UNHCR ခိုလှုံရေးအသိအမှတ်ပြုကဒ် လျှောက်ထားဖို့နှိုးဆော်တဲ့ Page အတု တစ်ခုထွက်ပေါ်နေပါတယ်။
အဲဒီပေ့ချ်ဟာ UNHCR က ခိုလှုံခွင့်ကတ်အတွက် လျှောက်ထားနိုင်တယ်လို့ ရေးသားထားပြီး ထိုင်းနိုင်ငံမှာ UN က ဒီလိုလုပ်ပေးတာ မရှိဘူးလို့ ဒုက္ခသည်အေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
“ ဖော်ပြပါ Page ဟာ အတုဖြစ်တာကြောင့် UNHCR ကဒ် လျောက်ထားခြင်း ကိစ္စအား လုံးဝမပြုလုပ်ကြဖို့နဲ့ မိမိ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို လုံးဝမပေးပို့ဖို့ကြဖို့” အသိပေးပါတယ် လို့ သူကပြောကြားထားပါတယ်။
ထအဲဒီခိုလှုံရေးတောင်းခံမှု မြန်မာရုံးခွဲဆိုတဲ့ Pageမှာ UNHCR ခိုလှုံရေးအသိအမှတ်ပြုကဒ် လျှောက်ထားကြဖို့နှိုးဆော်ထားပြီး ဒုတိယနိုင်ငံမှာ လွတ်လပ်စွာသွားလာနေထိုင်နိုင်ဖို့နဲ့ တတိယနိုင်ငံကို သွားရောက်နိုင်ဖို့ နိုင်ငံပျောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လျှောက်ထားကြဖို့ နှိုးဆော်ထားပါတယ်။
ကိုယ်ရေးအချက်အလက်တွေကို ပေးပို့ပေးဖို့နဲ့ လူတွေ့ချိန်းဆိုနိုင်ဖို့ အတွက် Page Messenger သို့ဖြစ်စေ လူကိုယ်တိုင် UNHCR မဲဆောက်ရုံးသို့သွားရောက်၍ ဖြစ်စေ လျှောက်ထားနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။
ဒါတွေဟာ အလိမ်အညာသာဖြစ်ပြီး ကိုယ်ပေးလိုက်တဲ့အချက်အလက်တွေကို စစ်ကောင်စီထံပေးတာမျိုး၊ အခြားနည်း အလွှဲသုံးစားပြုတာမျိုး လုပ်ခံရနိုင်တယ်လို့ သတိပေးထားပါတယ်။
ထိုင်းနိုင်ငံဟာ UNHCR ရဲ့ ဒုက္ခသည် ကွန်ဗင်းရှင်းမှာ လက်မှတ်မထိုးထားတဲ့အတွက် ဒီလိုကတ်မျိုး ထုတ်ပေးမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။