မြန်မာ့နွေဦး

Local PDF တွေကို ပြန်ကြည့်ပေးဖို့ တော်လှန်ရေး အင်အားစုတွေ NUG ကို တောင်းဆို

မဲခေါင် 11 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၁ အမျိုးသားညီညွတ်ရေး အစိုးရ-NUG အနေနဲ့ Local PDF တွေအတွက် ထည့်သွင်းစဉ်းစားပေးပြီး ချိတ်ဆက် ဆောင်ရွက်ဖို့ ကြိုးစားစေချင်တယ်လို့ နယ်မြေခံ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုနေပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၁

အမျိုးသားညီညွတ်ရေး အစိုးရ-NUG အနေနဲ့ Local PDF တွေအတွက် ထည့်သွင်းစဉ်းစားပေးပြီး ချိတ်ဆက် ဆောင်ရွက်ဖို့ ကြိုးစားစေချင်တယ်လို့ နယ်မြေခံ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုနေပါတယ်။

စစ်အာဏာရှင် တော်လှန်ရေး အတွက် မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ဒေသတွင်း တော်လှန်ရေး အင်အားစု Local PDF တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး NUG အစိုးရက အရေးတယူ ထည့်သွင်းစဉ်းစားတာ မရှိဘူးလို့ တော်လှန်ရေး အင်အားစု တချို့က သုံးသပ်နေတာ ဖြစ်ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့က NUG ထုတ်ပြန်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထား ပူးတွဲ ထုတ်ပြန်ချက်မှာ ပါ၀င်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ထောင်မယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော်လှန်ရေး အင်အားစုတွေက အခုလို ပြောဆိုလိုက်တာပါ။

“Local PDF တွေ အတွက်တော့ သူတို့မှာ နေရာရှိမယ့်ပုံ မပေါ်ဘူး။ ၂ နှစ်ကျော်ကာလ ၃ နှစ် ပြည့်တော့မယ့် အချိန် အတိုင်းအတာ အတွင်းမှာ Local PDF တွေအတွက် သပ်သပ် မူဝါဒ ချမှတ်ပေးထားတာမျိုး မရှိဘူး။ သူတို့အနေနဲ့ ဘယ်လိုအခန်းကဏ္ဍ အနေနဲ့ ပါဝင်ပါလို့ ပြောထားခြင်း မရှိဘူး။ ကျွန်တော်တို့က တချို့ ကိစ္စလေး တွေမှာ သွားပြီးတော့ ညှိနှိုင်းရတာပေါ့” လို့ မကွေးတိုင်း အခြေစိုက် အနောက်လွင်ပြင် LPDF တာဝန်ခံ တစ်ဦးက ဆိုပါတယ်။

NUG ဟာ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထားလို့ ထုတ်ပြန်ထားပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG လက်အောက် မဟုတ်တဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြောဆိုတာ မရှိဘူးလို့ နယ်မြေခံ တော်လှန်ရေး အဖွဲ့တွေက ဆိုပါတယ်။

မြေပြင်မှာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ NUG လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေထက် တိုက်ပွဲတွေနဲ့ ပိုမိုထိတွေ့ နေရသလို ဒေသခံတွေနဲ့ ပိုပြီးနီးစပ်မှုရှိတာကြောင့် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ရှင်းလင်းမှုတွေကို ပိုပြီး ခံစားနေရတယ်လို့လည်း Local PDF အဖွဲ့ တချို့က ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာရှိတဲ့ တော်လှန်ရေး အင်အားစု တချို့တွေကြားမှာ NUG လက်အောက်ခံတပ် တွေနဲ့ အဆက်အသွယ်ရှိတဲ့ တော်လှန်ရေး အင်အားစု တချို့ဟာ အခြား နယ်မြေခံ PDF တပ်ဖွဲ့တွေကို အချင်းချင်း ခွဲခြားဆက်ဆံတာနဲ့ ဖိနှိပ်တာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပြပါတယ်။

လက်ရှိအချိန်မှာ NUG အစိုးရ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ နယ်မြေခံ PDF တွေကြားမှာ နယ်မြေ အပိုင်းအခြားနဲ့ ဆိုင်တဲ့ ပဋိပက္ခတွေအပြင် PDF အချင်းချင်း ပြန်လည်တိုက်ခိုက်တဲ့ ပဋိပက္ခတွေအထိ ဖြစ်ပွားနေတာတွေလည်း ရှိနေပါတယ်။

အခုနှစ် ဩဂုတ်လ အစပိုင်းမှာပဲ မြင်းခြံခရိုင် တပ်ရင်း (၅) MG-6 (မြင်းခြံ) တပ်ဖွဲ့နဲ့ ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဒေသ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ကြားက မပြေလည်မှုတွေကြောင့် အချင်းချင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီမတိုင်ခင် ဩဂုတ်လ ၃ ရက်နေ့မှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ NUG ပြည်ထဲရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ ပအဖ ကို မကျေနပ်လို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ခင်ဦး အခြေစိုက် Local PDF အဖွဲ့ တစ်ခုကတော့ NUG အနေနဲ့ နယ်မြေခံတွေနဲ့ ၎င်းတို့လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေကို ခွဲခြားမှု မရှိဘဲ အားလုံး စည်းလုံးညီညွတ်အောင် ပေါင်းစည်းနိုင်မှသာ NUG က ပြောထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ထောင်ရေးဟာ ပိုပြီး ခရီးရောက်မယ်လို့ သုံးသပ်ပါတယ်။

“ဒီဘက် နယ်မြေတွေမှာဆို Local တွေကပဲ လုပ်ငန်းလုပ်နေရတာ များတယ်။ တပ်ရင်းတွေ၊ ပကဖ တွေကလည်း ရောက်လာတာ နောက်ကျတာတွေရှိတယ်။ တပ်ရင်းတွေ၊ ပကဖတွေက သူတို့လုံခြုံတဲ့ နေရာမှာပဲ နေတာလေ။ ဒီတိုင်းကြီး သွားနေရင်တော့ လွယ်လွယ်နဲ့ မရနိုင်ဘူးပေါ့နော်။ နယ်မြေခံတွေရော တပ်ရင်း တပ်ဖွဲ့တွေရော အကုန်လုံး စည်းစည်းလုံးလုံးနဲ့ သွေးမကွဲဘဲနဲ့ သွားတယ် ဆိုရင်တော့ ဖက်ဒရယ် တပ်မတော်ကိုတော့ တည်ထောင်နိုင်မှာပါ။ အောင်မြင်မှာပါ” လို့ နယ်မြေခံ ဘီလုံးငှက် ပြောက်ကျားတော် လှန်ရေးတပ်ဖွဲ့ တာဝန်ခံက သုံးသပ်ပါတယ်။

ခင်ဦးမြို့နယ်မှာတော့ NUG လက်အောက်ခံ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေနဲ့ နယ်မြေခံ တပ်ဖွဲ့တွေကြားမှာ ပဋိပက္ခ မရှိဘဲ အချင်းချင်းညှိနှိုင်းပြီး စစ်အာဏာရှင် တော်လှန်ရေးကို လက်တွဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Local PDF အဖွဲ့တွေ အပါအဝင် NUG နဲ့ စစ်ရေး၊ နိုင်ငံရေး မိတ်ဖက် အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး ပေါင်းစည်းနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုကြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတဲ့ လူထုတော်လှန်ရေး မဟာမိတ် အင်အားစု PRA – Magway ကလည်း Local PDF တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ NUG လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေ စတဲ့ ဘုံရန်သူတူညီတဲ့ အစုအဖွဲ့တွေ အားလုံး သွေးစည်းညီညွတ်မှု ရရင်တော့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ဆောက်နိုင်မယ်လို့ သုံးသပ်ပါတယ်။

“ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့ နေရာမှာ ဖက်ဒရယ် တပ်မတော်သည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ် ဆိုတာကို အပြည့်အဝ လက်ခံပြီးသား ဖြစ်ပါတယ်။ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး အတွက်ကို NUG တစ်ခုတည်းတင် မဟုတ်ဘဲ အားလုံး သွေးစည်းညီညွတ်မှုနဲ့ တည်ဆောက် နိုင်မယ်ဆိုရင် ဖက်ဒရယ် တပ်မတော်ကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ People’s Alliance Army – PRA မကွေးရဲ့ နိုင်ငံရေးမှူးက ပြောပါတယ်။

အားလုံး သွေးစည်းညီညွတ်မှုကို တည်ဆောက်ဖို့ အတွက် ဆိုရင် NUG တစ်ခုတည်းက ချိတ်ဆက် စည်းရုံးနေရမှာ မဟုတ်ဘဲ စစ်အာဏာရှင်ဆိုတဲ့ ဘုံရန်သူ တူညီပြီးသား အဖွဲ့အစည်း အသီးသီးကလည်း မိမိတို့ ကဏ္ဍအလိုက် သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ပြီး ဘုံနိုင်ငံရေး သဘောထား၊ ဘုံရပ်တည်ချက် သဘောထားတွေကို တဆင့်ချင်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

PRA မကွေး အနေနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရခြင်းဟာ အုပ်ချုပ်သူ အပြောင်းအလဲ၊ အစိုးရ အပြောင်းအလဲ အတွက် မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် စနစ်တွေကို အပြောင်းအလဲ ဖြစ်ချင်တာလို့ ဆိုပါတယ်။

NUG အနေနဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးကို မဆုတ်မနစ် ကြံ့ကြံ့ခံ တွန်းလှန် ဆင်နွှဲလျက်ရှိတဲ့ တိုင်းရင်းသား ပြည်သူလူထု အပေါင်းနဲ့ လက်တွဲပြီး စုပေါင်း ခေါင်းဆောင်မှု၊ စုပေါင်း တာဝန်ယူမှုတွေနဲ့ နောက်မဆုတ်စတမ်း၊ မတွေဝေစတမ်း ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

တော်လှန်ရေးရဲ့ အဓိက ပန်းတိုင်ဖြစ်တဲ့ အသွင်သဏ္ဍာန် သာမက အနှစ်သာရပါ ပြည့်စုံတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို လက်တွေ့ ကျင့်သုံးနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်ရှိ စစ်တပ် အာဏာသိမ်းယူထားတာ အပြီးတိုင်ဖယ်ရှားသွားမယ်လို့ NUG က ထုတ်ပြန်ထားတာပါ။

NUG က အခုလို ပြောနေပေမယ့် ဖက်ဒရယ် ပြည်ထောင်စုကို အမှန်တကယ် တည်ဆောက်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အပါအဝင် နယ်မြေခံ လက်နက်ကိုင် တပ်ဖွဲ့တွေ၊ တပ်ပေါင်းစုတွေ အားလုံးနဲ့အတူ မူဝါဒ တစ်ခု ခိုင်ခိုင်မာမာ ချမှတ်ပြီး တွေ့ဆုံ ဖွဲ့စည်း ညှိနှိုင်းနိုင်ဖို့ လိုအပ်နေပြီလို့ တော်လှန်ရေး အင်အားစုတွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင် NUG အစိုးရအဖွဲ့ဝင်တွေ အနေနဲ့လည်း အထက်အောက် အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ အပါအဝင် မြေပြင်မှာရှိတဲ့ လက်အောက်ခံ အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေ ပိုအားကောင်း လာအောင် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ တော်လှန်ရေး အင်အားစုတွေက အကြံပြု တောင်းဆိုနေပါတယ်။

MK–009

#MekongNews

#Local_PDF

#NUG

#ဖက်ဒရယ်ဒီမိုကရေစီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now