မြန်မာ့နွေဦး

PNO ပြည်သူ့စစ်က နမ့်နိန်းဒေသခံတွေကို ယူနီဖောင်းဝတ်ပေးပြီး လူသားဒိုင်းအဖြစ် အသုံးချဖို့ ပြင်ဆင်

မဲခေါင် 25 Apr - 2023
မဲခေါင်၊ ဧပြီ ၂၅ PNO ပြည်သူ့စစ်က စစ်ရှောင်နေတဲ့ ဒေသခံတွေကို အကာအကွယ်ပြုပြီး နမ့်နိန်းကျေးရွာထဲ ဝင်ရောက် တပ်စွဲဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ မဲခေါင်သတင်းက စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၅

PNO ပြည်သူ့စစ်က စစ်ရှောင်နေတဲ့ ဒေသခံတွေကို အကာအကွယ်ပြုပြီး နမ့်နိန်းကျေးရွာထဲ ဝင်ရောက် တပ်စွဲဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ မဲခေါင်သတင်းက စုံစမ်း သိရှိရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်း(လဲင်းဗွာလ) ကျေးရွာမှာ ဗိုလ်မှူးခွန်အောင်သိန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ် စစ်ကြောင်းနဲ့ နမ့်နိန်းရွာ ဇာတိ ခွန်ရန်အောင်တို့ ဧပြီလ ဒုတိယပတ်တုန်းက တွေ့ဆုံရာမှာ အဲ့ဒီလို ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ မဲခေါင်သတင်းရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

နမ့်နိန်းကျေးရွာထဲကို ဝင်ရောက်နိုင်ဖို့ PNO ပြည်သူ့စစ်က လူ၊ လက်နက်၊ ကား စီစဉ်ပေးမှာဖြစ်ပြီး နမ်းနိန်း ရွာသားတွေနဲ့ လုံးပြင်ရွာသားတွေ အနေနဲ့ PNO စစ်ကြောင်းမှာ အင်အား ဖြည့်တင်းပေးရမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

“ရွာသားတွေက PNO ယူနီဖောင်းဝတ်ပြီး အင်အားဖြည့်ရမယ်။ လက်နက်ကို PNO ကပေးမယ်။ ရွာထဲ ရောက်ရင်တော့ PNO က ရွာထဲမှာ စခန်းထိုင်မယ်။ အင်အား ဖြည့်ထားတဲ့ ရွာသားတွေက အပြင်စည်းမှာ လုံခြုံရေး စောင့်ပေးရမယ်လို့ PNO စစ်ကြောင်းမှူးနဲ့ ခွန်ရန်အောင်က ပြောတယ်။ ရွာသားတွေကတော့ လက်မခံဘူး။ ရွာသားတွေက စစ်သားတွေမှ မဟုတ်တာ၊ အဲလိုဝင်လို့ တိုက်ပြီဟေ့ဆို ဘာမှမတတ်တဲ့ ရွာသားတွေ သေကုန်မှာလေ” လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

စစ်ရှောင်နေတဲ့ ရွာသားတွေကို လက်နက်ကိုင်ခိုင်းပြီး စစ်ကြောင်းထဲ အင်အားဖြည့်တာဟာ လူသားဒိုင်း အနေနဲ့ အသုံးပြုတာဖြစ်လို့ ရွာသားတွေက လက်မခံတာကြောင့် PNO ပြည်သူ့စစ် စစ်ကြောင်းမှူးက စစ်ရှောင်နေတဲ့ နမ့်နိန်း၊ လုံးပြင် စတဲ့ ဒေသခံတွေကို ခြိမ်းခြောက်ခဲ့တယ်လို့ နောက်ထပ် သတင်းရင်းမြစ်က ပြောပါတယ်။

“ရွာသားတွေ လက်မခံတော့ အဲ့ဒီ PNO စစ်ကြောင်းမှူးက မင်းတို့တွေ တောင်မဲသင်း ဘုရားတောင်လို ဖြစ်သွားမယ် ဆိုပြီး ခြိမ်းခြောက်သေးတယ်ဗျ” လို့ သူကပြောပါတယ်။

PNO ရဲ့ အစီအစဉ်ကို ရွာသား တစ်ချို့ လက်ခံလိုပေမယ့် အချင်းချင်း တားမြစ်ကြလို့ လက်ရှိအချိန်ထိ ဒီအစီစဉ် အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“တစ်ချို့ ကျွန်တော့် အမျိုးပဲ၊ လက်ခံရင် ကောင်းမလားဆိုပြီး လုပ်နေလို့၊ မင်းတို့က ဒေသခံ ပြည်သူတွေ စစ်ပညာတတ်တဲ့ သူတွေလည်း မဟုတ်ဘူး။ ပြည်သူ့စစ် ယူနီဖောင်းဝတ် သေနတ်တွေကိုင်ပြီး သွားရင်တော့ မင်းတို့ရွာပဲ အထိနာမှာ။ ကျွန်တော့် အိမ်မှာပဲ အေးဆေးနေ၊ နယ်မြေငြိမ်းချမ်းမှ လူထု အနေနဲ့ပဲ ပြန်ပါလို့ ပြောထားရတယ်” လို့ သူကပြောပါတယ်။

လက်ရှိ ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ စစ်ကောင်စီနဲ့ လက်တွဲ တိုက်ပွဲဝင်နေတဲ့ PNO ပြည်သူ့စစ်ကို PNO ပြည်သူ့စစ် ဒုတိယ ကွပ်ကဲရေးမှူး ဒု-ဗိုလ်မှူးကြီး ခွန်ထွန်းရွှေက ကွပ်ကဲပြီး တပ်ရင်းမှူး ခွန်အောင်သိန်းက ဦးဆောင်နေပါတယ်။ ခွန်ထွန်းရွှေဟာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNO ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ကရင်နီပြည်ထဲ ဝင်ရောက်ဖို့ ပင်လောင်း-ဖယ်ခုံ နယ်စပ်ကနေ စစ်ကြောင်းထိုးနေပြီး ဒေသခံတွေကို သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာကြောင့် ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေး နေရပါတယ်။

CJ – 002

#MeKongNews

#နမ့်နိန်းကျေးရွာ

#PNO

#လူသားဒိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု