မြန်မာ့နွေဦး

PNLO နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ RCSS က ပအိုဝ်းရွာ ၂ ရွာရှိ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုနေ

မဲခေါင် 22 May - 2023
မဲခေါင်၊ မေ ၂၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်မှာ RCSS နဲ့ PNLO တိုက်ပွဲ ဖြစ်ပွားပြီးနောက် RCSS တပ်ဖွဲ့တွေက ပအိုဝ်း ကျေးရွာ ၂ ရွာရှိ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ဟိုနမ့် ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၂၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်မှာ RCSS နဲ့ PNLO တိုက်ပွဲ ဖြစ်ပွားပြီးနောက် RCSS တပ်ဖွဲ့တွေက ပအိုဝ်း ကျေးရွာ ၂ ရွာရှိ လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ဟိုနမ့် ဒေသခံတွေက ပြောပါတယ်။

မေလ ၂၀ ရက်နေ့ မနက် ၄ နာရီခွဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ RCSS တပ်ဖွဲ့ဟာ မောက်မယ်မြို့နယ်၊ ဟိုနမ့်အုပ်စု၊ ထီဖက်နမ်ကျေးရွာ မြောက်ဘက်မှာရှိတဲ့ PNLO တပ်စခန်းကို လာရောက် တိုက်ခိုက်လို့ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ PNLO က ထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ပွဲ အပြီး RCSS တပ်ဖွဲ့တွေက နမ့်ယမ်နဲ့ လွယ်ခွင်ကျေးရွာတွေထဲကို ဆုတ်ခွါ တပ်စွဲပြီး PNLO တပ်ဖွဲ့ဝင်တွေ လိုက်မတိုက်ခိုက်နိုင်အောင် အဲ့ဒီ ရွာ ၂ ရွာက လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ တိုက်ပွဲဖြစ်တဲ့ နေရာကနေ ဆုတ်လာတော့ အဲ့ဒီရွာထဲကို ဝင်နေတယ်။ ပြီးတော့ ရွာသားတွေကို တစ်ယောက်မှ ရွာအပြင် မပေးထွက်ဘူး။ ရှောင်လည်း မပေးရှောင်ဘူး။ အကုန်ရွာထဲမှာပဲ နေခိုင်းတယ်။ ၂ ရွာစလုံးကလည်း ပအိုဝ်းရွာတွေ ဆိုတော့ ပအိုဝ်းတပ်ဖြစ်တဲ့ PNLO တွေလိုက်လာရင် သူတို့ကို ပစ်လို့မရအောင် ရွာသားတွေကို အကာအကွယ်ယူတဲ့ ပုံစံ လုပ်တာထင်တယ်” လို့ ဟိုနမ့် ဒေသခံ တစ်ဦးက ပြောပါတယ်။

RCSS တပ်ဖွဲ့ဟာ ရွာထဲကို ဆုတ်ခွါသွားပြီး အင်းအားဖြည့်တင်းကာ ရွာသားတွေကို အကာအကွယ် ယူထားတယ်လို့ PNLO တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောပါတယ်။

“ရွာသားကို ဒိုင်းသဖွယ် အသုံးပြုနေတာလေ။ ကျွန်တော်တို့က ပအိုဝ်းတပ်ဆိုတော့ ရွာထဲထိ လိုက်ပစ်ရင်လည်း PNLO က ပအိုဝ်းရွာကို ပြန်ပစ်နေတယ်ဆိုပြီး စွပ်စွဲမှာလေ။ အဲ့ဒါကြောင့် သူတို့ကို ရွာသားတွေကို အပြင်မပေးထွက်၊ တိုက်ပွဲလည်း မပေးရှောင်ဘဲ ရွာထဲမှာပဲ သူတို့စုထားတာပေါ့။ ရွာသားတွေကို ပြန်ပေးဆွဲ တယ်လို့ ပြောရမလား၊ ဓားစာခံ လုပ်တယ်လို့ ပြောရမလား အဲ့လိုသဘောပဲ” လို့ PNLO တပ်မှူး တစ်ဦးက ပြောပါတယ်။

အခုလို RCSS က ရွာတွေထဲ တပ်ဝင်စွဲတာ၊ ရွာသားတွေကို အပြင်ပေးမထွက်တာတွေနဲ့ ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ် မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေတာ မရှိခဲ့ပါဘူး။

မောက်မယ်မြို့နယ်၊ မယ်ဟိုနမ့်ကျေးရွာအုပ်စုဟာ အရင်က PNO ပြည်သူ့စစ်နဲ့ PNLO တပ်ဖွဲ့တွေသာ ရှိတဲ့နေရာ ဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်ကစပြီး မြောက်ပိုင်းကနေ ဆုတ်ခွာလာတဲ့ RCSS က PNO ပြည်သူ့စစ်နဲ့ သဘောတူညီမှု ပြုလုပ်ပြီး ဝင်ရောက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဟိုနမ့်အုပ်စုမှာရှိတဲ့ လွယ်ဆမ်စစ်၊ ပင်တခွါး၊ နမ့်ဟိတ် စတဲ့ PNO ပြည်သူ့စစ်စခန်းတွေမှာ RCSS က ၂၀၂၂ ခုနှစ်ကုန်ပိုင်း ကတည်းက ဝင်ရောက် တပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလမှာလည်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ RCSS က နယ်မြေ ကျူးကျော်လာလို့ PNLO နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် RCSS က ထောင်ထားတဲ့ မိုင်းကို ဒေသခံ ၃ ဦးက နင်းမိလို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့လည်း PNLO ကပြောဆိုထားပါတယ်။

RCSS နဲ့ PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်-NCA မှာ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#မောက်မယ်မြို့နယ်

#RCSS

#PNLO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ