မြန်မာ့နွေဦး

PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားပြီး တပ်မဟာအဆင့်စုဖွဲ့မှုတွေ မကြာခင် ဆောင်ရွက်မယ်လို့ ကာဝန်ဦးရည်မွန် အသိပေး

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားပြီး အမိန့်ပေး ကွပ်ကဲမှုစနစ်နဲ့ စစ်ရေး ဆောင်ရွက်ချက်‌တွေ ပိုမို ထိရောက်စေဖို့ တပ်မဟာအဆင့် စုဖွဲ့မှုတွေကို မကြာခင်မှာ စတင် ဆောင်ရွက်ဖို့ ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီကနေ့ အသိပေးလိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားပြီး အမိန့်ပေး ကွပ်ကဲမှုစနစ်နဲ့ စစ်ရေး ဆောင်ရွက်ချက်‌တွေ ပိုမို ထိရောက်စေဖို့ တပ်မဟာအဆင့် စုဖွဲ့မှုတွေကို မကြာခင်မှာ စတင် ဆောင်ရွက်ဖို့ ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီကနေ့ အသိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်နေ့မှာ အပတ်စဉ် PDF ရဲဘော်တွေကို ပြောကြားတဲ့ ရေဒီယို မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့တာပါ။

“ စစ်အုပ်စုနဲ့ လမ်းခွဲပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့ရုံမက အခုဆိုရင် PDF တပ်မတော်မှာ ပါဝင်ပြီး ကျရာတာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်သား အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ဒီကနေ့မှာ တပါတည်း ချီးကျူး ဂုဏ်ပြုလိုတယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။

PDF တပ်မတော်မှာ ကျရာတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သား အရာရှိတွေနဲ့ ရဲဘော်တွေ အနေနဲ့ လက်ရှိ တော်လှန်ရေး တာဝန်သာမက အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ထူထောင်ရာမှာ အရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင်ရဖို့ ရှိတယ်ဆိုတာ အသိပေးလိုတယ်လို့ သူကပြောပါတယ်။

“ ရန်သူမှာ လူအား မရှိတော့ဘူး။ စိတ်ဓာတ်အား မရှိတော့ဘူး။ လက်နက်အားကိုး တစ်ခုနဲ့ လေကြောင်းက အလစ်ငိုက်တိုက်ခိုက်ဖို့၊ စစ်ကြောင်းဖွဲ့ပြီး အရပ်သား အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့၊ အပြစ်မဲ့ ပြည်သူတွေကို ညှဉ်းပမ်း သတ်ဖြတ်ဖို့ ဒီအလုပ်ပဲ လုပ်နိုင်တော့တယ်။ ဒီအလုပ်ပဲ လုပ်တတ် တော့တယ်။ ငါတို့ ရဲဘော်တွေ အနေနဲ့ ရန်သူကို စစ်ကြောင်းလိုက်ပြုတ်အောင် ဝိုင်းပတ်ချေမှုန်းနိုင်နေပြီ ဆိုတာလည်း စစ်ရေးအရ အင်မတန် အရေးကြီးတဲ့ တိုးတက်မှုပဲ ဖြစ်တယ်” လို့ ဦးရည်မွန်က ပြောပါတယ်။

တော်လှန်ရေး ၂ နှစ်ပြည့်ချိန်မှာ ကာကွယ်ရေးဘက်က ကြည့်ပါက သိသာထင်ရှားတဲ့ ရလဒ် နှစ်ခု ပေါ်ထွက်ခဲ့ပြီလို့ သူက ပြောပါတယ်။

“ ဒီတော်လှန်ရေး ၂ နှစ်ပြည့်ချိန်မှာ ကာကွယ်ရေးဘက်ကကြည့်ရင် သိသာထင်ရှားတဲ့ ရလဒ် နှစ်ခု ပေါ်ထွက်ခဲ့ပြီလို့ ဆိုရမယ်။ တစ်ခုက ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ကို ထူထောင်နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်။ နောက်တခုက PDF တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများကြား စုစည်း ညီညွတ်မှုနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်” လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

လက်ရှိ PDF တပ်မတော်မှာ တပ်ရင်း ၃၀၃ ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ အနေနဲ့ မြို့နယ်ပေါင်း ၂၆၀ မှာ ဖွဲ့စည်း ထူထောင်နိုင်ခဲ့ပြီဖြစ်ကာ ရဲဘော်တွေ အနေနဲ့ ထိုက်သင့်တဲ့ စစ်ပညာနဲ့ ထိုက်သင့်တဲ့ စစ်ရေး အတွေ့အကြုံ ရရှိခဲ့ပြီးဖြစ်သလို PDF ရဲ့ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်လောင်း အမြောက်အမြား ပေါ်ထွက်လာတဲ့ အတွက်လည်း ဂုဏ်ယူတယ်လို့ ဝန်ကြီးက ဆက်လက်ပြောကြားပါတယ်။

“ ဒီတစ်ကြိမ် အာဏာသိမ်းမှုဟာ စစ်အုပ်စု အနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့ လုပ်ရပ်လို့ ပြောရမှာ ဖြစ်တယ်။ အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ နီးသထက်နီးလာပြီ။ စစ်မြေပြင်က ငါတို့ရဲဘော်တွေကတော့ ရန်သူမှာ လေကြောင်းသာ မရှိရင် ငါတို့နိုင်နေပြီလို့ ပြောလေ့ရှိကြတယ်။ ဒီစကားဟာ အမှန်တရားပဲ ဖြစ်တယ်” လို့ ပြည်ထောင်စုဝန်ကြီး ကပြောပါတယ်။

ဒါ့အပြင် တစ်ယောက်တစ်ပေါက် ဖြစ်တာတွေ၊ အချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ အားပြိုင်တာတွေ၊ ဗိုလ်လုပ် ချင်သူ များနေတာတွေနဲ့ သွေးကွဲမယ်ဆိုရင် ပြည်သူကို အားလျော့စိတ်ပျက်စေမှာ ဖြစ်တဲ့ အတွက် ပြည်သူ့မျက်နှာ ထောက်ထားပြီး ညီညွတ်ကြရမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။

MK-003
#MekongNews
#ဦးရည်မွန်
#PDF
#တပ်မဟာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။