မြန်မာ့နွေဦး

PNO နယ်မြေထဲမှာ တနိုင်တပိုင်အရက်ချက်သူတွေကို PNO တပ်သားတွေက အခွန်စကောက်နေ

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ပအိုဝ်းပြည်သူ့စစ် (PNO)နယ်မြေထဲမှာ တနိုင်တပိုင်အရက်ချက်သူတွေကို PNO တပ်သားတွေက ဇန်နဝါရီကစတင်ပြီး အခွန်စတင်ကောက်ခံနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ပအိုဝ်းပြည်သူ့စစ် (PNO)နယ်မြေထဲမှာ တနိုင်တပိုင်အရက်ချက်သူတွေကို PNO တပ်သားတွေက ဇန်နဝါရီကစတင်ပြီး အခွန်စတင်ကောက်ခံနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံစတဲ့ မြို့နယ်တွေရှိ ကျေးလက်တောရွာတွေမှာ စီးပွားဖြစ်မဟုတ်ဘဲ မိသားစုနဲ့ ဆွေမျိုးအသိုင်းတွေ သောက်ဖို့အတွက် တနိုင်တပိုင်အရက်ချက်သူတွေကို PNO တပ်သားတွေက အခွန်လိုက်လံကောက်ခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ အရင်ကတော့ တစ်ခါမှမကောက်ဖူးဘူး၊ အရက်လာတောင်းသောက်ပဲရှိတယ်။ အခုက တစ်ခါချက်ရင် တစ်ခါအခွန်ပေးရမယ်ဆိုပြီး လာကောက်နေတယ်။ ဗဟိုကကောက်ခိုင်းတာ ဟုတ်၊ မဟုတ်တော့ သေချာမသိဘူး။ ကျေးရွာတာဝန်ခံတွေက လာကောက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရက်ဖိုတစ်ဖိုကို အနည်းဆုံး ကျပ်တစ်သောင်း ကောက်ခံနေတာဖြစ်ပြီး အရက်ဖို အများအပြားနဲ့ ချက်လုပ်ကာ ကျေးရွာအတွင်းမှာသာ ရောင်းချနေသူတွေကိုတော့ ကျပ် ၃ သောင်းကနေ တစ်သိန်းကျပ်အထိ ကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် PNO ထိန်းချုပ်နယ်မြေမဟုတ်တဲ့ အင်းလေးဒေသနဲ့ ရပ်စောက်၊ တောင်ကြီးက PNO တပ်သားတွေနေထိုင်တဲ့ ပအိုဝ်းကျေးရွာအချို့နဲ့မှာလည်း အဲဒီလို လိုက်လံကောက်ခံနေတယ်လို့ သိရပါတယ်။

ပအိုဝ်းပြည်သူ့စစ်ထိန်းချုပ်ရာဒေသတွေမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာ၊ Adman Gold နဲ့ ဒဂုံဘီယာတွေကိုသာ တင်သွင်းရောင်းချခွင့်ပြုထားပြီး ကျန်ဘီယာတွေကို တင်သွင်းရောင်းချတာ မပြုလုပ်ဖို့ ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။

MK-008

#MeKongNews

#PNO

#အရက်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။