ဒေသတွင်းသတင်း

SSPP နယ်ထဲက ပြည်သူ့စစ်တွေကို စစ်တပ်က ရုံးတွေတိုးချဲ့ဖွင့်ပေးနေ

မဲခေါင် 17 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၇ ရှမ်းပြည်မြောက်ပိုင်း SSPP ထိန်းချုပ်နယ်မြေတွေဘက်မှာ ရှိနေတဲ့ ပြည်သူ့စစ်တွေကို အာဏာသိမ်းစစ်တပ်က ရုံးခန်းတွေတိုးချဲ့ဖွင့်ပေးနေတယ်လို့ ရှမ်းပြည်စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၇

ရှမ်းပြည်မြောက်ပိုင်း SSPP ထိန်းချုပ်နယ်မြေတွေဘက်မှာ ရှိနေတဲ့ ပြည်သူ့စစ်တွေကို အာဏာသိမ်းစစ်တပ်က ရုံးခန်းတွေတိုးချဲ့ဖွင့်ပေးနေတယ်လို့ ရှမ်းပြည်စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ရုံးခန်းတွေတိုးချဲ့ဖွင့်ပေးတာနဲ့အတူ လူသစ်စုဆောင်းရေးနဲ့ လက်နက်တပ်ဆင်ရေး ကိစ္စတွေပါ လုပ်ပေးနေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“မုန်းဟင်၊​ မုန်းဟ ပြည်သူ့စစ်၊ SSS မဟာကြာ၊ မန်ပန်ပြည်သူ့စစ်၊ ဒါတွေအကုန်လုံးက MTA လက်ကျန်တွေပဲ။ စစ်ကောင်စီက ဒါတွေကို အသုံးချပြီး စစ်ရေးကို ကစားနေတာ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်ထဲမှာ ပြုလုပ်တဲ့ မုန်းဟင်၊​ မုန်းဟ ပြည်သူ့စစ်အဖွဲ့ရဲ့ ဆက်ဆံရေးရုံးသစ်ဖွင့်ပွဲကို စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မိုင်းရယ်မြို့နယ်၊ မန်မုံဒေသမှာ ဇူလိုင်လ ၁၃ရက်က ကျင်းပတဲ့ အဲဒီပြည်သူ့စစ်ရုံးခန်းဖွင့်ပွဲကို စစ်ကောင်စီဝန်ထမ်းတွေဖြစ်တဲ့ ထွေအုပ်နဲ့ စရဖတို့ တက်ရောက်တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ရှမ်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေများနေပြီး များသောအားဖြင့် ပြည်သူတွေကို နှိပ်စက်ကြတာများတယ်လို့ မန်ပန်ဒေသခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ မုန်းဟပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက သူရည်စားစကားပြောတာကို အဖြေပြန်မပေးတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကို ရည်ညွှန်းပြီးသူက ပြောတာ ဖြစ်ပါတယ်။

MK – 004

#MeKongNews

#SSPP

#မုန်းဟင်၊​ မုန်းဟ ပြည်သူ့စစ်

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

ကျားဖြန့်ရုံတွေမှာ တရုတ်တွေ မူးယစ်ဆေးဖော်မြူလာအသစ်တွေ စမ်းထုတ်နေ၊ တာချီလိတ်က KTV နဲ့ နိုက်ကလပ်တွေမှာ စမ်းသပ်သုံးစွဲပြီး ဆေးလွန်သေဆုံးသူလူငယ်တွေများပြားလာ

တာချီလိတ်မြို့က ကျားဖြန့်လုပ်ငန်းလို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာတွေမှာ တရုတ်တွေဟာ မူးယစ်ဆေးဝါးဖော်မြူလာအသစ်တွေကို စမ်းသပ်ထုတ်လုပ်နေတယ်လို့ ဒီလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက မဲခေါင်ကို
မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now