မြန်မာ့နွေဦး

FOEIM ကျောင်းဖြစ်စဉ် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဥပဒေအရ အရေးယူမယ်လို့ NUG ထုတ်ပြန်

မဲခေါင် 10 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ Free Online Education Institution Myanmar-FOEIM ကျောင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု ဥပဒေအရ ဆက်လက် အရေးယူသွားမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

Free Online Education Institution Myanmar-FOEIM ကျောင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု ဥပဒေအရ ဆက်လက် အရေးယူသွားမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Free Online Education Institution Myanmar ကျောင်းရဲ့ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ သတင်းမထွက်ခင်ထဲက ကြားသိရမှုနဲ့ သတင်းပေးပို့မှုတွေကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲက ဝန်ကြီးဌာနရဲ့ ကော်မတီ အစည်းဝေးမှာ စတင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို စုံစမ်းခဲ့ရာ ကြားနာစုံစမ်းရေးအဖွဲ့ရဲ့ အကြံပြုချက်အတိုင်း FOEIM ပညာသင်ကြားမှုကို ရပ်တန့်မှု မဖြစ်ပေါ်စေဖို့အတွက် ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းတည်ထောင်သူ ကိုခန့်သူမှာ တာဝန်ရှိကြောင်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ကိုခန့်သူ က ဆရာ ဆရာမတွေကို လစဉ် Data Support တွေကို ဆက်လက်ပေးဆောင်မှု မပြုတာကို တွေ့ရပြီး Social Media မှာ ကျောင်းသား ကျောင်းသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ပြဿနာ ဖြစ်ပွားခဲ့တဲ့ ကျောင်းတည်ထောင်သူ ကိုခန့်သူနဲ့ ရုံးအဖွဲ့တို့က ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းပြီး ကိုယ့်သဘောဆန္ဒအတိုင်း လုပ်ဆောင်ခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ FOEIM ကျောင်း ၂ ကျောင်း ကွဲသွားပြီး ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ကျောင်းလခတွေ ကောက်ခံပြီး ဆရာ ဆရာမတွေကို Data Support အတွက် ငွေကြေးတာဝန်ယူမှု မရှိတဲ့ ကိုခန့်သူနဲ့ ကျောင်းပညာရေး ပျက်စီးအောင်ပြုလုပ်တဲ့သူတွေ အကုန်လုံးကို ပညာရေးဝန်ကြီးဌာနက အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု-Transitional Justice အရ သက်ဆိုင်ရာ ဥပဒေတွေအတိုင်း ဆက်လက် အရေးယူသွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

MK-003

#MeKongNews

#FOEIM

#အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု

#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက