မြန်မာ့နွေဦး

PNO ပါတီ အလံခိုးတယ်ဆိုပြီး ကန့်ကွက်ခံရလို့ စစ်ကောင်စီ လက်အောက်ခံ UEC က အလံပြန်ပြောင်းခိုင်း

မဲခေါင် 6 Apr - 2023
မဲခေါင်၊ ဧပြီ ၆ ပအိုဝ်း အမျိုးသား အလံတော်ကို ပါတီ အလံအဖြစ် သုံးစွဲဖို့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်-PNO ပါတီရဲ့ လျှောက်ထားမှုကို ကန့်ကွက်သူရှိလို့ ပါတီအလံ ပြန်ပြောင်းဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်-UEC က PNO ပါတီကို အကြောင်းကြားစာ ပို့ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ ဧပြီ ၆

ပအိုဝ်း အမျိုးသား အလံတော်ကို ပါတီ အလံအဖြစ် သုံးစွဲဖို့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်-PNO ပါတီရဲ့ လျှောက်ထားမှုကို ကန့်ကွက်သူရှိလို့ ပါတီအလံ ပြန်ပြောင်းဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်-UEC က PNO ပါတီကို အကြောင်းကြားစာ ပို့ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။

စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီ ပြန်လည် မှတ်ပုံတင်ရာမှာ ပြည်သူ့စစ် ဖြစ်တဲ့ PNO ပါတီ အနေနဲ့ ပအိုဝ်း အမျိုးသား အလံတော်ကို ပါတီ အလံအဖြစ် မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို အမျိုးသား အလံကို ပါတီ အလံအဖြစ် သုံးစွဲဖို့ မှတ်ပုံတင်တာကို မတ်လ ၆ ရက်နေ့မှာ ကရင်ပြည်နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ပအိုဝ်း ပြည်သူလူထု ကိုယ်စား ကန့်ကွက်စာ တင်ခဲ့တာပါ။

ကန့်ကွက်စာ တင်ပြီးနောက် PNO ပါတီ အနေနဲ့ ပါတီ အလံကို ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းလဲ တင်ပြဖို့ စစ်ကောင်စီရဲ့ ရွေးကော်က PNO ပါတီကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

“အမျိုးသား အလံတော် ဆိုတာက တစ်မျိုးသားလုံးနဲ့ ဆိုင်တယ်။ အမျိုးသား အလံတော်ကို ပါတီ အလံအဖြစ် အသုံးပြုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်။ ကြာလာရင် အမျိုးသား အလံတော်ကို အလေးပြုတာလား၊ ပါတီအလံကို အလေးပြုတာလား ဆိုတဲ့အထိ လူတွေကို နှစ်ခြမ်းကွဲစေနိုင်ပါတယ်” လို့ ကရင်ပြည်နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အမျိုးသား အလံတော်ဟာ တစ်မျိုးသားလုံးပိုင်တဲ့ အရာဖြစ်ပြီး လူတစ်စု တစ်ဖွဲ့က အပိုင်လုပ်လို့ မရဘူးလို့ ပအိုဝ်း လူငယ် တစ်ဦးက ပြောပါတယ်။

“ဥပမာ ပအိုဝ်းလူမျိုး ဝန်ထမ်း တစ်ယောက်က အမျိုးသား ချစ်စိတ်နဲ့ အလံတော်ကို ရင်ဘတ်မှာ ကပ်ထားတာ ဖြစ်ပေမယ့် ဥပဒေအရ သူက ပါတီအလံကို ရင်ဘတ်မှာ ကပ်ထားတာ ဖြစ်နေတော့ သူအရေးယူ ခံရနိုင်တယ်။ ဝန်ထမ်းက ပါတီနိုင်ငံရေး လုပ်တယ်ဆိုပြီး စကစ က အရေးယူနိုင်တယ်။ ဒီလိုမျိုး ဆိုးကျိုးတွေလည်း အများကြီး ရှိနိုင်တယ်လေ” လို့ သူကထောက်ပြပါတယ်။

ပအိုဝ်း အမျိုးသား အလံတော်ကို အဖွဲ့အစည်း တစ်ခုခုက အဖွဲ့အစည်း အလံအဖြစ် အဓမ္မ အသုံးပြုရင် အမျိုးသားပိုင် ပစ္စည်း ခိုးယူရာ ရောက်တယ်လို့ သူက ဆက်ပြောပါတယ်။

PNO ပါတီဟာ ပြီးခဲ့တဲ့ ကြံ့ခိုင်ရေး အစိုးရနဲ့ NLD အစိုးရ လက်ထက်က ပအိုဝ်း ပြည်သူလူထုတွေရဲ့ ဥပေဒ နားမလည်မှု၊ သတင်းအချက်အလက်ရရှိမှု အားနည်းချက်တွေကို အသုံးချပြီး ပအိုဝ်း အမျိုးသား အလံတော်ကို ပါတီ အလံအဖြစ် သုံးစွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ အဲဒီကာလတွေက ပေါ်ပေါက်ခဲ့ပါသေးတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ PNO ပါတီ ဥက္ကဋ္ဌ ခွန်စံလွင် နဲ့ ဒု-ဥက္ကဋ္ဌ ခွန်မောင်သောင်း တို့ကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံ ဖြေတာ မရှိပါဘူး။

PNO ပါတီဟာ စစ်တပ် လက်အောက်ခံ PNA ပြည်သူ့စစ်ရဲ့ ဦးဆောင် နိုင်ငံရေး အဖွဲ့အစည်းဖြစ်ပြီး PNO ဗဟိုကော်မတီဝင်နဲ့ စီးပွားရေး တာဝန်ခံ၊ PNA ပြည်သူ့စစ် တပ်ရင်း (၄) ရဲ့ တပ်ရင်းမှူးဖြစ်သူ ခွန်နေဝင်းထွန်း ဟာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး PNO ပါတီရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

အဲ့ဒါအပြင် လက်ရှိ စစ်ကောင်စီ အဖွဲ့ဝင် ခွန်စံလွင် ဟာ PNO ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်သလို ဗိုလ်မှူးအဆင့်နဲ့ ပြည်သူ့စစ်ရဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်ပါတယ်။

CJ-002

#MeKongNews

#အမျိုးသားအလံ

#PNO

#ရွေးကောက်ပွဲကော်မရှင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု