မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

မဲခေါင် 15 May - 2024
KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

မဲခေါင်၊ မေ ၁၅

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

“ ကျနော့်မှာလည်း အချိန် ပြဿနာပဲ။ အဲဒီ တစ်ချိန်ထဲမှာပဲ တိုက်ပွဲဝင်မလား၊ ဆေးကုမလား ဆိုတော့ ကျနော်က တိုက်ပွဲဝင်ဖို့ ရွေးလိုက်တာ ဟုတ်တယ်။ နာမကျန်း ဖြစ်တာကို အောင့်အည်း တိုက်ပွဲကို ဦးစားပေးလိုက်တာ။ ဆေးကု မသွားဘဲနဲ့ တိုင်းရင်းဆေးနဲ့ပဲ ထိန်းလိုက်တာ။ အခုက နည်းနည်း ပင်ပန်းလာတော့။ (တိုက်ပွဲလည်း) တဝက်နီးပါး ပြီးနေပြီဆိုတော့ ဘယ်လို ဖြစ်လာမလဲဆိုတာတော့ မသိတော့ဘူး” လို့ ပြောခဲ့ပါတယ်။

အကယ်လို့ ဆေးကုမယ်ဆိုရင် သက်သာသွားမှာကို သိပေမယ့် သူ့အတွက် ကိုယ်ကျိုးကို မကြည့်ဘဲနဲ့ လူအများအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်လို့ နောက်ဆုံး အသက်ဆုံးတဲ့ အထိ တော်လှန်ရေးမှာ ပါဝင်သွားတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“ ၂၀၂၂ ခုနစ်ကတည်းက ဆေးကုတာကို အားဖြည့်လိုက်ရင်တော့ လွယ်ကောင်း လွယ်မှာပေါ့။ ဒါပေမယ့် အဲဒီအချိန်ကျမှ ပိုအရေးကြီးဖြစ်လာတော့ ဆေးကုဖို့ကို စိတ်ထဲ ထည့်မထားနိုင်တော့ဘူး။ အခု ဒီနှစ်တော့ ၁ နှစ် နဲ့ ၆ လ ဖြစ်သွားတော့” လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ပြောပြခဲ့ပါတယ်။

တိုက်ပွဲ မစခင်ကတည်းက KIO/KIA ဌာနချုပ်အနီး ဝန်းကျင်က ဆမား၊ နာဖော့၊ ခယာဘွမ်၊ ဘွမ်ရေဘွမ်၊ ဖွန်းပျန်ဘွမ်၊ စိန်လုံ၊ ယောယုံ စတဲ့ စစ်ကောင်စီ စခန်းတွေကို ရှင်းလင်းသွားမှာဖြစ်ကြောင်း ပြောခဲ့တဲ့အတိုင်း ရအောင် လက်တွေ့ အကောင်အထည် ဖော်သွားခဲ့တာကို တွေ့ရတယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ ဒါပေမယ့် ကျေနပ်ပါတယ်။ အများကြီး လုပ်ပေးနိုင်ခဲ့ပြီ” လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက သူ့ရဲ့ လုပ်ဆောင်ခဲ့မှုအပေါ် ရောင့်ရဲ ခဲ့ကြောင်းလည်း ပြောထားခဲ့ပါတယ်။

စစ်ဦးစီးချုပ် တာဝန်ပေးလိုက်တဲ့ အချိန်ကစ နာမကျန်းဖြစ်၊ အသည်းကင်ဆာဖြစ်နေတာ သိပေမယ့် သူက ဆေးကု မသွားဘဲနဲ့ အများပြည်သူအတွက် တော်လှန်ရေးကို အချိန်ပေးပြီး စိတ်ဆုံးဖြတ်ချက်ချလိုက်တာကို လေးစား ဂုဏ်ယူကြောင်း နဲ့ တော်လှန်ရေးမှာ စံနမူနာ အတုယူစရာ၊ စိတ်ဓာတ်အင်အား ရစရာ ဖြစ်စေခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းကို သိသူတွေက ပြောပါတယ်။

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ညနေ ၆ နာရီ ၂၃ မိနစ်မှာ အသည်းကင်ဆာကြောင့် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတာဖြစ်ပါတယ်။

CJ-008

Photo- Gidawn Brang

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now