မြန်မာ့နွေဦး

Danger Force LPDF အလှူငွေရရှိမှုနဲ့ သုံးစွဲမှုကို ပြည်သူထံ အစီရင်ခံတင်ပြ

မဲခေါင် 24 Jan - 2023
မဲခေါင်၊‌ ဇန်နဝါရီ ၂၄ အညာဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ Danger Force LPDF က ၂၀၂၂ ခုနှစ်၊ ဇွန်လ မှ ဒီဇင်ဘာလအထိ တပ်ဖွဲ့တွင်း လှူဒါန်းငွေ ရရှိမှုနဲ့ ခွဲဝေသုံးစွဲမှုတွေကို ပြည်သူတွေ သိရှိစေဖို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊‌ ဇန်နဝါရီ ၂၄

အညာဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ Danger Force LPDF က ၂၀၂၂ ခုနှစ်၊ ဇွန်လ မှ ဒီဇင်ဘာလအထိ တပ်ဖွဲ့တွင်း လှူဒါန်းငွေ ရရှိမှုနဲ့ ခွဲဝေသုံးစွဲမှုတွေကို ပြည်သူတွေ သိရှိစေဖို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

Danger Force တပ်ဖွဲ့ရဲ့ ရန်ပုံငွေထဲမှ ၁ ရာခိုင်နှုန်းကိုသာ ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေအတွက် အသုံးပြုထားကာ ကျန်ပမာဏကို လက်နက်ခဲယမ်းအတွက် အဓိကထား အသုံးပြုနေတယ်လို့ သိရပါတယ်။

M-16 A1 တလက် ဝယ်ယူတာကြောင့် ရန်ပုံငွေရဲ့ တဝက်နီးပါးထိ ကုန်ကျခဲ့ပြီး အခြားတိုက်ပွဲဝင်ပစ္စည်း‌ တွေဖြစ်တဲ့ ဒရုန်း၊ မိုင်းထုတ်လုပ်ရေးနဲ့ အီကွေ့မင့်‌တွေ အတွက် ကျန်ရန်ပုံငွေတဝက်ထဲမှ သုံးစွဲခဲ့ရပြီး အစွန်းထွက် ပမာဏကိုသာ နေ့စဉ်ရိက္ခာအတွက် အသုံးပြုနေတယ်လို့ Danger Force LPDF က ရှင်းလင်းတင်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ MAC ရဲ့ လှူဒါန်းငွေ ရရှိမှု အပါအဝင် ရရှိမှုမှာ ၃၇,၆၄၆,၄၄၃ ကျပ် ဖြစ်ပြီး သုံးစွဲမှုမှာ ၃၇,၇၂၈,၈၀၀ ကျပ် ဖြစ်တယ်လို့ တပ်ဖွဲ့က အသေးစိတ်တွက်ချက် ထုတ်ပြန် အစီရင်ခံထားပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ အတွက် လစဉ် လှူဒါန်းပေးတဲ့ ပြည်တွင်း ပြည်ပမှ မိဘပြည်သူတွေကို Danger Force LPDF မှ ကျေးဇူး အထူးတင်ရှိတယ်လို့လည်း ဆိုပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။