မြန်မာ့နွေဦး

PNLO နဲ့ RCSS တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မဲခေါင် 4 Apr - 2023
မဲခေါင်၊ ဧပြီ ၄ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ထိန်းချုပ်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ PNLO နဲ့ RCSS တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဧပြီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ထိန်းချုပ်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ PNLO နဲ့ RCSS တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ စုံစမ်းသိရပါတယ်။

မတ်လ ၃၀၊ ၃၁ ရက်နဲ့ ဧပြီလ ၃ ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ RCSS နဲ့ PNLO တို့တိုက်ပွဲမှာ PNLO တပ်ဖွဲ့ဘက်က ၃ ဦး ထိခိုက်ခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သလို RCSS ဘက်က ၈ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့လည်း PNLO တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ တိုက်ပွဲအတွင်းဆိုတော့ ထိခိုက်မှုက ရှိပါတယ်။ RCSS ဘက်က ၈ ဦးကျပြီး ၂ ဦးအသေးစားဒဏ်ရာရတယ်လို့ အတည်ပြုလို့ရပါတယ်။ ထိခိုက်မှုကတော့ နှစ်ဖက်စလုံးရှိတယ်” လို့ သူကပြောပါတယ်။

ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး RCSS တပ်ဖွဲ့မှ တာဝန်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအွမ်ခေးကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် RCSS ပြောရေးဆိုခွင့်ရှိသူက The People Voice သတင်းဌာနမှာ RCSS ဘက်က ကျဆုံးတာမရှိဘူးလို့ ပြောဆိုထားတာကို တွေ့ရပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး PNLO နဲ့ RCSS နှစ်ဘက်စလုံးက နယ်မြေကျူးကျော်လာလို့ တိုက်ပွဲဖြစ်ရတာလို့ အပြန်အလှန် ပြောဆိုထားကြပါတယ်။

လက်ရှိမှာ RCSS တပ်က ရန်ကင်းကျေးရွာမှ ဖာလောင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

PNLO နဲ့ RCSS တိုက်ပွဲဖြစ်နေတဲ့ ကဒူးကြီးဒေသ ရန်ကင်းကျေးရွာ နမ့်ပါတဲက်ကျေးရွာဟာ PNLO ဌာနချုပ်နဲ့ မျဉ်းဖြောင့် ၅ မိုင်ခန့်သာ ကွာဝေးပါတယ်။

RCSS ဟာ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက နယ်မြေကျူးကျော်လာပြီး ဒေသခံ ပအိုဝ်းတိုင်းရင်းသားတွေကို ခြိမ်းခြောက်တာ ရန်ကင်းကျေးရွာရဲ့ စာသင်ကျောင်းထဲ တပ်စွဲတာတွေ ပြုလုပ်ခဲ့တယ်လို့ PNLO တာဝန်ရှိသူကပြောပါတယ်။

“အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေရာက တော်လှန်ရေးခေတ်ဦးကတည်းက ကျွန်တော်တို့ အာဇာနည်တွေ နေထိုင်ခဲ့တဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ကျေးရွာပါ။ အခုဖြစ်တဲ့နေရာက ကျွန်တော်တို့ ဌာနချုပ်နဲ့ ၁၀ မိုင်တောင် မရှိတော့တဲ့နေရာလေ။ ဒါကို ကျွန်တော်တို့ ကာကွယ်ရမှာပေါ့။ ဘယ်သူက ကျူးကျော်လဲဆိုတာ စဉ်းစားကြည့်ပေါ့” လို့ သူကပြောပါတယ်။

၂၀၁၅ ခုနှစ် ဦးသိန်းစိန်လက်ထက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရာမှာ မောက်မယ်မြို့နယ် ကဒူးကြီးဒေသဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်အဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ထိန်းချုပ်နယ်မြေအဖြစ် လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

#MeKongNews

#RCSS

#PNLO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု