မြန်မာ့နွေဦး

KNU နယ်မြေမှာ စစ်ဘေးရှောင်နေရတဲ့ရွာတွေကို တောမီးကူးစက်တာကြောင့် နေအိမ် ၁၅၇ လုံး မီးလောင်ပြာကျ

မဲခေါင် 16 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၆ ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်-ခလယ်လွီထူခရိုင် အတွင်း စစ်ကောင်စီတပ်မှ လေယာဉ်နဲ့ ဗုံးကြဲတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ကျေးရွာတွေမှာ တောမီးလောင်မှုမှတစ်ဆင့် မီးကူးပြီး နေအိမ် ၁၅၇ လုံးခန့် မီးလောင်ပြာကျ ခဲ့တယ်လို့ ကေအဲန်ယူ−ဗဟိုက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်-ခလယ်လွီထူခရိုင် အတွင်း စစ်ကောင်စီတပ်မှ လေယာဉ်နဲ့ ဗုံးကြဲတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ကျေးရွာတွေမှာ တောမီးလောင်မှုမှတစ်ဆင့် မီးကူးပြီး နေအိမ် ၁၅၇ လုံးခန့် မီးလောင်ပြာကျ ခဲ့တယ်လို့ ကေအဲန်ယူ−ဗဟိုက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က ကေအဲန်ယူ-မူးမြို့နယ် အုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကြောင်ပြာ ကျေးရွာမှာ တောမီးလောင်ရာမှ တစ်ဆင့် ကျေးရွာအတွင်းသို့ မီးစွဲသွားပြီး အိမ်ခြေ ၂၂၀ ကျော်ရှိတဲ့ အနက် အိမ်ခြေ ၁၅၀ ဝန်းကျင်ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာလည်း တောမီးလောင်ရာမှတစ်ဆင့် ကော့ပျင်းကျေးရွာ အတွင်းသို့ မီးကူးသွားပြီး အိမ်ခြေ ၅၁၃ လုံးရှိတဲ့ အနက် ၇ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မီးစွဲလောင်ခံရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ရွာလုံးကျွတ် ထွက်ပြေးခဲ့တဲ့ အချိန်မှစပြီး စစ်ကောင်စီတပ်တွေ ကျေးရွာတွင်းသို့ ဝင်ရောက် မွှေနှောက်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ပြည်သူ တစ်ဦးဦးကို တွေ့ရှိပါက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို စစ်တပ်က ပြုလုပ်တာကြောင့် ကျေးရွာ‌နေ ပြည်သူတွေဟာ အခုအချိန်အထိ ကျေးရွာတွင်းသို့ ပြန်မနေရဲကြဘဲ ကျေးရွာအတွင်း အမှိုက်သရိုက် သစ်ရွက်ခြောက်တွေ ပြည့်နှက်နေတာကြောင့် အခုလို လွယ်ကူစွာ မီးစွဲလောင်ခံရတာလို့လည်း သိရပါတယ်။

ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)၊ လယ်ဒိုမြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က မနေ့က ညနေ ၅ နာရီခွဲမှာ လေယာဉ် ၂ စင်းနဲ့ ဗုံး ၄ လုံးကြဲချတဲ့အပြင် အော်လီဂန်းတွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးခဲ့တာ မရှိဘူးလို့ သိရပါတယ်။

MK-003

#MeKongNews

#ကော်သူးလေနယ်မြေ #မီးလောင် #လူ့အခွင့်အရေးချိုးဖောက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက