ဒေသတွင်းသတင်း

KIO ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထုတ်ပြန်

မဲခေါင် 6 May - 2023
မဲခေါင်၊ မေ ၆ ၂၀၂၂-၂၃ ပညာသင်နှစ် အတွက် ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ KIO ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို KIO ပညာရေးဌာနက ဒီကနေ့ မေလ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မေ ၆

၂၀၂၂-၂၃ ပညာသင်နှစ် အတွက် ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ KIO ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို KIO ပညာရေးဌာနက ဒီကနေ့ မေလ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စာမေးပွဲ ဖြေဆိုသူ ၂,၇၃၅ ဦးအနက် ၁,၄၃၇ ဦး အောင်မြင်ပြီး အောင်ချက် ရာခိုင်နှုန်း ၅၂ ဒသမ ၄၅ ရှိကာ အမှတ်အများဆုံးရတဲ့ ကျောင်းသား/သူ ၁၀ ဦးကို ပူးတွဲဖော်ပြထားတယ်လို့ အောင်စာရင်း သွားကြည့်တဲ့ ကျောင်းသား တစ်ဦးက ပြောပါတယ်။

“ ရိုးရိုးအောင်တဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ မအောင်တဲ့ သူတွေလည်း အများကြီးပဲရှိတယ်။ အခုက မိုင်ဂျာယန် သွားတက်ရမလား၊ ဒီမှာပဲ (လိုင်ဇာ) တက်ရမလား စဉ်းစားနေတုန်းပဲ” လို့ ဂုဏ်ထူး တစ်ဘာသာနဲ့ အောင်မြင်သူ ကျောင်းသား တစ်ဦးက ပြောပါတယ်။

ဂုဏ်ထူးနဲ့ အောင်မြင်သူ ၂၄၁ ဦးရှိ‌ပြီး ပထမ ရရှိသူမှာ Dashi Jai Lat Awng ဆိုသူ ကျောင်းသားဖြစ်ကာ English၊ Maths၊ Bio၊ Physics၊ Chemistry ၅ ဘာသာ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဒီစာမေးပွဲကို ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ကျောင်သားတွေ အများဆုံး ဝင်ရောက် ဖြေဆိုခဲ့ပြီး Bio၊ Eco၊ Art ဆိုတဲ့ အထူးပြု ဘာသာရပ် ၃ မျိုးခွဲ ဖြေဆိုခဲ့ရကြောင်း သိရပါတယ်။

မြန်မာစာ ဂုဏ်ထူးရ ကျောင်းသား မရှိပေမယ့် Eco ဂုဏ်ထူးရ ကျောင်းသားပေါင်း ၁၆၇ ဦးအထိရှိပြီး Maths တစ်ဦး၊ Hist ၂ ဦး၊ Geog ၃ ဦး၊ Chem ၁၉ ဦး၊ Phys ၂၈ ဦး၊ Bio ၄၀ ဦးအထိ ဂုဏ်ထူးများရရှိ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

CJ – 006

#MeKongNews

#KIO

#တက္ကသိုလ်ဝင်တန်း

#စာမေးပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့