်နေကြတာပဲ 

လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနေ့က YBS ယာဉ်လိုင်း ၁၁၆ လိုင်းမှ ယာဉ်အစီးရေ ၃၃၅၈ စီးနဲ့ ခရီးသည် ၁၃ သိန်း ၄ သောင်းကျော် ပို့ဆောင်ပေးခဲ့ပြီး စည်ကမ်းဖောက်ယာဉ် အစီးရေ ၅၈၀ ကို CNG ပိတ်သိမ်း အရေးယူထားတယ်လို့ YRTC က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့