မြန်မာ့နွေဦး

CDM မူဝါဒစာတမ်း ကြေညာပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ CDM မှာ ပါဝင်မှုများလာ

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၅ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မူဝါဒ စာတမ်း ထုတ်ပြန်ပြီးတဲ့နောက် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတချို့ CDM မှာ ပါဝင်လာတယ်လို့ တော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မူဝါဒ စာတမ်း ထုတ်ပြန်ပြီးတဲ့နောက် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတချို့ CDM မှာ ပါဝင်လာတယ်လို့ တော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်ပြီး CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို သင့်လျော်သလို ဂုဏ်ပြုမှာ ဖြစ်ပြီး Non CDM တွေကို အရေးယူမယ့် အချက်အလက်တွေ ပါဝင်နေတဲ့ CDM မူဝါဒစာတမ်းကို ဇန်နဝါရီ ၂၀ ရက်မှာ NUCC က ထုတ်ပြန် ကြေညာခဲ့ပြီးနောက် အခုလို CDM ဝင်ရောက်လာသူတွေ များလာတာ ဖြစ်ပါတယ်။

“နယ်မြေအလိုက်တော့ မတူဘူးပေါ့လေ။ စကစ အများကြီး ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ ပြန်ဝင်တာမျိုးတွေ မရှိပေမယ့် တော်လှန်ရေး အစုအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာမှာတော့ ပြန်ဝင်တာမျိုးတွေ ရှိတယ်။ သူတို့ကိုတော့ တချို့မြို့နယ်တွေက အလင်းဝင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စာရင်းမှတ်တမ်း ပြုစုထားတာမျိုးတော့ ရှိပါတယ်။ အခြေခံပညာ ဘက်မှာလည်း ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဆိုရင် ပြန်ပြီးတော့ CDM လုပ်ဖို့ ပြန်ဝင်လာတာ ရှိတယ်” လို့ BEGSC အဖွဲ့ဝင် ဆရာ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

အခုလိုအချိန်မှာ CDM ဝင်ရောက်လာတဲ့ ဝန်ထမ်းတွေကို တချို့ နယ်မြေဒေသ တွေမှာတော့ CDM အဖြစ် အသတ်မှတ်ဘဲ အလင်းဝင် အဖြစ် သတ်မှတ်ထားတာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

မနေ့က ဇန်နဝါရီ ၂၄ ရက်မှာ ဂန့်ဂေါမြို့နယ် အတွင်း ပညာရေး ဝန်ထမ်း ၁၇ ဦးနဲ့ ထွေအုပ်ဝန်ထမ်း တစ်ဦးတို့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။

အဲ့ဒီ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အမှားတွေကို သိရှိရုံသာမက စစ်ကောင်စီရဲ့ ဆိုးဝါး ရက်စက်မှုတွေကို ကိုယ်တိုင်သိရှိပြီး စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် ပြည်သူ့ အုပ်ချုပ်ရေး ခေါင်းဆောင်တွေနဲ့ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ ခေါင်းဆောင်တွေ ရှေ့မှာ အလင်းဝင်ရောက် ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“၁၇ ဦး အလင်းဝင်ရောက်လာတာ ဟုတ်ပါတယ်ဗျ။ CDM ဝင်လာတယ်လို့ မသုံးပါနဲ့ဗျ။ အလင်းဝင်ရောက်တာလို့ သုံးပေးပါဗျ” လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက မဲခေါင်သတင်းကို အတည်ပြု ပြောဆိုပါတယ်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ အနေနဲ့ ပြည်သူနဲ့ ပူးပေါင်းဖို့ ဂန့်ဂေါ ပအဖ အပါအဝင် ပြည်တွင်း ပြည်ပ တော်လှန်ရေး အင်အားစုတွေနဲ့ NUG ကပါ အစွမ်းကုန် တိုက်တွန်း နေပါတယ်။

စစ်ကောင်စီကလည်း CDM ဝန်ထမ်းတွေကို ဖမ်းဆီး ထောင်ချတာ၊ ရိုက်နှက်နှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ အထိ ဖိနှိပ်နေပြီး CDM ဝန်ထမ်းတွေ ပြန်လာဖို့ နည်းမျိုးစုံနဲ့ စည်းရုံးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေး ညွှန်ကြားချက်အရ CDM တွေကို တစ်လအတွင်း အပြီးအပြတ် စစ်ဆေး အရေးယူမယ့် ဆိုတဲ့ စာတစ်စောင် လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်မှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေ အများအပြားရှိခဲ့ပြီး ပညာရေးဌာန တစ်ခုတည်းက ဝန်ထမ်း ၁၅၀,၀၀၀ နီးပါး ရာထူးက ရပ်ဆိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီး ၂၁ လ အကြာအထိ CDM ဝန်ထမ်းအင်အား သိသိသာသာ လျော့မသွားဘဲ စစ်သားနဲ့ရဲ CDM အင်အားကတော့ ၁၀,၀၀၀ ကျော် လာပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ပြောပါတယ်။

မြန်မာ့ CDM လှုပ်ရှားမှုဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်ရတဲ့ အထိ ကမ္ဘာကို လှုပ်ခတ်သွားစေခဲ့ပြီး နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ် ပါမောက္ခ ၆ ဦးက ၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု အမည်စာရင်းမှာ တင်သွင်းပြီး အသိအမှတ်ပြု ခံခဲ့ရတာ ဖြစ်ပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့